Skip to main content

၁၉၉၀ နှင့် ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရအုပ်စုတွေ အားပြိုင်မယ့်ပွဲ


စိုင်းထွန်းအောင်လွင် |
|ရွေးကောက်ပွဲကျင်းပရန် နီးကပ်လာချိန်တွင် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် လှုပ်ရှားမှုများ မှာ တစ်နေ့ထက်တစ်နေ့၊ တစ်ရက်ထက်တစ်ရက် လျင်မြန်စွာ ဖြစ်ပေါ်နေ သည်ကို အတိုင်းသား တွေ့မြင်နေရပါသည်။

မဲဆွယ်စည်းရုံးရေးကာလ အစပိုင်းရက်များက အတန်ငယ် ငြိမ်သက်နေသယောင် ရှိခဲ့သော်လည်း မီဒီယာများ၏ ဖော်ပြပေးမှုနှင့် ပါတီများ၏ စည်းရုံးရေးလုပ်ငန်းစဉ်များ အရှိန်တိုးမြှင့်လုပ်ဆောင်လာမှုများကြောင့် မဲစာရင်းနောက်ဆုံးအကြိမ် စတင်ကပ်ထားသည့် စက်တင်ဘာလ ၁၄ ရက်နေ့တွင်ပင် ရပ်ကွက်ရုံးများ၊ ကျေးရွာ ရယကရုံးများတွင် မဲစာရင်းလာကြည့်သူများဖြင့် အသက်ဝင်လာသည်ကိုလည်း မြင်တွေ့နေရပါသည်။
တစ်ဖက်တွင်လည်း ပါတီပေါင်း ၉၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အစိုးရ ဖွဲ့ရေးနှင့် အာဏာရပိုင်ခွင့် အခွင့်လမ်းနှင့်ပတ်သက်၍ ၂၀၁၀ ရွေးကောက်ပွဲ ထက် မျှော်မှန်းချက်များ
ပိုမိုမြင့်မားလာဖွယ် ရှိနေသောကြောင့် အချို့နေရာများတွင် ပြိုင်ဆိုင်မှုပြင်းထန်လာဖွယ်ရှိနေပါသည်။ ပါတီပေါင်း ၉၀ ကျော်ဟုဆိုသော်လည်း တကယ်တမ်း အင်တိုက်အားတိုက်ယှဉ်ပြိုင်နိုင်သည့် ပါတီများမှာ လက်ချိုးရေ၍ရသည့် အခြေနေတွေရှိနေပါသည်။
အန်အယ်လ်ဒီပါတီက လွှတ်တော်သုံးရပ်တွင် ၁,၁၅၁ နေရာဖြင့် နေရာအများဆုံး ယှဉ်ပြိုင် မည်ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီက ၁,၁၃၄ ဖြင့် ဒုတိယနေရာ၊ တစည ၇၆၃၊ အမျိုးသား တိုးတက်ရေးပါတီ ၃၅၄၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ NDF ၂၇၄ စသဖြင့် နေရာ အများဆုံး ယှဉ်ပြိုင်မည့်ပါတီများအဖြစ် အသီးသီးရပ်တည်လျက်ရှိနေပါသည်။
ပါတီများပေါများနေသော်လည်း မဟာမိတ်ဖွဲ့လာနိုင်ခြေနှင့် ရွေးကောက်ပွဲ ဆိုင်ရာ နိုင်ငံရေး သမိုင်းကြောင်း ဆက်စပ်မှုများအရ ခွဲခြမ်းစိတ်ဖြာကြည့်သော် ၉၀ ရွေးကောက်ပွဲအနိုင်ရ အုပ်စုများနှင့် ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရအုပ်စုများအကြားတွင်သာ ပြိုင်ဆိုင်မှု ပြင်းထန် လာနိုင်ဖွယ် ရှိနေပါသည်။ ၉၀ တွင်ရော ၂၀၁၀ တွင်ရော မပြိုင်ဘဲ ၂၀၁၀ နောက်ပိုင်း မှာ ပေါ်လာသော ပါတီများရှိနေသော်လည်း နေရာအများစု အနိုင်ရဖွယ်မရှိခြင်းနှင့် ၂၀၁၀ နှင့် ၂၀၁၀ နောက်ပိုင်းတွင်မှ အသစ်ပေါ်လာသည့် ပါတီအများစုမှာ အာဏာရပြည်ခိုင်ဖြိုးပါတီနှင့် နီးစပ်မှုရှိခြင်းတို့ကြောင့် ဖြစ်ပါသည်။
၉၀ အုပ်စုတွေ
၉၀ အုပ်စုအများစုမှာ ပြီးခဲ့သည့် နှစ် ၂၀ ကာလအတွင်း မြန်မာနိုင်ငံ၏ အတိုက်အခံ ပါတီများဟု ဆိုနိုင်ပါသည်။ ယခုရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်( ယခင် ဇိုမီးနေရှင်နယ်ကွန်ကရက်)၊ မွန်အမျိုးသားပါတီမှအများစု ( ယခင် မွန် ဒီမိုကရေစီအဖွဲ့ချုပ်၊ ၂၀၁၂ တွင် မွန်ဒီမိုကရေစီပါတီအနေဖြင့် မှတ်ပုံတင်)၊ ကယန်း အမျိုးသားပါတီ ၊ ချင်းဒီမိုကရေစီ အဖွဲ့ချုပ် ( ယခင် ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်)၊ ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ကရက်ပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ( ယခု ရခိုင်အမျိုးသားပါတီတွင် သွားရောက်ပူးပေါင်းထား) တို့မှာ ၉၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီများဖြစ်ပါသည်။
ယင်းတို့အနက် အန်အယ်လ်ဒီမှာ ၉၀ ရွေး ကောက်ပွဲတွင် နေရာအများဆုံးအနိုင်ရသည့် ပါတီဖြစ်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဒုတိယနေရာ၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်က တတိယနေရာဖြင့် နေရာအများဆုံး အနိုင်ရရှိခဲ့သည့် ပါတီများဖြစ်ကာ မွန် ဒီမိုကရေစီအဖွဲ့ချုပ် (ယခု မွန်အမျိုးသားပါတီ)၊ ဇိုမီးနေရှင်နယ် ကွန်ကရက် ၊ ချင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ကချင် အမျိုးသား ဒီမိုကရေစီ ကွန်ကရက်ပါတီတို့မှာလည်း သက်ဆိုင်ရာဒေသအလိုက် အနည်းနှင့်အများဆိုသလို အနိုင်ရဖူးခဲ့သည့် ပါတီများဖြစ်ပါသည်။
ယင်းပါတီများအနက် တိုင်းရင်းသားပါတီများမှာ ယခုအခါ ယူအန်အေခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိနေပါသည်။ ယူအန်အေအဖွဲ့ကို ဦးဆောင်နေသူများမှာလည်း ပြီးခဲ့သည့် စစ်အစိုးရ လက်ထက် တစ်လျှောက် အန်အယ်လ်ဒီနှင့် အတွဲညီခဲ့သူများ ဖြစ်ခဲ့ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်နယ်များရှိ ပြည်နယ်လွှတ်တော်များတွင်ပါ မချန် (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မှာ ၀န်ကြီးချုပ်နှင့် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဦးစီးအဖွဲ့တို့ဖြစ်လာနိုင်) ၀င်ရောက်ယှဉ်ပြိုင်သဖြင့် ဝေဖန်မှုအချို့ ရှိနေခဲ့သော် လည်း ရွေးကောက်ပွဲအပြီး အန်အယ်လ်ဒီနှင့် မဟာမိတ်ဖွဲ့နိုင်ခြေ အများဆုံးရှိနေသည့် ပါတီများမှာလည်း ယင်းပါတီများပင်ဖြစ်ပါသည်။ မကြာသေးမီက ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦး၏ အင်တာဗျူး ဖြေဆိုချက် တစ်ခု ကိုကြည့်လျှင် မဟာမိတ်အဖြစ် ဇာတ်လမ်းဆက်ရန်ရှိလာနိုင်ကြောင်း ခန့်မှန်းရနိုင်ပါသည်။
“မဟာမိတ်ကိစ္စက ပြီးသွားပြီလို့ ပြောလို့မရပါဘူး။ ဒေါ်စုအနေနဲ့ သူထင်သလောက် မဖြစ်လာရင် ကျွန်တော်တို့နဲ့ ညွန့်ပေါင်းဖွဲ့ရမှာပါပဲ။ ဒီမိုကရေစီအရ သူ့လာမပြိုင်နဲ့ ကိုယ့်လာ မပြိုင်နဲ့ ပြောလို့မရပါဘူး။ ဒါဆိုကြံ့ခိုင်ရေးကို သွားပြောကြပါလား”ဆိုသည့် ဦးခွန်ထွန်းဦး၏ ပြောစကားကို ကြည့်ခြင်းအားဖြင့် မဟာမိတ်ဇာတ်လမ်း မပြီးဆုံးသေးဟု ခန့်မှန်းရနိုင်ပါသည်။ အခြား ရှမ်းပါတီဖြစ်သည့် ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှာ SNLD ကျားခေါင်းပါတီ၏ အဓိကပြိုင်ဘက် ဖြစ်လာမည်ဟု ဦးခွန်ထွန်းဦးက ပြောဆိုသည်ကို ကြည့်ခြင်းအားဖြင့် အတိုက်အခံချင်းချင်း မဟာမိတ်ကိစ္စ စကားပြောရန်ရှိလာပါက ပြောနိုင်ကြောင်း အချက်ပြသလို ဖြစ်နေပါသည်။
ထို့ကြောင့် ရွေးကောက်ပွဲနေရာချထားမှုတွင် အန်အယ်လ်ဒီနှင့် ၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများ အကြား ထိပ်တိုက်တွေ့စရာ ဖြစ်နေခဲ့သော်လည်း ရွေးကောက်ပွဲ အပြီး ရလဒ်များအပေါ်မူတည်၍မူ နိုင်ငံရေးအခြေနေအရ ဖြစ်လာနိုင်ခြေရှိနေပါသည်။
အကယ်၍ အန်အယ်လ်ဒီ အနိုင်ရခဲ့ပြီး အစိုးရဖွဲ့နိုင်လောက်သည့် ပမာဏပြည့်မီခြင်း မရှိပါက အစိုးရဖွဲ့နိုင်သည့် အမျိုးသားနှင့် ပြည်သူ့လွှတ်တော်နှစ်ရပ်တွင် ၂၀၈ နေရာရှိ ( အရပ်သားကိုယ်စားလှယ်က ၄၉၈ နေရာရှိ)နေသည့် တိုင်းရင်းသားမဲဆန္ဒနယ်များမှ အနိုင်ရသည့် ပါတီများမှာ အရေးပါလာမည်ဖြစ်ပါသည်။ ထို့ကြောင့် မဲဆန္ဒနယ် အများဆုံး ပြည်နယ်ဖြစ်သည့် ရှမ်းပြည်နယ်မှ အဓိကပါတီဖြစ်သည့် SNLD ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၎င်း၏ အဓိကပြိုင်ဘက်မှာ အစိုးရ၊ အာဏာရ ပါတီတို့နှင့် နီးစပ်မှုများရှိနေသည့် ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၏ဟု ဆိုလာခြင်းဖြစ်ပေသည်။
ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အခြားတိုင်းရင်းသား အင်အားစုများကပါ တလေးတစား ဆက်ဆံရသည့် အနေအထားရှိသည့်နည်းတူ ရှမ်းပြည်နယ်အပြင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ရှမ်းတိုင်းရင်းသားများ နေထိုင်ရာ ဒေသအချို့တွင်ပါ အနိုင်ရ လာနိုင်ဖွယ်ရှိနေပါသည်။ အလားတူ ရခိုင်အမျိုးသားပါတီမှာလည်း သူ့နယ်မြေတွင် အစဉ်အလာကောင်းကို ဆက်ထိန်းနိုင်ဖွယ်ရှိနေပါသည်။
အန်အယ်လ်ဒီအနေဖြင့် တိုင်းရင်းသားမဟာမိတ်ဟောင်းများနှင့် ပြိုင်နေသည် ဆိုသော်လည်း လက်ရှိအချိန်အထိ အဓိက တိုင်းရင်းသား မဟာမိတ်ဟောင်းများ အနိုင်ရနိုင်သည့် နယ်မြေများကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် မဲဆွယ်ခြင်း မပြုသေးပေ။ (မှတ်ချက်- ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်အတွင်းပိုင်း မြောက်ပိုင်းရှိ နယ်မြေအချို့) ( ကချင်ပြည်နယ်၊ ကယားပြည်နယ်တို့တွင်မူ ဒေသခံနိုင်ငံရေးပါတီများ သိပ်အားမကောင်းဘဲ အစိုးရအဖွဲ့ဝင်အများအပြား လာရောက်ယှဉ်ပြိုင်မည်ဖြစ်သဖြင့်လည်း အပြိုင်အဆိုင် သွားရောက်မဲဆွယ်ခဲ့ဖွယ်ရှိ)
ယင်းအပြင် ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် မဟာမိတ်ဆန်ဆန် ဆက်ဆံမှုများရှိနေသည့် UNA ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ ( ၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီအများစုပါဝင် ) အနေဖြင့် အပစ်ရပ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးမှုအပေါ်မူတည်၍ တိုင်းရင်းသား အခွင့်ရေး ရနိုင်ခြေအတွက်လည်း မဟာမိတ်ဖွဲ့ရေး စဉ်းစားလာနိုင်ရာ UNA အနေဖြင့် နိုင်ငံရေး အခြေနေအရ အန်အယ်လ်ဒီနှင့် မဟာမိတ်ဖွဲ့လာနိုင်ခြေမှာ ပိုများသည် ဟု ဆိုနိုင်ပါသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှာ ၉၀ ရွေးကောက်ပွဲဝင်ဖြစ်သော်လည်း အာဏာရှင်ကျောထောက်နောက်ခံမှ လာသောကြောင့် ၉၀ ရွေးကောက်ပွဲကာလမှ အနိုင်ရလာသည့် အခြားအတိုက်အခံပါတီများနှင့် ဘ၀တူ မဟာမိတ်ဖွဲ့ရန်ဆိုသည်မှာ လတ်တလောအနေထားအရ မဖြစ်နိုင်ချေ။
၂၀၁၀ အုပ်စုတွေ
၂၀၁၀ ရွေးကောက်ပွဲတွင် အဓိကအနိုင်ရခဲ့သည့်ပါတီများမှာ ပြည်ခိုင်ဖြိုး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကျားဖြူ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်တို့ဖြစ်ပါသည်။ ဖလုံစဝေါ်၊ ကရင်အမျိုးသားပါတီတို့မှာလည်း သက်ဆိုင်ရာ နယ်မြေအလိုက် အနည်းငယ်အနိုင်ရခဲ့သည့် ပါတီများဖြစ်ပြီး တစည၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်တို့တွင်လည်း လွှတ်တော်ကိုယ်စားလှယ်များ ရှိနေခဲ့ပါသည်။
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှာ ၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်နှင့်ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီကို တည်ထောင်ထားပြီးဖြစ်သဖြင့် သမ်္မတအစိုးရ ၊ အတိုက်ခံ မည်သူ့မဟာမိတ်နည်းဆိုသည်ကို ပြောရခက်စေပါသည်။
ပါတီပေါင်းစည်းပြီးနောက် ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအေးမောင်မှာ တစ်ခါတစ်ရံ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ပြောဆိုသည်ကို တွေ့ရသလို တချို့ပါတီလွှတ်တော် ကိုယ်စားလှယ်များမှာလည်း ဦးရွှေမန်းနှင့် နီးစပ်သူ ဦးသိန်းစိန် ထောက်ခံသူဟူ၍ ရှိနေခဲ့ပါသည်။ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီကတော့ အစိုးရအဖွဲ့ဝင် ၀န်ကြီး ၄ ယောက်ရှိခဲ့သည့် ပါတီပီပီ ပြည်ခိုင်ဖြိုး ၊ အစိုးရတို့နှင့် ပိုအလွမ်းသင့်ဖွယ်ရှိနေပါသည်။ ထို့ကြောင့်ပင် ရှမ်းတိုင်းရင်းသားပါတီအချင်းချင်း မပေါင်းဖက်နိုင်ခဲ့သလို မူဝါဒအားဖြင့်လည်း အရေးကြီးသော ဆုံးဖြတ်ချက်များတွင် အစိုးရဘက်ယိမ်းသည်ဟု ဆိုနိုင်ပါသည်။
ပါတီပေါင်း ၉၀ ကျော်အနက် ပြန်ကြည့်လျှင်အများစုမှာ ၂၀၁၀ နောက်ပိုင်းမှ တည်ထောင်သည့် ပါတီများ ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီနှင့် ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ပါတီများအကြား ရွေးကောက်ပွဲကဲ့သို့ ကိစ္စများတွင်ပါ အနည်းနှင့် အများ ဆိုသလို ညှိနှိုင်းထားကြပြီး ဖြစ်ပုံရပါသည်။ နီးစပ်သူများကလည်း ညှိနှိုင်းထားပြီးဖြစ် သည်ဟု ဆိုကြပါသည်။ ဥပမာအားဖြင့် ပအိုဝ့်အမျိုးသားအဖွဲ့ချုပ် PNO ပြိုင်မည့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေများတွင် ပြည်ခိုင်ဖြိုးပါတီမှာ ၀င်ရောက်မယှဉ်ပြိုင်ပေ။)
ပြည်ခိုင်ဖြိုးပါတီတွင်လည်း သူရဦးရွှေမန်းအုပ်စု၊ သမ္မတဦးသိန်းစိန်အုပ်စု စသဖြင့် အားပြိုင်မှု ရှိခဲ့သော်လည်း ပါတီထိန်းနိုင်သူသာ အသာရစတမ်းဖြစ်ရာ ဦးရွှေမန်းအုပ်စုမှာ အတန်ငယ် အားလျော့သွားဖွယ် ရှိနေပါသည်။ နေရာအများစုပြိုင်မည့် အမျိုးသားဒီမိုကရေစီအင်အားစု၊ အမျိုးသား တိုးတက်ရေးပါတီ၊ တောင်သူလယ်သမားပါတီတို့မှာလည်း ၉၀ အုပ်စုနှင့် မဟာမိတ်ဖြစ်နိုင်သည့် အလားအလာ လုံးဝနီးပါးမရှိချေ။
တစ်သီးပုဂ္ဂလအချို့ရှိနေပြီး ဒေသခံပါတီငယ်အချို့ရှိနေသော်လည်း အစိုးရဖွဲ့နိုင်ခြေအရ မဖြစ်နိုင်သဖြင့် အချိန်တန်လျှင် အုပ်စုတစ်စုစုဘက်သို့ ပါသွားမည်သာ ဖြစ်ပါသည်။
သေချာတာက ၉၀ အုပ်စု၊ ၂၀၁၀ အုပ်စုပြိုင်ပွဲ
မည်သို့ပင်ဆိုစေ ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီအများစုမှာ ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBA ကဲ့သို့သော မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းပြီးဖြစ်ရာ ယင်းအဖွဲ့မှာ ၉၀ ရွေးကောက်ပွဲအနိုင်ရ UNA နှင့် တိုင်းရင်းသားဒေသများတွင် အပြိုင်ဖြစ် လာမည် ဖြစ်သည်။
ပြည်သူကိုယ်စားပြုမှုအရလည်း ဒေါ်အောင်ဆန်းစုကြည်ကို အားလုံးကို ကိုယ်စား မပြုဘူးပြော လိုက်၊ UNA အဖွဲ့ဝင်ပါတီများကို တိုင်းရင်းသားအားလုံးကို ကိုယ်စား မပြုဟု ပြောလိုက် အခြေနေမျိုးတွင် ရောက်ရှိနေသည်ဖြစ်ရာ ရွေးကောက်ပွဲ ရလဒ်အပေါ် မူတည်ပြီး လူထုကိုယ်စားပြုမှု၊ တိုင်းရင်းသားကိုယ်စားပြုမှုများမှာ ပိုမိုခိုင်ခိုင် ခံ့ခံ့ ထွက်ပေါ် လာဖွယ်လည်း ရှိနေပါသည်။ တိုင်းရင်းသားဒေသများတွင် ပြိုင်ဆိုင်မှုမှာ ပြင်းထန်လာနိုင်ပြီး ယင်းဒေသများတွင်လည်း ပြန်ခွဲကြည့်ပါက ၉၀ အနိုင်ရနှင့် ၂၀၁၀ အနိုင်ရများဟူ၍သာ တွေ့ ရမည်ဖြစ်သည်။
မကြာမီလာတော့မည့် ရွေးကောက်ပွဲမှာ အလွန်ပင်အရေးကြီးလှသလို စိန်ခေါ်မှုများစွာလည်း ရှိပါသည်။ မာယာထောင်ချောက်တွေနှင့် အချိန်မရွေးတွေ့လာနိုင်သော ရွေးကောက်ပွဲ လည်း ဖြစ်ပါသည်။
ပဋိပက်္ခအလွန်ရွေးကောက်ပွဲဖြစ်နေသလို စစ်တပ်ကျောထောက်နောက်ခံ အာဏာရပါတီ အနေဖြင့်လည်း နဖူးတွေ့ဒူးတွေ့ ပြိုင်ဘက်ကောင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။ ၉၀ ချန်ပီယံဟောင်းများအနေဖြင့်လည်း ၇၅ ရာ ခိုင်နှုန်းသာ ပြိုင်ရမည့် ( လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းအတွက်သာရွေး ၅ ရာ နှုန်းက တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်) အခင်းကျင်းသစ်တွင် မည်သို့မည်ပုံပြိုင်ရတော့မည်ကို ကြည့်ရမည် ဖြစ်သည်။
၂၀၁၀တွင် အနိုင်ရခဲ့သည့် အာဏာရပါတီအပါဝင် တိုင်းရင်းသားပါတီများအနေဖြင့်လည်း ၂၀၁၀ ရွေးကောက်ပွဲထက် ပိုမိုသာလွန်သည့် ပြိုင်ဘက်ကောင်းများကို ရင်ဆိုင်ရတော့ မည် ဖြစ်ပါသည်။
ယခုရွေးကောက်ပွဲတွင် ၉၀ အနိုင်ရအချင်း ချင်း ၊ ၂၀၁၀ အနိုင်ရအချင်းချင်း ထိပ်တိုက်ပြိုင်မည့် မဲဆန္ဒနယ်အချို့ရှိနေသော်လည်း အုပ်စုလိုက်ခွဲခြားရလျှင်မူ ၂၀၁၀ အနိုင်ရအုပ်စုများနှင့် ၉၀ ရွေးကောက်ပွဲအနိုင်ရ အုပ်စုများသာ အဓိကအင်အားစုအနေဖြင့် ကျန်ရှိမည်ဖြစ်ရာ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရအုပ်စုနှင့် ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရအုပ်စုများ အားပြိုင်မည့် ရွေးကောက်ပွဲဖြစ်လာမည်မှာ မုချဧကန်ပင် ဖြစ်ပေသည်။
စိုင်းထွန်းအောင်လွင်

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video