Skip to main content

ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲဖြစ်ရေး “ပိုင်ဆိုင်မှု” ကြေညာပါ

ရွေးကောက်ပွဲ ကော်မရှင်အပေါ် ယုံကြည်မှု မရှိခြင်း၊ မဲစာရင်း လွဲမှားခြင်း စသည်တို့ ဖြစ်ပေါ်နေသည့်တိုင် “လွပ်လပ်ပြီး တရားမျှတသော” ရွေးကောက်ပွဲ၊ “ပွင့်လင်းမြင်သာ၍ အားလုံး ပါဝင်နိုင်ပြီး ယုံကြည် လက်ခံနိုင်လောက်သော” ရွေးကောက်ပွဲကို အမေရိကန်နှင့် အနောက်နိုင်ငံများ၊ လေ့လာစောင့်ကြည့်သည့်
အဖွဲ့များနှင့် ပြည်သူများက တောင်းဆိုနေကြသည်။
အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲ ဖြစ်စေရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သောင်မတင်ရေမကျ ဖြစ်နေချိန်တွင် လက်ရှိ အာဏာရပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း လူထုကို ဆွဲဆောင်ရေးအတွက် ခါတော်မီ လုပ်ဆောင်ချက်များ စတင်နေသည်ကို မြင်ရသည်။ ယင်းအချိန်တွင် ပြည်သူလူထုအများ မေးခွန်းထုတ်နေသော လွှတ်တော် ကိုယ်စားလှယ်များ၏ ပိုင်ဆိုင်မှုကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က တပ်လှန့်နှိုးဆော်လိုက်သည်။
မကြာသေးခင်က ကျင်းပသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုကော်မတီ အစည်းအဝေးတွင် NLD ကိုယ်စားလှယ်လောင်းများ အားလုံးသည် ယင်းတို့၏ မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများ၊ ယင်းတို့၏ ဇနီး၊ ခင်ပွန်းများ၏ မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများ၊ ယင်းတို့၏ အသက် ၁၈ နှစ်အောက် သားသမီးများ၏ အမည်နှင့်ရှိသည့် မရွှေ့ပြောင်း နိုင်သည့် ပစ္စည်းများစာရင်းကို တင်သွင်းရမည် ဖြစ်ကြောင်း၊ ဘဏ်အကောင့်ရှိပါကလည်း နံပါတ်ပေးရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်မှု ရှိပါကလည်း တင်ပြရမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
၂၀၁၂ ခုနှစ်တွင် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုစာရင်း၊ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး ကော်မတီဝင်များ၏ ပိုင်ဆိုင်မှုများ တင်ပြရန် လွှတ်တော်တွင် တင်ပြတောင်းဆိုမှုများ ရှိခဲ့သော် အကြောင်းအမျိုးအမျိုးပြ ကန့်ကွက်ခြင်း၊ လွှတ်တော်၌ မှတ်တမ်းတင်ရုံသာ ပြုလုပ်ခြင်းတို့ဖြင့် ပြီးခဲ့သည်။ သို့သော် ၂၀၁၃ ခုနှစ်တွင်မူ ဝတ်ကျေတမ်းကျေ အားဖြင့် ပြည်ထောင်စု ၀န်ကြီး၊ ဒုတိယ၀န်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ အားလုံးသည် တာဝန် စတင်ထမ်းဆောင်ချိန်မှ စတင်ပြီး ပိုင်ဆိုင်မှုစာရင်းကို သမ္မတ ဦးသိန်းစိန်ထံသို့ “အိတ်ပိတ်” ပေးပို့ခဲ့ကြရသည်။
စစ်ဘက်ရာထူးများမှ အရပ်ဖက် အစိုးရကဏ္ဍများသို့ ပြောင်းရွှေ့လာကြသည့် ဗိုလ်ချုပ်ကြီးဟောင်း၊ ဝန်ကြီးဟောင်းများနှင့် ၎င်းတို့၏ ဆွေမျိုးသားချင်းများသည် ယခင် စစ်အစိုးရလက်ထက်က နိုင်ငံ၏ သယံဇာတများ၊ စီးပွားရေး အခွင့်အလမ်းများကို လက်ဝါးကြီးအုပ်၍ ရရှိလာသော ရုပ်ဝတ္ထု ပိုင်ဆိုင်မှုများ၊ စီပွားရေးလုပ်ငန်းများ လက်ဝယ် ဆက်ရှိနေကြသည်မှာ ပြည်သူအများ သိထားပြီးသော လျှို့ဝှက်ချက်ဖြစ်သည်။
လက်ရှိ အာဏာရ ကြံ့ခိုင်ရေးပါတီနှင့် ပါတီဝင်များ၏ မရှင်းလင်းသော ပိုင်ဆိုင်ထားမှုများ၊ မေးခွန်းထုတ်ခံနေရသော စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု ရှိရန်လိုသည်။
တရားမျှတသည့် ရွေးကောက်ပွဲဖြစ်လာစေရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတားအဆီးများ ဆက်ရှိနေခြင်း၊ ရွေးကောက်ပွဲ ကျင်းပရေး အစီအစဉ်များနှင့် ပတ်သက်၍ လုပ်ပိုင်ခွင့်များသည် အဂတိကင်းသည်ဟု ယူဆရန် ခက်ခဲသည့် ရွေးကောက်ပွဲ ကော်မရှင် လက်ထဲတွင် ရှိနေခြင်း၊ အတိုက်အခံ ပါတီများ၏ လုပ်ဆောင်နိုင်မှု အကန့်အသတ်များ ရှိနေခြင်းတို့ကြောင့် လူထုစိတ်ဝင်စားမှုနှင့် ယုံကြည်မှုတို့ ကျဆင်းနေသည်ကို တွေ့ရသည်။
ရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ပြည်သူလူထုကို စတင်ဆွဲဆောင်ရန် အကောင်းဆုံး ခြေလှမ်းမှာ NLD က ချမှတ်လိုက်သော မူဝါဒကဲ့သို့ လက်ရှိ အာဏာရ ကြံ့ခိုင်ရေးပါတီအတွက် ရွေးကောက်ပွဲ ဝင်မည့်သူများသည်လည်း ထိပ်ဆုံးမှ အောက်ဆုံးအထိ ပိုင်ဆိုင်မှုများကို ထုတ်ဖော်ကြေညာရဲရန် လိုအပ်သည်။
ထို့သို့ ပထမဆုံး ခြေလှမ်းမှ စတင်၍ မလုပ်ဆောင်ဝံ့ဘဲ အနာဂတ် နိုင်ငံရေး အခင်းအကျင်းတွင် ကြံ့ခိုင်ရေး ပါတီသာ ဆက်လက်အုပ်စီးနေပါက ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ပင် မရိုးသားသော နည်းဖြင့် တက်လာသော အစိုးရဟူသော စွဲချက်တင်မှုကို ဆက်လက် တံဆိပ်ကပ်ခံရဖွယ် ရှိနေပေသည်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...