***စစ်သားအစစ်တွေကို မမုန်းပါနဲ့*** ...
အောက်ခြေတပ်မတော်သားအများစုဆီက
စကားလေးတစ်ခွန်းကိုကြားရတော့
အတော်လေးစိတ်မကောင်းဖြစ်မိတယ်..
ဘာပြောသလဲဆိုတော့....
ရဲဘက်အကျဉ်းသားတွေကိုကြည့်ပြီး
မင်းတို့မှာက လွတ်ရက်ဆိုတာရှိတယ်
လိမ္မာရင်လိမ္မာသလို စောစောလွတ်မယ်...
ဒီကြားထဲ ကံကောင်းထောက်မပြီး
အထူးလျှော့ရက်မျိုး...လွတ်ငြိမ်းချမ်းသာခွင့်မျိုးမှာ
ပါလာခဲ့ရင်...ချက်ချင်းလွတ်ပြီ...
ငါတို့မှာကတော့..လွတ်ရက်မရှိပါဘူးကွာ...
တပ်ထဲစဝင်တုန်းက မပျော် ၅ နှစ်လို့...စာချုပ် ချုပ်ခဲ့ပေမဲ့...
တကယ်တမ်းကျတော့ စစ်သက် ၁၀ နှစ်ကျော်တာတောင်
ထွက်ခွင့်ဆိုတာ..ဘာမှန်းမသိဘူး..
မင်းတို့မှာက လိမ္မာရင်လိမ္မာသလို အမြန်လွတ်ဖို့နီးစပ်တယ်
ငါတို့မှာက လိမ္မာလေ နဖားကြိုးထိုးခံရလေပဲ...
အဲ့ဒါဆို ထွက်ပြေးပေါ့...လို့ပြောကောင်းပြောမယ်..
ဒါပေမဲ့ မင်းတို့စဉ်းစားကြည့်ကွာ..
လောဘ ဒေါသ မောဟ စာရိတ္တ နဲ့ယှဉ်ပြီး
အပြစ်အမှား မလုပ်ပဲနဲ့တော့ မိသားစုဘဝပျက်ခံပြီး...
နာမည်ဆိုးနာမည်ပျက်ခံပြီး ထောင်မကျချင်ဘူးလေ...
ဒါထက်...မိသားစုက မိဘ ယောက္ခမအဆင်ပြေချောင်လည်လို့
မိဘယောက္ခမဆီအပ်ထားလည်းပဲ
ငါက တပ်ကထွက်ပြေးပြီးပြန်အဖမ်းခံ ထောင်ကျခံလိုက်ရင်
အေးဆေးအရပ်သားဖြစ်ပြီ...လို့ယူဆပေမဲ့လည်း..
တပ်က အရပ်ထောင်မချပဲ စစ်ထောင်ပဲချတယ်ဆိုရင်...
ရှိထားတဲ့ရာထူးလေးပြုတ်ပြီး ရဲဘော်(တပ်သား)ပြန်လုပ်ရမှာ ဘာထူးလို့လဲ?
အဆိုးဆုံးက... အရပ်ထောင်ကျလို့ အရပ်သားဖြစ်သွားတယ်ပဲထား
မြန်မာပြည်ရဲ့စောက်တလွဲသတ်မှတ်ချက်တွေကြောင့်
ပညာရေးထူးချွန်တဲ့ငါ့သားသမီးတွေအတွက်ထိခိုက်ပြီ..
အလုပ်အကိုင်ကအစ... အဖေဖြစ်တဲ့ငါက ထောင်ထွက်ဖြစ်နေပြီကိုး..
အမှန်က အဲ့ဒါတွေဟာမဆိုင်ပါဘူး...
ငါထောင်ကျတာငါ့သားသမီးကိုမထိခိုက်စေသင့်ဘူး
တစ်ခါက...ကရင်လူမျိုးကောင်လေးတစ်ယောက်ရှိတယ်
စစ်သား သားသမီးပဲ ကောင်လေးကဆယ်တန်းအောင်တော့
ဝါသနာအရ DSA လျှောက်တယ်..အောင်တယ်..
ဗိုလ်ရွေးအဖွဲ့မှာလည်းအောင်ပြီး ဆေးစစ်တာလည်းအောင်လို့
DSA ပထမနှစ်တက်နေပြီ...အဲ့ဒီမှာ
နောက်ကြောင်းရာဇဝင်လိုက်တော့...သူ့အဖေက
တပ်ကနေထောင်ကျပြီးထွက်ခဲ့သူဖြစ်လို့
ကောင်လေးအထုတ်ခံလိုက်ရတယ်...
သူ့အဖေတပ်ကြပ်ကြီးထောင်ကျခဲ့တာလည်း
ရာဇဝတ်မှုကြီးကြီးမဟုတ် နိုင်ငံတော်ပုန်ကန်မှုနဲ့လည်းမဟုတ်ပါဘူး...
ဒါ စစ်သားဟောင်းဖခင်နဲ့ဗိုလ်လောင်းသားနော်...
အဲ....သောင်းကျန်းသူ သူပုန်လို့တချိန်ကသတ်မှတ်ထားတဲ့
KNU အမျိုးကြတော့ တမျိုးဗျ...စိုင်းဇာစိုး ဆိုတဲ့ကရင်လူမျိုး...
သူက တပ်ထဲဝင်ပြီး ဆယ်တန်းအောင်ပြီးသားဖြစ်တော့
တပ်ကြပ်ကြီးစာရေး သင်တန်းထပ်တက်တယ်
သင်တန်းဆင်းပြီးတော့ တပ်ကြပ်ကြီးစာရေး ရာထူးနဲ့
လေ့ကျင့်ရေးတပ် တစ်ခုမှာတာဝန်ကျတယ်
ဘယ်လောက်မှမကြာပါဘူး...အဲ့ဒီတပ်ကြပ်ကြီးစာရေး စစ်သက်၃နှစ်လောက်မှာပေါ့...
သူဟာ KNU က တာမလာဘောနဲ့တူဝရီးတော်စပ်လို့...တဲ့
စစ်သက်၁၀နှစ်အဖြစ်သတ်မှတ်ပြီး ပင်စင်ပေးလိုက်တယ်....
အဲ့ဒီဖြစ်ရပ်၂ခုကိုနှိုင်းယှဉ်ကြည့်လိုက်...
အခုနောက်ပိုင်းမှာ တပ်ထဲဝင်တဲ့သူအတော်နဲသွားပြီ...
အဓမ္မ စုဆောင်းခံရသူတွေသာရောက်လာတာ
သူတို့တွေကလည်းနောက်ပိုင်းမှာတပ်ကထွက်ပြေးပြီး
တပ်ထဲကိုဝင်လိုက်ထွက်ပြေးလိုက်နဲ့ပဲ စစ်ကုန်ကူးနေတော့တယ်...
ဒီတော့... စစ်ပြေးမှုကိုထောင်ဒဏ်တွေ တိုးမြှင့်သတ်မှတ်လိုက်တယ်...
အဲ့ဒါကြောင့် တပ်ထဲမှာကတရားဝင်နှုတ်ထွက်ခွင့်လည်းမရ...
ထောင်ကျခံပြီးထွက်ပြေးဖို့ကလည်း မိသားစုနဲ့ဆိုတော့အဆင်မပြေ....
ပေတေပြီးဆက်နေနေရတော့လည်း...
တိုးတက်မှုမရှိ အာမခံချက်မရှိ...
အဲ့ဒါကြောင့် ....ငါတို့စစ်သားအစစ်တွေကိုမမုန်းပါနဲ့ကွာ...
မင်းတို့ရောငါတို့ပါမုန်းရမှာက အွန်လိုင်းက စစ်သားအတုတွေ...
စစ်ခွေးတွေပေါ့ကွာ..ငါတို့တွေအမုန်းခံနေရတာ အဲ့ဒီစစ်ခွေးတွေကြောင့်...
ကဲ....ဒီလိုဆိုတော့လည်း ကရုဏာ သက်စရာ မကောင်းပေဘူးလား?
Credit''''စိုင်းမဟာထွန်း. ..
ZN.H

မှန်
ReplyDeleteမှန်
ReplyDelete