Skip to main content

ငြိမ်းချမ်းရေးနှင့် ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရေး အစိုးရ၏ ကြိုးပမ်းချက်များကို နှစ်သက်အားရကြောင်း ပုပ်ရဟန်းမင်းကြီး ပြောကြား


Image may contain: 4 people, people standingအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်အတူယှဉ်တွဲနေထိုင်ရေး ဘာသာရေးအဖွဲ့အစည်းများတွင် အထူးတာဝန်ရှိဟု တိုက်တွန်း
မြန်မာနိုင်ငံအပေါ် ပုပ်ရဟန်းမင်းကြီး၏နားလည်ပေးမှုက ခွန်အားနှင့် မျှော်လင့်ချက်များ သယ်ဆောင်လာခြင်းဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
ငြိမ်းချမ်းရေးနှင့်ပဋိပက္ခများ ကို ကိုင်တွယ်ဖြေရှင်းရန် အစိုးရ၏ကြိုးပမ်းဆောင်ရွက်ချက်များကို နှစ်သက်အားရ ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားလိုက်သည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ယမန် နေ့ညနေပိုင်းက နေပြည်တော်သို့ ကြွရောက်၍ သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့ပြီး MICC (II) ခန်းမ၌ အစိုးရအဖွဲ့ ဝင်များ၊ သံတမန်များနှင့် လူမှုရေးအဖွဲ့အ စည်းခေါင်းဆောင်များအား မိန့်ခွန်းပြောကြားစဉ် ယင်းသို့ ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။လက်ရှိ အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်ချက်များထဲမှ ပင်လုံ ငြိမ်းချမ်းရေးညီလာခံကို အသိအ မှတ်ပြုပြောကြားပြီး ယင်းညီလာ ခံသည် အကြမ်းဖက်ခြင်းကို ချုပ် ငြိမ်းစေရန်၊ အပြန်အလှန် ယုံ ကြည်မှု တည်ဆောက်နိုင်ရန်နှင့် မြန်မာနိုင်ငံတွင် နေထိုင်သူအား လုံး၏အခွင့်အရေးများ လေးစား မှုရှိစေရန် တိုင်းရင်းသားအဖွဲ့ အစည်း အသီးသီးမှ ကိုယ်စား လှယ်များအား ဖိတ်ခေါ်ကာ ဆွေး နွေးစေသည့်ညီလာခံဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောကြား သည်။
ငြိမ်းချမ်းရေး ဖော်ဆောင် ခြင်းနှင့် အမျိုးသားပြန်လည်သင့် မြတ်ရေးလုပ်ငန်းစဉ်တွင် တရား မျှတခြင်းနှင့် လူ့အခွင့်အရေးကို လေးစားမှသာ ရှေ့ဆက်နိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အမျိုးသား ပြန်လည်သင့် မြတ်ရေးနှင့် အတူယှဉ်တွဲနေထိုင် ရေးကို ဖော်ဆောင်သည့်လုပ်ငန်း စဉ်တွင် မြန်မာနိုင်ငံရှိ ဘာသာရေးအဖွဲ့အစည်းများ၌ အထူးတာဝန် ရှိကြောင်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းပြောကြားသည်။
မြန်မာနိုင်ငံ၏ အနာဂတ် သည် ငြိမ်းချမ်းရေးဖြစ်ရမည်ဖြစ် ပြီး မြန်မာနိုင်ငံအဓွန့်ရှည်တည်တံ့ စေရန်လည်း ပုပ်ရဟန်းမင်းကြီး က ဆုတောင်းပေးသည်။
ငြိမ်းချမ်းရေးသည် လူသား တိုင်း၏လူ့ဂုဏ်သိက္ခာနှင့် အခွင့် အရေးကို လေးစားမှု၊ တိုင်းရင်း သားလူမျိုးစုတိုင်းနှင့် ၎င်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာကို လေးစားမှု၊ တရားဥပဒေကို လေးစားလိုက်နာမှု၊ မည်သူ့ကိုမျှ ချန်လှပ်ထားခြင်းမရှိဘဲ အများအကျိုးအတွက် ပံ့ပိုးပေးနိုင်ရန် လူတစ်ဦးစီတိုင်းနှင့် အဖွဲ့တိုင်းအား မြှင့်တင်ပေးသည့်ဒီမိုကရေစီစနစ်ကို လေးစားမှုစသည်တို့အပေါ် အခြေခံကြောင်း ပုပ်ရဟန်း မင်းကြီးက ဆက်လက်ပြောသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သည် ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် အတူ ယှဉ်တွဲနေထိုင်ရေး ဘာသာရေး ဆိုင်ရာ အသုံးအနှုန်းအချို့ကို ၎င်း၏ဆယ်မိနစ်ခန့်ကြာ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသော်လည်း နိုင်ငံတကာ၏ အာရုံစိုက်မှုကို ခံနေသည့် ရခိုင်ပြည်နယ်အရေးကို ထည့်သွင်းပြောကြားခြင်းမရှိပေ။
မတူညီသည့်ဘာသာရေးယုံ ကြည်မှုများသည် စိတ်ဝမ်းကွဲမှု များနှင့် အယုံအကြည်ကင်းမဲ့မှု များကို ဖန်တီးသည့် အရင်းအမြစ် မဖြစ်စေဘဲ စည်းလုံးညီညွတ်ခြင်း၊ ခွင့်လွှတ်ခြင်း၊ စိတ်ရှည်သည်းခံခြင်းနှင့် သတိပညာပြည့်ဝသည့် နိုင်ငံတော်တည်ဆောက်ရေး ခွန် အားတစ်ခုဖြစ်စေရန် ပုပ်ရဟန်း မင်းကြီးက တိုက်တွန်းသည်။
ဘာသာတရားများ အနေ ဖြင့် နိုင်ငံတွင်း နှစ်ကာလကြာ ရှည်စွာ ဖြစ်ပွားနေသည့် ပဋိပက္ခ များကြောင့် အတိဒုက္ခရောက်သူ များအတွက် ခံစားချက်ပိုင်းဆိုင် ရာ၊ ဝိညာဉ်ရေးဆိုင်ရာနှင့် စိတ် ပိုင်းဆိုင်ရာ၊ ဒဏ်ရာဒဏ်ချက်များ အား ကုစားပေးခြင်းအတွက် အ လွန်အရေးပါသော အခန်းကဏ္ဍ တွင် ပါဝင်ကြောင်း ၎င်းက ဆို သည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သည် မြန်မာပြည်သူများ လိုလား တောင့်တနေသော ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် လူမှုရေးအရ သဟဇာတရှိမှု တို့အပေါ် နားလည်ပေးခြင်းသည် မြန်မာနိုင်ငံအတွက် ခွန်အားနှင့် မျှော်လင့်ချက်များ သယ်ဆောင် လာခြင်းဖြစ်ကြောင်း နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က MICC(II) ၌ ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ပုပ်ရဟန်းမင်းကြီး၏ မိန့် ခွန်းပြောကြားသည့်အခမ်းအနား သို့ တက်ရောက်ခဲ့ပြီး ပုပ်ရဟန်း မင်းကြီး မိန့်ခွန်းမပြောကြားမီ ခုနစ်မိနစ်ခန့်ကြာ ပြောကြားခဲ့သည်။
‘‘မိမိတို့နိုင်ငံရှိ ပြည်သူတစ် ဦးတစ်ယောက်ချင်းစီတိုင်း အ တွက် တရားမျှတမှု၊ လွတ်လပ်မှု နဲ့ လုံခြုံမှုတို့ကို အာမခံချက်ပေး နိုင်တဲ့ ဥပဒေများနှင့် အဖွဲ့အစည်းများရှိတဲ့ နိုင်ငံတစ်နိုင်ငံ တည် ဆောက်ရေး တာဝန်ကို ဆက် လက်ထမ်းဆောင်ရန်မှာ မိမိတို့ရဲ့ လက်ရှိတာဝန်ပဲဖြစ်ပါတယ်’’ဟု ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံသည် စိန်ခေါ်မှု အများအပြားကို ရင်ဆိုင်နေရပြီး စိန်ခေါ်မှု တစ်ခုစီတိုင်းအတွက် ခွန်အား၊ စိတ်ရှည်သည်းခံမှုနှင့် ရဲရင့်မှုတို့ လိုအပ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ၎င်း၏မိန့် ခွန်းတွင် ထည့်သွင်းပြောကြား သည်။
‘‘ကျွန်မတို့ တန်ဖိုးအထား ဆုံးကြိုးပမ်းအားထုတ်မှုတစ်ခုက တော့ အရင်အစိုးရအစပြုပေးခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးသဘောတူညီချက်အပေါ် အခြေခံပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လက်ဖော်ဆောင်ဖို့ပဲ ဖြစ်ပါ တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
‘‘နိုင်ငံတစ်နိုင်ငံရဲ့ သက် တမ်းရှိ ခေတ်ကာလတိုင်းမှာ အ တိတ်ရဲ့ ကောင်းမွေ၊ ဆိုးမွေကို ဆက်ခံပြီး အကောင်းဆုံး တည် ထောင်ဖို့ မိမိတို့မှာ တာဝန်ရှိပါ တယ်။ ယခုဆိုလျှင် မြန်မာနိုင်ငံ အတွက် ဖွံ့ဖြိုးတိုးတက်မှုပုံရိပ် တွေကို အကောင်းဆုံးအကောင် အထည်ဖော်နိုင်မယ့် ပြုပြင်ပြောင်းလဲနိုင်ဖို့ အခွင့်အလမ်းတွေကို မိမိတို့ရရှိထားပြီးဖြစ်ပါတယ်။ ဒီတာဝန်တွေ သမာဓိနဲ့ ကိုယ်ချင်း စာတရားတွေဖြင့် ထမ်းဆောင် သွားမှာဖြစ်ပြီး မိမိတို့နိုင်ငံရဲ့အနာ ဂတ်ကို လှပခိုင်မာပြီး ဂရုစိုက်မှု၊ တန်ဖိုးထားလေးစားမှုများနှင့် ပျော်ရွှင်ကြွယ်ဝပြီး သာယာလှပ တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် သမိုင်း အမွေချန်ထာခဲ့လိုပါတယ်။ အ လားတူ အနာဂတ်မှာ မြန်မာပြည် သူတွေဟာ စည်းလုံးညီညွတ်မှုရှိ ပြီး ပြောင်းလဲနေသည့် ကမ္ဘာကြီးနဲ့လိုက်လျောညီထွေရှိစွာ ဖွံ့ဖြိုးတိုး တက်မှုကို ဖန်တီးနိုင်သူများ၊ ငြိမ်း ချမ်းမှုအကြင်နာတရားပြည့်ဝပြီး သဒ္ဓါတရားကြီးမားသူများ၊ အကူ အညီလိုအပ်နေသူများကို အချိန် တိုင်းမှာ လက်ကမ်းကူညီပေးနိုင် သူ စိတ်ဓာတ်ခိုင်မာပြီး ကျွမ်းကျင် ပြည့်ဝသူများအဖြစ် မြင်တွေ့လို ပါတယ်’’ ဟုလည်း ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစု ကြည်က မိမိတို့အစိုးရ ရင်ဆိုင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ အနက် ရခိုင်ပြည်နယ်အခြေအနေ သည် ကမ္ဘာ့နိုင်ငံအများစု၏အာ ရုံစိုက်မှုကို ဖြစ်ပေါ်စေခဲ့ပြီး ရခိုင် ပြည်နယ်ရှိ မတူကွဲပြားသည့်အ သိုက်အဝန်းများအကြား ယုံကြည် မှု၊ အပြန်အလှန်နားလည်မှု၊ သဟ ဇာတဖြစ်မှုနှင့် ပူးပေါင်းဆောင် ရွက်မှုများကို ထိခိုက်စေခဲ့သော ကာလရှည်ကြာ ဖြစ်ပေါ်ခဲ့သည့် ကိစ္စရပ်များ လူမှုရေး၊ စီးပွားရေး နှင့် နိုင်ငံရေးကိစ္စရပ်များကို ကိုင် တွယ်ဖြေရှင်းရာတွင် မိမိတို့၏ ကြိုးပမ်းဆောင်ရွက်မှုများအောင်မြင်ရန် ဆန္ဒရှိကြသည့် မိမိနိုင်ငံ၏ ပြည်သူပြည်သားများ၊ မိတ်ဆွေ ကောင်းများ၏ထောက်ခံအားပေး မှုသည်တန်ဖိုးမဖြတ်နိုင်သည့် အရာများဖြစ်ကြောင်း ပြောသည်။
မြန်မာနိုင်ငံသို့ လေးရက် ကြာခရီးစဉ်လာရောက်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကြိုး ပမ်းဆောင်ရွက်နေသူများ၏ ကြိုးစားအားထုတ်မှုကို ခွန်အားဖြည့် ပေးရန်နှင့် ကက်သလစ် ခရစ် ယာန်ဘာသာဝင်များနှင့်အတူ ဆု တောင်းရန် လာရောက်ခြင်းဖြစ် ကြောင်း ပုပ်ရဟန်းမင်းကြီးက ၎င်း၏မိန့်ခွန်းအဖွင့်တွင် ထည့် သွင်းပြောကြားသည်။
‘‘ကျွန်ုပ်၏ခရီးစဉ်သည် မြန် မာနိုင်ငံတစ်ဝန်းလုံး မှီတင်းနေ ထိုင်ကြသူများအားလုံးကို ရင်းနှီး စွာတွေ့ဆုံဖို့ဖြစ်ပါတယ်။ တရား မျှတသော၊ ပြန်လည်ကျေအေး သင့်မြတ်သော၊ အလုံးစုံပါဝင် သော၊ လူ့အဖွဲ့အစည်းကို ဖော် ဆောင်ရန် ကြိုးစားလုပ်ဆောင်နေ သော သူများကိုလည်း အားပေး စကားပြောကြားလိုပါတယ်’’ ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားသည်။
မြန်မာနိုင်ငံနှင့် ဗာတီကန် နိုင်ငံတို့အကြား တရားဝင်သံတ မန်ဆက်သွယ်ရေးထူထောင်ပြီး နောက် မကြာမီအတွင်း လာရောက်ခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း ပုပ်ရ ဟန်းမင်းကြီးက ဆက်လက်ပြောကြားသည်။
ထို့အပြင် ပုပ်ရဟန်းမင်းကြီး က လူငယ်များကို အမြတ်တနိုး ထား၍ မြေတောင်မြှောက်ပေး ရန်၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် အရည်အသွေးရှိသော ပညာရေး စနစ်ကို ဖန်တီးပေးရန်နှင့် ယင်း သို့ ဆောင်ရွက်မှသာ ကြီးမားစွာ အကျိုးဖြစ်ထွန်းမည့် ရင်းနှီးမြှုပ်နှံ မှုဖြစ်ကြောင်း ထည့်သွင်းပြော ကြားသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အား နိုင်ငံတော်သမ္မတ ဦးထင် ကျော်က နေပြည်တော်ရှိ နိုင်ငံ တော်သမ္မတအိမ်တော်၌ ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ဂုဏ်ပြုကြိုဆိုခဲ့သည်။ ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်း ကို ခံယူပြီးနောက် ပုပ်ရဟန်းမင်း ကြီး ဖရန်စစ်သည် နိုင်ငံတော် သမ္မတအိမ်တော်ဧည့်သည်တော် မှတ်တမ်း၌ လက်မှတ်ရေးထိုးခဲ့ သည်။
ထို့နောက် ပုပ်ရဟန်းမင်း ကြီးသည် နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ ဆုံဆွေးနွေးခဲ့သ့ည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သည် နေပြည်တော်သို့ မလာ ရောက်မီ ရန်ကုန်မြို့၌ ဘာသာ ရေးခေါင်းဆောင်များနှင့်တွေ့ဆုံ ခြင်း၊ သီတဂူဆရာတော်ကြီးနှင့် တွေ့ဆုံခြင်းတို့ကို သီးခြားစီပြု လုပ်ခဲ့သည်။ ပုပ်ရဟန်းမင်းကြီး သည် ဘာသာရေးခေါင်းဆောင် များနှင့်တွေ့ဆုံရာတွင် ငြိမ်းချမ်း ရေး၊ မတူကွဲပြားမှု၏ဂုဏ်သိက္ခာ၊ တန်ဖိုးများကို ပြောကြားပြီး တစ်နာရီခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအေးလွင်က ပြောသည်။
‘‘မြန်မာအနေနဲ့ အင်မတန် ဂုဏ်ယူတာပေါ့။ မြန်မာလူမျိုး တွေ ပင်ကိုစရိုက်သဘာဝက အဲဒီ မတူကွဲပြားမှုကို တန်ဖိုးထား တယ်။ လေးစားတယ်။ ဂုဏ်ယူ တယ်။ အဲဒီလို မြန်မာလူမျိုးတွေ ရဲ့ စရိုက်ကို ဖော်ပြခွင့်ရတဲ့အ တွက် အင်မတန်ကို တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာလည်း တက်လာပါ တယ်’’ဟု ဦးအေးလွင်က ပြော သည်။
နိုဝင်ဘာ ၂၈ ရက်နံနက်ပိုင်း တွင် သီတဂူဆရာတော်ကြီးသည် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သီ တင်းသုံးသည့် ရန်ကုန်မြို့ စိန့် မေရီ ဘုရားကျောင်းသို့ ကြွရောက်တွေ့ဆုံခဲ့သည်။
ငြိမ်းချမ်းရေး မရသဖြင့် ကချင်လူမျိုးများ ဒုက္ခရောက်နေ ကြောင်း ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံစဉ် တင်ပြခဲ့သည်ဟု ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာမနာမ်တူးဂျာက ပုပ်ရဟန်းမင်းကြီးနှင့် ဘာသာ ပေါင်းစုံမှ ပုဂ္ဂိုလ်များတွေ့ဆုံပွဲ တွင် ပြောကြားခဲ့သည်။
‘‘ကချင်လူမျိုးတွေက ပြည် ထောင်စုစတင်ဖွဲ့စည်းကတည်း ကလည်း အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တယ်။ နောက် ပြည်ထောင်စု တည်တံ့ခိုင်မြဲအောင် ပါဝင် ဆောင်ရွက်ခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ အထိ ငြိမ်းချမ်းရေးမရဘဲ ပြည် တွင်းစစ်ဒဏ်ခံနေရတဲ့သူ အများ စုကလည်း ကချင်ပြည်သူများ၊ ကချင်လူမျိုးများဖြစ်နေကြတယ် လို့ ကျွန်တော်တင်ပြတယ်’’ဟု ၎င်းက ပြောသည်။
ဆွေးနွေးတင်ပြချက်များနှင့် ပတ်သက်၍ ပုပ်ရဟန်းမင်းကြီးက ငြိမ်းချမ်းရေးအမြန်ရရှိရေး အား လုံး ပါဝင်တည်ဆောက်ကြရန် ပြန်လည် ပြောကြားခဲ့ကြောင်း ဒေါက်တာ မနာမ်တူးဂျာက ဆို သည်။
‘‘သူကတော့ အားလုံး နား ထောင်ပြီးတော့မှ ပြောပါတယ်။ ဒါ ရင်ကြားစေ့ရေးလို့ ပြောပါ တယ်။ အားလုံးစုစုစည်းစည်းနေ ထိုင်ကြဖို့၊ တစ်ယောက်နဲ့ တစ် ယောက်၊ တစ်ဦးနဲ့တစ်ဦး အမုန်း တရားတွေ မပွားကြဖို့၊ အာဃာတတွေ မထားကြဖို့ ပြီးလို့ရှိရင် တော့ ခွင့်လွှတ်ခြင်းတရားရှိကြဖို့ ပေါ့။ ငြိမ်းချမ်းရေးက အင်မတန် အရေးကြီးတယ်။ မြန်မာနိုင်ငံ အမြန်ငြိမ်းချမ်းလာစေချင်တယ် ပေါ့’’ဟု ဒေါက်တာမနာမ်တူးဂျာ က ပုပ်ရဟန်းမင်းကြီး၏ပြောကြား ချက်ကို ရှင်းပြသည်။
LikeShow more reactions
Comment

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video