Skip to main content

တူမောင်ညို – တိုက်ပွဲဝင်စိတ်ဓါတ်နဲ့နည်းနာ ချို့တဲ့ခြင်းမှ လွတ်ကင်းရေး


တူမောင်ညို – တိုက်ပွဲဝင်စိတ်ဓါတ်နဲ့နည်းနာ ချို့တဲ့ခြင်းမှ လွတ်ကင်းရေး
(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၁၅

အခြားပါတီကြီးတွေလို (NLD) ပါတီဟာ “ငွေကြေးဥစ္စာ မချမ်းသာဘူး” ဆိုတဲ့စကားကို မဲဆွယ်ပွဲတွေမတိုင်ခင်ကရော၊ အခုလို မဲဆွယ်နေတဲ့ ကာလမှာပါ အကြိမ်ကြိမ်ကြားဖူးပါတယ်။
(NLD) ပါတီ ငွေကြေးမချမ်းသာရင်နေပါစေ။  (NLD) ပါတီမှာ တိုက်ပွဲဝင်စိတ်ဓါတ်ဆင်းရဲတာနဲ့ တိုက်ပွဲဝင်နည်းနာ ချို့တဲ့တာမျိုးတော့ မဖြစ်စေချင်ပါဘူး။
“တိုက်ပွဲ”ဆိုလို့ ဆော်ဟ၊ နှက်ဟ၊ ချပါဟ ဆိုတဲ့ သွေးရူးသွေးတန်းလုပ်ဖို့ ကိုင်ဖို့ပြောတာမဟုတ်ပါဘူး။ (NLD) ပါတီသွားနေတဲ့ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲ/ ဒီမိုကရေစီလမ်းကျဉ်းကလေးထဲကနေ အကျိုးအကြောင်းရှိရှိ၊ အမြော်အမြင်ပြည့်ပြည့်၊ တီထွင်မှုရှိရှိ တိုက်ပွဲဝင်စေချင်တာမျိုးပါ။ “အတိုက်အခံ” ဆိုတာကြောင့် အမြဲတိုက်နေရမယ် လို့လည်းမဟုတ်သလို၊ အမြဲခံနေရင်လည်း ဘယ်လိုသင့် တော်မှာလဲ။ “ဥပဒေဘောင်” ထဲကနေ တမင်ညစ်ပတ်မှားယွင်းနေတာတွေ၊
မတရားမှုတွေကို ဝေဖန်ဖွင့်ချဖို့နဲ့ ပြည်သူတွေကို စည်းရုံး လှုံ့ဆော်ပြီး ရုန်းကန်ဖို့ပါ။
တချိန်က ပြည်သူတွေဟာ လူထုခေါင်းဆောင်ကို တမ်းတမျှော်လင့်ခဲ့ကြပါတယ်။ အချို့ကလည်း လူထုခေါင်းဆောင်မရှိလို့ ပြည်သူတွေဟာ မှန်ကန်တဲ့လမ်းပေါ်မှာ တိုက်ပွဲဝင်နိုင်ခြင်းမရှိဘူးလို့ သုံးသပ်ခဲ့ကြပါတယ်။ အခုလူထုခေါင်းဆောင်ရှိနေပါပြီ။ ပြည်သူတွေ ကို မှန်ကန်တဲ့လမ်းကြောင်း ပြသပြီး တိုက်ပွဲဝင်သွားနိုင်ဖို့ အချိန်တန်နေပါပြီ။
တမင်ညစ်ပတ် မှားယွင်းထားတဲ့မဲစာရင်း ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုရေး၊ ကိုယ့်နာမည် ကိုယ့်အချက်အလက်တွေ မှားနေရင် ကိုယ်ထူကိုယ်ထ မဲစာရင်းပြင်ဆင်ရေး၊ မဲပေးရမယ့်တာဝန်ကျေပွန်ရေးဆိုတာလောက်နဲ့တင် ပြည်သူတွေကို၊ ပြည်သူ့စွမ်းအားတွေကို ကန့်သတ်ထားဖို့ မသင့်တော်ပါဘူး။
ခေတ်နဲ့စနစ်ကို အမှန်တကယ်ပြောင်းလဲဖို့ဆိုတာ အင်မတန်ကြီးမားလေးနက်တဲ့ တာဝန်ကြီးတွေဖြစ်ပါတယ်။ ခေတ်နဲ့ စနစ်ကို ပြောင်းလဲရာမှာ ပြည်သူလူထုပါဝင်လာမှသာ ထမြောက်အောင်မြင်နိုင်မှာဖြစ်ပါတယ်။ သမိုင်းခေတ်တွေကို ပြည်သူလူထုကသာ ဖန်တီးတွန်းဆော်နိုင်တာပါ။ သမိုင်းကို ရှင်ဘုရင်တွေ၊ မင်းညီမင်းသားတွေ၊ စစ်ဗိုလ်ချုပ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေက ဖန်တီးနိုင် တာ မဟုတ်ပါဘူး။
ရွေးကောက်ပွဲကော်မရှင်ကနေ ဒုတိယအကြိမ်ထုတ်ပြန်တဲ့ မဲစာရင်းတွေနဲ့ပတ်သက်ပြီး (NLD)ပါတီရဲ့တုန့်ပြန်ချက်ဟာ သိပ်ပြီး တာဝန်ကျေဆန်လွန်းနေပါတယ်။ နည်းနာချို့တဲ့နေပါတယ်။ အရေးဆိုဝံ့တဲ့ တိုက်ပွဲဝင်စိတ်ဓါတ် ခေါင်းပါးနေတာကိုလည်း မြင်ရပါတယ်။
ရွေးကောက်ပွဲကော်မရှင်နဲ့အစိုးရရဲ့ တမင်ညစ်ပတ်လာနိုင်တာတွေ၊ ညစ်ပတ်နေတာနဲ့ပတ်သက်ပြီး ပြည်သူလူထုကို ဦးတည် ပြီး ပထမဆင့်အနေနဲ့ ဘယ်လိုပုံဘယ်လိုနည်းတွေနဲ့ညစ်ပတ်နေတယ်၊ ဒီညစ်ပတ်မှုကြောင့် ဘယ်လိုမကောင်းတဲ့ရလဒ်တွေ ဘယ်လိုဆိုး ဝါးတဲ့အလားအလာတွေဖြစ်လာမယ်ဆိုတာကို အကြောင်းနဲ့အကျိုးဖွင့်ချရမှာ ဒါဟာ ပြည်သူလူထုကို အားထားတဲ့၊ လေးစားတဲ့ နိုင်ငံရေး သမားနဲ့ နိုင်ငံရေးပါတီတွေရဲ့ သာမန်လုပ်ရိုးလုပ်စဉ်တာဝန်တစ်ရပ်ဖြစ်ပါတယ်။
တပြိုင်နက်ထဲမှာ ဒီလိုတမင်ညစ်ပတ်နေတာတွေကို ဘယ်လိုပြုပြင်ပြောင်းလဲရမယ်၊ဘယ်လိုအချိန်ကာလအတွင်းမှာပြောင်းလဲ ပြင်ဆင်ပေးရမယ် စသဖြင့် ညွန်ပြ/တောင်းဆိုရမှာပါ။ ဒီလို ညွန်ပြ/တောင်းဆိုတာကို မလိုက်နာရင် ပြည်သူလူထုနဲ့အတူ ဘယ်လို နည်း လမ်းတွေနဲ့ အရေးဆိုတိုက်ပွဲဝင်သွားမယ်ဆိုတဲ့ တိုက်ပွဲနည်းနာနဲ့ ကြွေးကြော်သံကိုလည်း တပြိုင်နက်ထုတ်ပြန်ကြေညာရမှာပါ။
အခုတော့ (NLD) ပါတီဘက်က ဖွင့်ချရုံပဲ ဖွင့်ချနေပါတယ်။ ကော်မရှင်က တမင်ညစ်ပတ်မှားယွင်းနေသမျှကို ဆန်စင်ရာ ကျည်ပွေ့လိုက်ဆိုတာ၊ ဆားသည်က ခွေးမောင်းနေရသလို ပြည်သူတွေကို ကိုယ်ထူကိုယ်ထပြင်ဖို့ပဲ တဖက်သတ်ဆော်သြနေပါတယ်။ မဲစာရင်း သွားမကြည့်သူ၊  မဲပေးဖို့ပျက်ကွက်သူဟာ  သမိုင်းတရားခံ ဖြစ်တော့မတတ် ရေးနေ၊ ပြောနေကြတာကို စိတ်ပျက်ဖွယ်ကြားသိ နေရပါတယ်။
ဒါကြောင့် “တရားမျှတပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲတွေ ဖြစ်ရေးအတွက် တာဝန်မယူဘူးဆိုတဲ့ အဓိပ္ပါယ်ရောက်နေတယ်/ စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရများရဲ့ လုပ်ရပ်နဲ့တော့ ကွာခြားပါတယ်” ဆိုတဲ့ ဝေဖန် ဖွင့်ချတဲ့ “အပြော”တွေနဲ့အတူ ဘာဘယ်လိုလုပ်ရမယ်၊ ဘယ်လို တိုက်ပွဲဝင်သွားမယ်ဆိုတဲ့လက်တွေ့ “အလုပ်” ပါဖို့လိုပါလိမ့်မယ်။
“၃၀ ရာခိုင်နှုန်းပဲမှန်မယ်” ဆိုတဲ့ မဲစာရင်းနဲ့ “ရာနှုန်းပြည့်အနိုင်ရရေးနဲ့ အမှန်တကယ်ပြောင်းလဲရေး”ကို မျှော်မှန်းလို့ ဖြစ်နိုင် ပါ့မလား။ ရွေးကောက်ပွဲကော်မရှင်နဲ့အစိုးရဘက်က ညစ်လုံးညစ်ကွက်တွေဟာ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းအထိ ရေလှိုင်းတွေလို ဆင့်ကာဆင့်ကာ တမျိုးပြီးတမျိုး မရိုးရအောင် အဆက်မပြတ်ပေါ်ထွက်လာနေဦးမှာပါ။ မဲစာရင်း ပထမအကြိမ် မှားတယ်။ ဒုတိယအကြိမ် ပိုမှားတယ်။ မှားလေပြင်လေ၊ ပိုမှားလေဖြစ်နေပါတယ်။ ဦးတင်အေးရဲ့ တမင်ညစ်မှားဝင်္ကဘာထဲမှာပျက်စဉ်ပြင်ခဏဆိုပြီး  လိုက်လံပြင် ဆင်နေမယ်ဆိုရင် အိပ်ပေါက်နဲ့ဖားကောက်နေသလိုသာဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ပြည်သူကို လှုံ့ဆော်ပြီး ပြည်သူနဲ့အတူ အရေးဆိုပါ၊ တိုက်ပွဲဝင်ပါလို့ ပန်ကြားပါတယ်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...