ပြီးခဲ့တဲ့ UNFC နဲ့ ဆွေးနွေးပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အားသွန်ခွန်စိုက် လုပ်နေခဲ့ပြီး ဖြစ်လို့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက် ကကော အစိုးရ ကို ဘယ်လိုပြန်ပြီး လုပ်ပေးနိုင်မလဲ ဆိုတဲ့ အမေးစကား တခွန်းပဲ မေးလိုက်ပါတယ်။
ဆွေးနွေးပွဲ မှာ ခေါင်းဆောင် ခူအူးယာ က ဘာမှ ပြန်လည် ဖြေကြားခြင်း မပြုခဲ့ပေမယ့် အပြင်မှာ သတင်းထောက်တွေကို တော့ ဒီ မေးခွန်းအတွက် စိတ် ပျက် မိကြောင်း ပြောဆိုခဲ့ပါတယ်။ သူ့ အပြောကို အတိုချုပ်ပြောရရင်တော့ တိုင်းရင်းသား နယ်မြေတွေမှာ ဘာ သယံဇာတ တွေမှ မရှိတော့တဲ့ အပြင် လူတွေက လည်း ဒုက္ခသည် တွေ အဖြစ်နဲ့ ဟိုရောက်သည်ရောက် ဖြစ်နေလို့ ဘာတွေကို မျှော်လင့်နေတာလဲ လို့ ပြောသွားခဲ့ပါတယ်။
ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာသား ပါပါ မေးလိုက်တာကို နားလည်နိုင်စွမ်း မရှိတာလား၊ ကြုံတုန်း political grandstanding လုပ်တာလား တော့မသိပါဘူး၊
ဒေါ်အောင်ဆန်းစုကြည် အခု ပြုလုပ်နေတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဟာ အပြစ်အခတ်ရပ်စဲရေးလောက် ရည်ရွယ်တာ မဟုတ်ပါဘူး၊ ပြည်နယ်တွေကို ဗဟိုမှ ချုပ်ကိုင်ထားတဲ့ အာဏာတွေ ပြန်လည် ခွဲဝေ ပေးပြီး နိုင်ငံရေး နဲ့ စီးပွားရေးရာတွေမှာ ပိုမိုပါဝင် ခွင့်ပေးနိုင်မယ့် သားစဉ် မျိုးဆက် မြန်မာနိုင်ငံတော်ကြီး ရှိနေသရွေ့ တည်တံ့ ခိုင်မြဲမယ့် ဖက်ဒရယ် စနစ် တည်ထောင်ပေးဖို့ ဖြစ်ပါတယ်။
ဒီတာဝန်ကြီးက အပြောသာ လွယ်သလောက် လက်တွေ့မှာ ခက်ခဲနေတာ အားလုံး အသိ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရေးမှာ ၂၅% လောက် ထိမ်းချုပ်ထားတဲ့ တပ်မတော်ရဲ့ သဘောတူညီချက် လိုပါတယ်။ တပ်မတော်မှလည်း လွတ်လပ်ရေး ရပြီးကထဲက ပြည်တွင်းစစ်ကို တိုက်လာခဲ့ရသူတွေမို့ တိုင်းရင်းသား လက်နက်ကိုင်များ အပေါ် အစဉ်အလာအရ ယုံကြည်မှု မရှိသေးပါဘူး၊ ဒါ့အပြင် နယ်စပ်ဒေသ က ထွက်ရှိနေတဲ့ သယံဇာတ ပစ္စည်းတွေ အပေါ်လည်း အကျိုးစီးပွားတွေ ဆက်နွယ်နေပါတယ်။
အရေးအကြီးဆုံး အချက်က ၎င်းတို့ အဆို ငြိမ်းချမ်းရေး ရရှိပြီးရင် နိုင်ငံရေး ကို စွန့်ခွာပြီး တပ်မတော်က စစ်တန်းလျား ပြန်ဘို့ ရှိနေတဲ့ အတွက် နောက်ပိုင်းမှာ ဖက်ဒရယ်မူကို ခုတုံးလုပ်ပြီး ပြည်ထောင်စု ကနေ ခွဲထွက်ဘို့ အရေး လှုပ်ရှားလာမှာကိုတော့ စိုးရိမ်နေတာ ဖြစ်ပါတယ်။ ဒါကလည်း သဘာဝ ကျတဲ့ စိုးရိမ်မှု ဖြစ်ပါတယ်။
တိုင်းရင်းသားတွေ ဘက်ကလည်း လက်ရှိ အခြေအနေအရ စစ်တပ်က အစိုးရ လက်အောက်မှာ မရှိတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကြားကနေ ၀င်ညှိပေးနေတယ်လို့ ယူဆလာနေကြပြီး ဘယ်လောက်အထိ ယုံကြည်ရမလဲ မေးခွန်းထုတ်စရာ ဖြစ်လာနေရပါတယ်။
လောလောဆယ် ကွဲလွဲနေမှုများက ဒီ အချက်မှာပဲ လာစုနေပြီး တဖြေးဖြေး ကျဉ်းမြောင်းလာနေတဲ့ အတွက် ဖြေရှင်း အပေးအယူ လုပ်ဖို့ နီးစပ်လာနေပါတယ်။ ဒါတွေကို ကောင်းစွာ နားလည်ထားပြီး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က မကိုင်တွယ် နိုင်ဘူး ထင်ရင် အစကတည်းက အခုလို ဖုတ်ပူမီးတိုက် လုပ်မှာ မဟုတ်ဘူးဆိုတာကို သိထားဘို့ လိုပါတယ်။ သူမမှာ ရှိနေတဲ့ နိုင်ငံရေး ကျွမ်းကျင်မှု ဆိုတာ အခြားသူများရဲ့ လက်ရှိကြုံတွေ့နေရမှု ကို နားလည်ပြီး အဲံတာကို အခြေခံကာ မိမိရဲ့ ရည်မှန်းချက်ကို အကောင်အထည် ဖေါ်ခြင်း ဖြစ်ပါတယ်။
ဒီနေရာမှာ ကုလသမဂ္ဂရဲ့ နီပေါ နိုင်ငံ ရဲ့ မော်ဝါဒီ သူပုန်တွေ နဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရာမှာ ပါဝင်ခဲ့တဲ့ အခန်းကဏ္ကကို အနည်းဆုံး အတူယူနိုင်ပါတယ်။ မော် သူပုန်တွေရဲ့ လက်နက် စွန့်လွှတ်ရေးမှာ ကုလ မှ United Nations Mission in Nepal (UNMIN) ဆိုပြီး ကုလ သမဂ္ဂ ဆုံးဖြတ်ချက် အမှတ် ၁၇၉၆ နဲ့ လက်နက်တွေကို ကြားကနေ လက်ခံသိမ်းဆည်းပေးပြီး လက်နက်ကိုင် အဖွဲ့ဝင်တွေကို လစာ နဲ့ အသက်မွေးဝမ်းကျောင်းပညာ သင်ပေးခြင်းကို အားလုံး လက်ခံနိုင်တဲ့ ဖွဲ့စည်းပုံ ပေါ်ပေါက်လာသည်အထိ လုပ်ကိုင်ဆောင်ရွက်ပေးခဲ့တာက ၂၀၀၇ မှ ၂၀၁၁ အထိ ဖြစ်ပါတယ်။
မြန်မာ နဲ့ ပါတ်သက်ပြီး အကျိုးစီးပွားများစွာ ဆက်စပ်နေတဲ့ တရုတ် အစိုးရက လောလောဆယ် တောင်တရုတ် ပင်လယ်မှာ ဗီယက်နမ် ၊ ဖီလစ်ပိုင် နိုင်ငံ များနဲ့ နယ်မြေ အငြင်းပွားမှု ဖြေရှင်းရေးအတွက် စံနမူနာ အဖြစ် မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်ရေးမှာ ပါဝင် ကူညီလိုတယ်လို့ တရုတ် အစိုးရ အာဘော် Global Times မှာ ဒီနေ့ရေးသားထားပါတယ်။
ပြည်တွင်း ငြိမ်းချမ်းရေး ရပြီဆိုတာနဲ့ တိုင်းရင်းသား ဒေသတွေမှာ ဒီမိုကရေစီ စတင် ခိုင်မာလာမာဖြစ်တဲ့ အပြင် ဈေးကွက်တွေ၊ အလုပ်အကိုင် တွေ စက်မှု လုပ်ငန်းတွေ ဆက်စပ် ဖွံ့ဖြိုးလာဖို့ ရှိနေပြီး နယ်စပ်ဒေသ ကုန်သွယ်ရေး တွေ ကြီးထွားလာဖို့ က အမှန်အကန် ဖြစ်လာပါတယ်။ တရုတ် အဖို့ ၎င်းတို့ရဲ့ အကျိုးစီးပွားတွေ ဒီထက်မက ရရှိဘို့ ရှိနေတာကြောင့် ယခင် စစ်အာဏာရှင်တွေကို ထိမ်းချုပ်နိုင်ဘို့ ၀ တွေကို Proxy ကြားခံထားနေတဲ့ မူဝါဒကို စွန့်လွှတ်ပြီး မြန်မာ ပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အကောင်းဆုံး မဟာ ဗျူဟာတွေ ချမှတ်ပြီး ၀င်ရောက်ဆောင်ရွက်ပေးဘို့ ရှိနေပါတယ်။
ဗီယင်ကျန်း မှာ ဒေါ်အောင်ဆန်းစုကြည် မှ နိုင်ငံခြားရေး ၀န်ကြီး ၀မ်ယီတို့ ထပ်မံ တွေ့ဆုံခဲ့ပြီး တရုတ် ပြည်ကို သြဂုတ် လ ထဲ တရားဝင် ချစ်ကြည်ရေး ခရီး သွားဘို့ ရှိနေပါတယ်။
ဒီအတွက် ခိုင်မာတဲ့ ကတိ တိုင်းရင်းသားတွေ ဘက်က ဒေါ်အောင်ဆန်းစုကြည်က လိုချင်နေတာ ဖြစ်တဲ့ အတွက် မိုင်ဂျာယန်း မှ ဖြေဘို့ လိုနေပါတယ်။
HSW
Comments
Post a Comment