Skip to main content

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တို့ တွေ့ဆုံဆွေးနွေး


နေပြည်တော် သြဂုတ် ၃၀

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ သည် ယနေ့ ညနေ ၆ နာရီ ၅ မိနစ်တွင် နိုင်ငံခြားရေး ၀န်ကြီးဌာန၌ တွေ့ဆုံကြသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များအပေါ် ကုလသမဂ္ဂမှ ဆက်လက်ကူညီပံ့ပိုးရန်နှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီရန်အသင့်ရှိမှု၊ လူ့အခွင့်အရေးနှင့် လူသားချင်း စာနာ ထောက်ထားမှု ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြားလက်ရှိနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။


ထို့နောက် သတင်းစာရှင်းလင်းပွဲကို ကျင်းပရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံ၌ လှုပ်ခတ်ခဲ့သော မြေ ငလျင်ကြောင့် ရှေးဟောင်း သာသနိကအဆောက်အအုံများစွာ ပျက်စီးခဲ့သည့်အပြင် အသက်သေဆုံး ခဲ့ကြသူများ၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့သောသူများအတွက် များစွာဝမ်းနည်းမိကြောင်း၊ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင် သော အစိုးရအဖွဲ့အနေဖြင့် အမြန်ဆုံးလုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် သက်တမ်းကာလအတွင်း မိမိအနေဖြင့် မြန်မာအစိုးရ၊ မြန်မာပြည်သူများနှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ ယခု အချိန်တွင် လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်ရသည့်အတွက် ၀မ်းမြောက်မိပါကြောင်း၊ ဒီမိုကရေစီရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးပမ်းမှုများကို စဉ်ဆက်မပြတ်ပံ့ပိုး ကူညီခဲ့ပါကြောင်း၊

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကျရောက် ခဲ့စဉ်ကလည်း နိုင်ငံတကာ အကူအညီရရှိအောင် မိမိလုပ်ဆောင် ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံသို့ မိမိလာရောက်ခဲ့သည်မှာ ငါးကြိမ်မြောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်က လွှတ်တော်၌ မိန့်ခွန်းပြောကြားရန်အတွက် မိမိအားမြန်မာနိုင်ငံသို့လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့စဉ် မိမိလာရောက်၍ မိန့်ခွန်းပြောကြားခဲကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ကမ္ဘာ့နိုင်ငံများက အံ့အားသင့်ခဲ့ရကြောင်း၊ ပြီး ခဲ့သော နိုဝင်ဘာက ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ စိတ်ပါဝင်စားစွာ ပူးပေါင်း ပါဝင်မှုကို တွေ့ရှိရတဲ့အတွက် ၀မ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဦးဆောင်သော အစိုးရအနေဖြင့် မြန်မာနိုင်ငံ၌ အေးချမ်း သာယာသော ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးလမ်းကြောင်းပေါ်၌ လျှောက်လှမ်းနေကြောင်း။


စီးပွားရေးနှင့်နိုင်ငံရေး နယ်ပယ်မှပုဂ္ဂိုလ်များ၊ တပ်မတော်နှင့်အရပ်ဘက်အဖွဲ့ အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို ချီးကျူးပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အစိုးရ၌ စိန်ခေါ်မှုများစွာ ရှိပါကြောင်း၊ ယခုကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံအောင်မြင်ရန် အလားအလာများစွာ ရှိပါကြောင်း၊ တက်ရောက်မည့် အဖွဲ့အစည်း များ၏ စိတ်ရှည်သည်းခံမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို ချီးကျူးဂုဏ်ပြုပါကြောင်း၊
ရခိုင်ပြည်နယ်ဆိုင်ရာ နောက်ဆုံးဖြစ်စဉ်ဖြစ်ရပ်များကို မိမိတို့ဆွေးနွေးခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အခြေအနေသည် နက်ရှိုင်းရှုပ်ထွေး သည့်အတွက် အစိုးရအနေဖြင့် ပြဿနာအရင်းအမြစ်များကို ဖြေရှင်းရာတွင် စိန်ခေါ်မှုများ ရှိနေကြောင်း၊ မြန်မာနိုင်ငံသား မည်သည့်တိုင်းရင်းသား၊ မည်သည့် ဘာသာဝင်ဖြစ်စေ ပိုမိုကောင်းမွန်သော လူမှုစီးပွားအခြေအနေ ရရှိလိုသည်ဆိုသည်ကို မိမိနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ဆွေး နွေး ခဲ့ကြကြောင်း၊ IDP စခန်းများရှိ ထောင်ပေါင်း များစွာသော ပြည်သူများ၏ ဆင်းရဲကြပ် တည်းစွာနေထိုင်ကြရခြင်းနှင့်ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိုးရိမ်မှု ရှိကြောင်းကို မိမိပြောပြခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ ၌ နေထိုင်လာခဲ့သော ပြည်သူများအတွက် တူညီသောအခွင့်အလမ်း များရရှိသင့်ပါကြောင်း ပြောကြားသည်။

ထို့နောက် သတင်းထောက်များ၏မေးမြန်းချက်များကို ဖြေကြားရာတွင် ရခိုင် ပြည်နယ်အတွင်းရှိ စိန်ခေါ်မှုများသည် ရှုပ်ထွေးနက်နဲပါကြောင်း၊ ယင်းတို့မှာ လူမှုရေး၊ စီးပွားရေးကိုအခြေခံသည့် နက်ရှိုင်းသော ဘက်ပေါင်းစုံပြဿနြာ ဖစ်ကြောင်း၊

ရခိုင်ပြည်နယ်အတွင်းပြဿနာများကို စောင့်ကြည့်စစ်ဆေးရန် ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သော ကော်မရှင် ဖွဲ့စည်းမှုကို ၀မ်းသာမိပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းနေ ပြည်သူများ၏ စီးပွားရေးနှင့် လူမှုရေးအခြေအနေမှာ နိမ့်ကျနေပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ IDP စခန်း များနေ ပြည်သူများမှာလည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေသည့်အပြင် ငြိမ်းချမ်းရေး ရရှိရန်လည်း လိုအပ်ပါကြောင်း မစ္စတာ ဘန်ကီမွန်းက ဖြေကြားသည်။

ညပိုင်းတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေးတို့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း နှင့်ဇနီးတို့အား Park Royal ဟိုတယ်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

MOI Webportal Myanmar

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...