ဒီအရေးတော်ပုံတစ်ခုလုံးကို တာဝန်ခံနေရတဲ့ လူထုခေါင်းဆောင်နဲ့တကွ ကျန်တဲ့
တိုင်းရင်းသားခေါင်းဆောင်တွေ ညီလာတဲ့ အဲဒီညီညွှတ်ခြင်းနောက်မှာပဲ
ကျွန်တော်တို့လိုက်ကြမယ်။ မှန်မှန်ကန်ကန်ဦးဆောင်နိုင်ဖို့ကော နောက်ကနေ ညီညီညာညာလိုက်နိုင်ဖို့က အရေးကြီးဆုံးပါ။
မြန်မာနိုင်ငံရေးအပြောင်းအလဲအတွက် အရေးပါသည့် ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်
လာချိန်တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မဲပေးခွင့်ရှိသူများ ဆန္ဒ
မဲပေးခွင့်ကိစ္စရပ်များပေါ်ပေါက်လာခဲ့သည်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး
အတွက် မဲခွဲဆုံးဖြတ်ချက်များတွင် ပြည်သူများအတွက် ကျေနပ်အားရစရာမရှိသကဲ့သို့
မဲစာရင်းထုတ်ပြန်မှုများတွင်လည်း အမှားများစွာပါဝင်နေသည်ဟု နိုင်ငံရေးလေ့လာ
သုံးသပ်မှုများက ထောက်ပြထားသည်။ ယင်းနှစ်ချက်မှာ ၂၀၁၅ နိုင်ငံရေးအပြောင်း
အလဲအတွက် အရေးကြီးသည့်အချက်များဖြစ်နေရာ ယင်းကိစ္စရပ်များနှင့်ပတ်သက်၍
၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ဦးမင်းကိုနိုင်နှင့် တွေ့ဆုံ
မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - NLD ပါတီနဲ့ ၈၈ မျိုးဆက် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပူးပေါင်းကောက်ခံ
ထားတဲ့ ပြင်ဆင်ချက်လက်မှတ်ငါးသန်းကျော်လည်း လွှတ်တော်ကိုတင်ပြပြီး အခု
လွှတ်တော်က ပြင်ဆင်ရေးအတွက် မဲခွဲဆုံးဖြတ်တဲ့အခါ ရရှိတဲ့မဲအရေအတွက်တွေက
ပြည်သူလိုချင်သလိုဖြစ်မလာတဲ့အပေါ် ဘယ်လို မြင်လဲ။
ဖြေ - လက်မှတ်ငါးသန်းဆိုတာက ကာလတစ်ခုအတွင်းမှာ ကောက်လိုက် ရတဲ့ လူထု
ဆန္ဒပေါ့။ နောက်တစ်ခါ လွှတ်တော်ထဲမှာကျတော့ နှစ်ပိုင်းရှိ တာပေါ့။ ရွေးချယ်
တင်မြှောက်ခံထားတဲ့ ကိုယ်စားလှယ်နဲ့ ဘယ်သူမှမရွေးဘဲ ဝင်ထိုင်တဲ့လူတွေနှစ်ပိုင်း
ရှိတာပေါ့။ အဲဒီတော့ အဓိက က သန်း ၅၀ ကို ကိုယ်စားပြုထားတဲ့သူတွေက ပြင်ချင်
ပြောင်းချင်ရင်တောင်မှ ကာကွယ်ရေးဦး စီးချုပ်တစ်ယောက်ရဲ့ ငြင်းပယ်မှုကြောင့်
ပျက်ရတယ်ဆိုတာ ဒါဒီမိုကရေစီမဟုတ်ဘူး။ အဲဒါရှေ့မှာ ဘာစာလုံးပဲတပ်တပ်
ဒီမိုကရေစီမဟုတ်ဘူး။
မေး - ဖွဲ့စည်းပုံပြင်ဆင်ရေးက တပ်ကြောင့်မပြင်ဖြစ်ဘူးဆိုတာ ပေါ်လွင်သား ပြီ။
ဒါကြောင့် တပ်နဲ့ပြည်သူရဲ့ ဆက်ဆံရေးက ဘယ်လိုဖြစ်လာနိုင်လဲ။
ဖြေ - ဒီမတိုင်ခင်ကတည်းက ကျွန်တော်ပြောတယ်။ ဒါသူတို့အတွက် ပြည်သူ့ ရင်ခွင်ကို
ပြန်ခိုလှုံခွင့်ရဖို့ အခွင့်အရေးရတာပဲ။ ပြန်ပြီးတော့ ခိုလှုံမလား၊ ထိပ်တိုက်ပဲတွေ့မလား။
လူထုဆန္ဒကို ငြင်းပယ်မလားဆိုတာကတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်ပဲ။ စိတ်မကောင်း
စရာက အောက်ခြေက ရဲဘော်အများစု သဘောလို့ ကျွန်တော်မထင်ဘူး။ ထိပ်ပိုင်းက
ဆုံးဖြတ်ခွင့်က တစ်စုံတစ်ယောက်ဆီမှာ ရှိနေခြင်းက ကျွန်တော်တို့တိုင်းပြည်အတွက်
ကောင်းတဲ့အလားအလာတော့မဟုတ်ဘူး။
မေး - ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဘာဆက်လုပ်ဖို့ရှိလဲ။ ဘယ်လိုနည်းတွေ အသုံးပြု
သွားဖို့ရှိလဲ။
ဖြေ - ကျွန်တော်တို့က နံပါတ်(၁) အကြမ်းမဖက်တဲ့နည်းကိုပဲသုံးမယ်။ လူထုလိုက်
်ပါနိုင်တဲ့နည်းကိုရွေးမယ်။ အဲဒီနှစ်ချက်ကတော့သေချာတယ်။ အဲတော့လွှတ်တော်ထဲမှာ
ကြိုးစားတဲ့သူတွေ ကြိုးစားသလို၊ လွှတ်တော်ပြင်ပကလည်း ကြိုးစားရမယ်။ ဘာဖြစ်
လို့လဲဆို ဒီနေ့ရလာတဲ့ အနေအထားပါ။ အပြောင်းအလဲလို့ ခေါ်ချင်ခေါ်မခေါ်ချင်နေ
ဒီအနေအထား အားလုံးဟာ ရုန်းကန်ပြီးတော့မှရလာကြတာ။ အဲဒါလွှတ်တော်မရှိခင်က
တည်းက လွှတ်တော်ပြင်ပက ပြည်သူလူထုရဲ့အားတွေနဲ့ ရုန်းကန်လာကြရတာ။ အဲတော့
ကျွန်တော်တို့ ဟန်ချက်ညီဖို့တော့လိုတာပေါ့။ လူထုခေါင်းဆောင်ရဲ့ စဉ်းစားချက်နဲ့
ကျွန်တော်တို့ရဲ့အကောင်အထည်ဖော်မှုတွေဟာ ကွာဟလို့မရဘူး။ ကျွန်တော်တို့
ဟန်ချက်ညီအောင်လုပ်ကြရမယ်။ တိုင်းသူပြည်သား အပေါင်းပါဝင်နိုင်တဲ့ နည်းလမ်း
လည်းဖြစ်ရမယ်။
မေး - အခု ရွေးကောက်ပွဲကလည်း နီးလာပြီ။ အဲဒီမှာ မဲစာရင်းတွေကလည်း သိသိ
သာသာလွဲမှားနေတဲ့အပေါ် ဘယ်လိုမြင်လဲ။
ဖြေ - နှစ်မျိုးဖြစ်နိုင်တယ်။ ရိုးရိုးသားသားဖြစ်တယ်ဆိုရင်တောင်မှ မဖြစ်သင့် ဘူး။
အဲဒါက
တစ်ပိုင်းပေါ့။ နောက်တခုက ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်ဆိုရင် ကျွန်တော်တို့
ဘယ်လိုလုပ်ကြမလဲ။ ဘာလို့လဲဆို တော်တော်ဆိုးဆိုးဝါးဝါးကြီးဖြစ်နေလို့ပါ။
သေတဲ့လူကပါတယ်။ အသက်ရှင်တဲ့သူက မပါဘူးဆို လူရယ်စရာကြီးဖြစ်နေတယ်။
ဆိုတော့ ဒါက ဘယ်လိုလဲ။ ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေက လွတ်လပ်ပြီး
သန့်ရှင်းတဲ့၊ တရားမျှတတဲ့ ရွေးကောက်ပွဲကို လိုချင်ကြတဲ့အခါကျတော့
အဲမဲစာရင်းထဲမှာပဲ ကျွန်တော်တို့လုပ်အားတွေ၊ အချိန်တွေ အဲဒီမဲစာရင်းထဲ
ခေါင်းစိုက်သွားတာမျိုးဖြစ်လို့ မရဘူးဗျ။ တစ်ဖက်ကလည်း မဖြစ်သင့်တာ
မဖြစ်အောင် မှန်အောင် ကျွန်တော်တို့ကလည်း ဝိုင်းပြင်ရမယ်။ ချင့်ချိန်ကြရမယ်။
ဒါကိုအကုန်လုံးကလိုက်ပြီး နစ်မြုပ်သွားမယ်ဆိုရင် တခြားအရေးကြီးတဲ့
ကိစ္စတွေမှာ မလုပ်နိုင်မှာကို ထည့်စဉ်းစားရမယ်။ တာဝန်ခွဲဝေမှုတွေ
ပိုလာမှာပေါ့ဗျာ။ ဆိုလိုတာက တိုင်းပြည်နဲ့အပြောင်းအလဲ၊ ပေါ်လစီကို
အာရုံစိုက်တဲ့သူတွေက ဆက်လုပ်ကြရလိမ့်မယ်။ တခြားသော လူထု
လှုပ်ရှားမှုတွေရှိမယ်။ အသိနိုးကြားရေးတွေရှိမယ်။ နောက်ပြီးတော့
ရှင်းလင်းတဲ့ လမ်းစဉ်နဲ့ ဘယ်လမ်းကိုသွားမယ်ဆိုတာ ရှင်းပြနေရမယ်။
ဒါက တစ်ပိုင်းပေါ့။ တစ်ပိုင်းကတော့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ၊
အနာဂတ်ကောင်းကျိုးအတွက် စေတနာ့ဝန်ထမ်းတွေက ဒီရွေးကောက်ပွဲ
မဲစာရင်းမှန်ကန်ဖို့နဲ့ မဲလိမ်လို့မရအောင်၊ မဲခိုးလို့မရအောင် ဝိုင်းလုပ်ကြရမယ်။
ဆိုလိုတာက ခါတိုင်းမပါခဲ့တဲ့သူတွေတောင်မှ အဲဒီအခါ ဝိုင်းလုပ်ကြရမယ်။
ပြည့်ကြရလိမ့်မယ်။
မေး - မဲစာရင်းမှန်ကန်ဖို့အတွက် ၈၈မျိုးဆက်ကျောင်းသားတွေအနေနဲ့ ပညာပေးဖို့ရှိလား
ကူညီဖို့ကောရှိလား။
ဖြေ - ကျွန်တော်တို့ အဖွဲ့ခေါင်းစဉ်နာမည်နဲ့ မလုပ်ဖြစ်ရင်တောင်၊ ကျွန်တော်
တို့ထဲက တချို့အင်အားတွေက အဲဒီထဲဝင်ကူကြမှာပေါ့။ ကျွန်တော်တို့က ပင်မရည်
ရွယ်ချက်ဖြစ်တဲ့ ဒီမိုကရေစီအင်အားစုတွေ လွှတ်တော်ထဲမှာ အားကောင်းဖို့ရယ်
ဖွဲ့စည်းပုံကို မရမခြင်းပြင်ဖို့ ကျွန်တော်တို့ ဆက်တိုက်ကြိုးစားရမှာပဲ။ ဒါတွေက
ကျွန်တော်တို့ နားလည်ပြီးသားကိစ္စတွေပါ။ ကျွန်တော်တို့ လှုပ်ရှားရုန်းကန်နိုင်မှ
တန်ရာကြမယ်။ တစ်ခုတော့ ကျွန်တော်တို့ပြောရမယ်။ ရာခိုင်နှုန်း ၆၀ ကျော်နဲ့
၃၀ ကျော်က ဘယ်ဟာများတယ် သိပြီးသားပါ။ ဒါပေမဲ့ အများစုရဲ့ဆန္ဒရှုံးပြီး
အနည်းစုရဲ့ဆန္ဒနိုင်တယ်ဆိုတဲ့ အဲဒီစနစ်မျိုး၊ အဲဒီစည်းမျဉ်းကတော့ ဆက်ပြီးတော့
သဘောတူလို့မရဘူး။ အဲဒါကို မရရအောင် ကျွန်တော်တို့ပြောင်းရမယ်။ အဲဒီအလုပ်ကို
မျက်ခြည်ပြတ်လို့မရဘူး။
မေး - လက်ရှိရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့ ရပ်တည်ချက်ကိုကော ဘယ်လိုမြင်သလဲ။
ဖြေ - ဒီလိုဗျ။ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတဲ့စကားကိုပဲသုံးရမှာ။ ဒီအလုပ်တာဝန်က
ကာယကံရှင်တွေက ဘယ်လောက်တာဝန်ယူသလဲ၊ ဘယ်လောက်တာဝန်ခ
ံသလဲဆိုလိုတာ။ ဒီလိုမျိုး မှားချင်သလောက်မှားမယ်ဆိုတာမျိုးမရဘူး။ အဲဒါက
ဒီကော်မရှင်အလုပ်တစ်ခုတည်းတင် မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့သမိုင်းကို
ပဲကြည့်။ ကျွန်တော်တို့မှီလိုက်တဲ့ သမိုင်းမှာပဲကြည့်၊ ဘာပြောကြလဲ။
တိုင်းပြည်ဟာ အနိမ့်ကျဆုံးဖြစ်သွားတယ်ဆိုတာ နောက်ဆုံးဝန်ခံတယ်။
ဒါပေမဲ့ ငါတို့လည်း စေတနာနဲ့လုပ်ခဲ့တယ်။ ကောင်းမယ်ထင်လို့လုပ်ခဲ့တာပဲကွာ။
ဒီရလဒ်ထွက်သွားတာတော့ မတတ်နိုင်ဘူး။ ဆိုတာ ဒါတာဝန်ခံမှုကင်းမဲ့တဲ့စကားပါ။
ဒီလောက်ကြီးလေးတဲ့ တာဝန်တွေကိုယူမယ်ဆိုရင် တာဝန်ခံစိတ်ရှိမှယူပါ။
တိုင်းပြည်နောက်ဆုံး အနိမ့်ဆုံးအဆင့်ရောက်သွားတယ်။ ဒါကိုဝန်ခံတယ်။
ဒါပေမဲ့ တာဝန်မယူဘူးဆိုတာကတော့ မရဘူး။ အဲဒီတော့ စေတနာဆိုတာ
နဖူးမှာပေါ်လာတာမဟုတ်ဘူး။ စေတနာအကြောင်းတွေ ပြောမယ့်အစား
တာဝန်ယူမှု၊ တာဝန်ခံမှုက အရေးကြီးတယ်။ တာဝန်ဟာကြီးတယ်။
ကြီးတယ်ဆို ရွေးကောက်ပွဲတင်မကဘူး။ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တဲ့
စီမံခန့်ခွဲမှုတာဝန်ယူတဲ့သူတွေက ကိုယ့်အလုပ်အပေါ် ကိုယ်တာဝန်ယူရမယ်။
မေး - လတ်တလော ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်မှာ
မဖြစ်နိုင်တော့ဘူး။ ဒါကြောင့်ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ၈၈ မျိုးဆက်
နဲ့လူထုခေါင်းဆောင် ထပ်မံညှိနှိုင်းဖို့ရှိလား။
ဖြေ - ကျွန်တော်တို့ သေချာပေါက်ညှိနှိုင်းကြရမယ်။ အလုပ်တာဝန်တွေ
ခွဲဝေကြရမယ်။ ကျွန်တော်တို့ အင်အားစုတစ်စုထဲနဲ့ မလုံလောက်တော့ဘူး။
နောက်ထပ် ဒီမိုကရေစီအင်အားစုတွေနဲ့လည်း ပေါင်းပြီးတော့ အလုပ်လုပ်
ကြရမယ်။ အဓိကဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကော၊ တိုင်းရင်းသား
အင်အားစုတွေကောရှိပါတယ်။ တကယ့်ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု
သွားချင်တဲ့သူတွေ ကျွန်တော်တို့သေချာပေါက်ညှိကြရမယ်။ အလုပ်အသစ်
တွေကိုရေးဆွဲကြရမယ်။ ပြီးရင် အလုပ်ထပ်လုပ်ကြရမယ်။
မေး - ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်ထဲ မဲခွဲတာရှုံးနိမ့်ခဲ့တယ်။
ဒါပေမဲ့ ပြင်ဆင်ရေးမှာ ပြည်သူတွေယုံကြည်နေတဲ့ " ပြည်သူလမ်းပေါ်
ထွက်မှရမှာလား” ဆိုတဲ့ လူထုအုံကြွမှုမျိုးဖြစ်လာနိုင်လား။ ပြည်သူ
ကို ဘာအကြံဥာဏ်ပေးချင်လဲ။
ဖြေ - ကျွန်တော်ခုနက ပြောသလိုပေါ့။ အကြမ်းမဖက်တဲ့နည်း၊ ပြည်သူအား
လုံး လိုက်ပါနိုင်တဲ့နည်းဆိုရင် ကျွန်တော်က ကြိုက်ပြီးသားပဲ။ တစ်ခုပဲရှိတယ်။
ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် မသိလိုက်ဘဲဖြစ်သွားတာမျိုးတော့
မဖြစ်စေချင်ဘူး။ ဆိုလိုတာက မတိုင်ခင်ဘဲနဲ့ လုပ်လို့မရဘူး။ အဲဒီအခါတိုင်ပင်
ကြပြီဆိုရင် အများစုလိုက်နာနိုင်တဲ့ နည်းကိုစဉ်းစားကြရမယ်။ ကိုယ်က
အားကောင်းမောင်းသန် အပြေးသန်တဲ့သူတချို့က မနာမကျန်းရှိမယ်၊
မသန်စွမ်းရှိမယ်။ နာလန်ထတာရှိမယ်။ အဲဒါမျိုး အကုန်လုံးလိုက်နိုင်တဲ့
နည်းကိုရွေးကြရမယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က ဒီဟာကိုထပ်လျှော့
မှာမဟုတ်ဘူး။ ဘာဖြစ်လိုလဲဆိုတော့ ပြင်ဆင်ရေးအတွက် လက်မှတ်
ထိုးထားတဲ့ပြည်သူငါးသန်းအတွက် ကျွန်တော်တို့ဆက်ပြီး တာဝန်ယူ
ကြရလိမ့်မယ်။ ဒါကို မေ့ဖျောက်ပစ်လို့မရဘူး။ ဆက်ပြီးတော့ သယ်ကြရမယ်။
အဲဒါ အမြန်ဆုံးရောက်တဲ့နည်းပါ။ ဥာဏ်ပညာတွေကော၊ အစွမ်းသတ္တိကော
အားလုံးပေါင်းကြရမှာပါ။ အားလုံးခေါင်းချင်းပြန်ဆိုင်ပြီးတော့ အကောင်းဆုံး
ရွေးကြရလိမ့်မယ်။
မေး - လက်ရှိ ရွေးကောက်ပွဲနီးနေပြီ ဒါကြောင့် နိုင်ငံရေးအသုံးချလို
မှုတွေကလည်း တွေ့နေရတယ်။ အဲဒီတော့ ရွေးကောက်ပွဲနီးတဲ့အချိန်
ပဋိပက္ခတွေဖြစ်ပေါ်လာနိုင်လား။
ဖြေ - ဘယ် Issue ၊ ဘယ်အကြောင်းအရာမဆို ကျွန်တော်တို့
တိုင်းပြည်မှာ သတိထားတတ်ရင် ပြန်ကြည့်လို့ရပါတယ်။ တချို့
ဟာတွေက မြုပ်ထားတယ်။ လိုအပ်ရင်ကောက်သုံးတာတွေလည်း ရှိတယ်။
သွေးရိုးသားရိုးဖြစ်တာရှင်းလို့ရတယ်။ ရည်ရွယ်ချက်ရှိရှိ လုပ်တယ်
ဆိုရင်တော့ ဘယ်အကြောင်းအရာပဲဖြစ်ဖြစ် အဲဒါတွေက အထိုက်အလျောက်
တော့ ထိခိုက်သူရှိတယ်။ တစ်ခုတော့ရှိပါတယ်။ ကျွန်တော်တို့ပြည်သူတွေက
သိပ်အ, ကြတာတော့ မဟုတ်ပါဘူး။ ဥာဏ်နဲ့စဉ်းစားတတ်တဲ့သူများပါတယ်။
သက်ဆိုင်ရာမြို့နယ်တွေမှာ ကိုယ့်ဒေသကို ကိုယ်တာဝန်ယူတတ်ဖို့
ပြောထားပါတယ်။ လုပ်လည်းလုပ်နေပါတယ်။ တိုင်းပြည်ရဲ့အပြောင်းအလဲမှာ
မလိုလားအပ်တဲ့ အာရုံအပြောင်းအလဲအဖြစ် ထိခိုက်နစ်နာမှုမရှိအောင်
အဲဒီဒေသမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီ တကယ်မြတ်နိုးတဲ့
ခေါင်းဆောင်တွေ အဲဒီအပေါ်မှာ အလုပ်လုပ်နိုင်တဲ့ စေတနာ့ဝန်ထမ်းတွေကို
စုပြီးတော့ ဒီမြို့ဒီရွာမှာ အရေးကြီးတဲ့အလှည့်အပြောင်းမှာ ထောင်ချောက်တွေ
ထဲ အရောက်ပို့ခိုင်းပြီးတော့ ဟန့်တားကြရမယ်။
မေး - ကျွန်တော်မေးမြန်းခဲ့တဲ့အပေါ်မှာကော ဖြည့်စွက်ပြောကြားလိုတာရှိလား။
ဖြေ - ကျွန်တော်တို့ဟာ ဘာမဆို တိုးတက်တဲ့အပြောင်းအလဲဟာ လွယ်လွယ်
နဲ့ရခဲ့တာမဟုတ်ဘူးဆိုတာ အားလုံးအသိပါ။ အဲဒီတော့ နောက်ထပ်ရုန်းကန်
ဖို့လိုအပ်ရင် ကျွန်တော်တို့အားစိုက်မှာပါ။ အဲဒီအချိန်မှာ ညီဖို့ဆိုတာ
လူတိုင်းပြောပါတယ်။ဒါပေမဲ့ ဘယ်လိုညီကြမလဲ၊ ဒီအခါကြတော့ ဒီအရေး
တော်ပုံတစ်ခုလုံးကို တာဝန်ခံနေရတဲ့ လူထုခေါင်းဆောင်နဲ့တကွ ကျန်တဲ့
တိုင်းရင်းသားခေါင်းဆောင်တွေ ညီလာတဲ့ အဲဒီညီညွှတ်ခြင်းနောက်မှာပဲ
ကျွန်တော်တို့လိုက်ကြမယ်။ မှန်မှန်ကန်ကန်ဦးဆောင်နိုင်ဖို့ကော
နောက်ကနေ ညီညီညာညာလိုက်နိုင်ဖို့က အရေးကြီးဆုံးပါ။
ဒီအချိန်မှာ စိတ်ကူးအရ ပုံဖော်ချင်တဲ့ Idea တွေက ပုံစံအမျိုးမျိုး
ရှိပါတယ်။ ဒါတွေက ဆွေးနွေးလို့ရပါတယ်။ ဒါပေမဲံ
တကယ့်တကယ့် အကောင်အထည်ဖော်ပြီဆိုရင် ပြည်ထောင်စုအဆင့်
တစ်ခုလုံးအတွက် တာဝန်ယူနေရတဲ့ ခေါင်းဆောင်တွေရဲ့ ဥာဏ်အမြော်
အမြင်နဲ့ ဆုံးဖြတ်မှုနောက်ကို လိုက်ကြရပါတယ်။
မြန်မာပို့စ် အင်တာဗျူး
The Myanmar Post

Comments
Post a Comment