်ကား ယနေ့တွင် ကျရောက်သော မေလ ၂၇ ရက်နှင့် မေလ ၃၀ ရက်တို့ဖြစ်ပါသည်။
တပ်မတော်၏ သမိုင်းကို ရိုင်းစေခဲ့သော ဖြစ်ရပ်ကြီး ၂ ခုကား ရှေ့လာမည့် အပါတ်အတွင်း နှစ်ပါတ်လည် ပေတော့မည်။ ယင်းတို့သည

ပါတီစုံ ရွေးကောက်ပွဲကြီး
မြန်မာနိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲများကို ပုံစံအမျိုးမျိုးနှင့် ပြုလုပ်ခဲ့ကြရာ ကိုလိုနီ ကျွန်ဘ၀တွင် ၁၉၂၂ ဒိုင်အာခီ အုပ်ချုပ်ရေးမှ စတင်ရေတွက်လျင် ၁၉၄၇ အထိ ၆ ကြိမ်၊ လွတ်လပ်ရေးရပြီးနောက် ၁၉၆၂ အထိ ကြားတွင် ၃ ကြိမ် နှင့်
လမ်းစဉ်ပါတီ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ၄ ကြိမ်၊ စုစုပေါင်း ၁၃ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
၁၉၉၀ မေလ (၂ရ) နေ့ကား ကိုးန၀င်းကျေရန် တပ်မတော် အာဏာသိမ်းအဖွဲ့မှ သေချာကျနစွာ ရက်ရွေးကာ ပြုလုပ်ခဲ့သော ရွေးကောက်ပွဲကြီးပင်၊
ပါတီပေါင်း ၉၃ ပါတီ မှ ကိုယ်စားလှယ်ပေါင်း ၂၂၉၇ ဦးမှ မဲဆန္ဒနယ်မြေပေါင်း ၄၉၂ နေရာတွင် အားတက်သရော ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ မဲဆွယ်စည်းရုံးခွင့်ကို တင်းကျပ်စွာ တားမြစ်ထားသော်ငြား မဲပေးပိုင်ခွင့် ရှိသူ စုစုပေါင်း၏ ၂၀.၈ သန်း အနက် ၁၅.၁ သန်းပါဝင် မဲပေးခဲ့ကြရာ ရွေးကောက်ပွဲသည် နိုင်ငံတကာအမြင်တွင် Legitimate (တရားဝင်) ဖြစ်ယုံမက ကျော်လွန်၍ပင် နေပေသည်။
(Ref: David Steinberg, (2010). Burma/Myanmar - What Everyone Needs to Know.)
တပ်မတော်မှ ၎င်းတို့ဆရာသမားများ ဖွဲ့စည်းခဲ့သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)ကို ဗြောင်ကျကျ ထောက်ခံခဲ့ယုံမျှမက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ကွန်မြူုနစ်များ နောက်ကွယ်မှ ကြိုးကိုင်နေသည်ဟု ၎င်းတို့ ထိမ်းချုပ်ထားသည့် သတင်းစာ၊ တီဗွီ နှင့် ရေဒီယိုတို့မှ နေစဉ်နှင့်အမျှ လှုံ့ဆော် သွေးထိုးခဲ့ကြသည်။
ပြည်သူတရပ်လုံး၏ ညီညွတ်မှု၊ အာဏာရှင်စနစ်ကို အသဲထဲမှ ခါးသီးစွာ ရွံ့မုန်းနေခဲ့မှုတို့ကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၃၉၂ နေရာပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပြီး၊ စစ်တပ်ထောက်ခံသော တစည သည် ၁၀ နေရာသာလျင် အနိုင်ရရှိခဲ့သည်ကို တွေ့ရသည်။
သို့သော်လည်း ထင်သလို မဖြစ်လာခဲ့ရသဖြင့် တစုံတယောက်သောသူကို ကာကွယ်ပေးရန် တာဝန်ရှိလာသောကြောင့်ပြည်သူ့ဆန္ဒကို ကျောခိုင်းကာ စစ်ခေါင်းဆောင်များက နိုင်ငံတကာအလယ်တွင် မျက်နှာပြောင်တိုက်၍ ရွေးကောက်ပွဲ ရလာဒ်ကို အသိအမှတ်ပြုရန် ငြင်းပယ်ခဲ့ကြသဖြင့် တပ်မတော်သည် ကတိမတည်သော အမျိုးသားရေးကို သစ္စာဖေါက်သည့် လက်နက်ကိုင် အဖွဲ့အစည်းတရပ်အဖြစ် ဂုဏ်သိက္ခာ ကျဆင်းခဲ့ရသည်။
ယင်းသည် မြန်မာ့သမိုင်းတွင် ပထမဆုံးအကြိမ် ရွေးကောက်ပွဲရလာဒ်ကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုရမည်ပင်။
နောက်ပိုင်းတွင် ပြည်သူများ ရွေးချယ်တင်မြှောက်ခဲ့ကြသည့် ကိုယ်စားလှယ်များမှာ အဖမ်းခံရသူ ခံရ၊ အချို့မှာလည်း ထွက်ပြေးတိမ်းရှောင် ကြရ သည့် ဘ၀သို့ ရောက်ရှိခဲ့ရသည်။ ထိုဖြစ်ရပ်ကြီးကို နောက်ကွယ်မှ အခါတော်ပေးခဲ့သည့် ဗိုလ်ချုပ်ခင်ညွန့်သည်ပင် ၎င်း၏ အထ္တုပတ္တိတွင် မည်သည့်အတွက်ကြောင့်ပါဟု တလုံးတပါဒမျှ ဆင်ခြေဆင်လက်တက်၍ ပြောဆိုနိုင်ခဲ့ခြင်း မရှိသည်ကို တွေ့ရပေသည်။
ဒီပဲယင်း အရေးအခင်း
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အထက်ဗမာပြည် နယ်လှဲ့ခရီးစဉ်အတွင်း စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်း အရောက်တွင် ၀ါးရင်းတုတ်များကိုင်ဆောင်ထားကြသော လူအင်အား ၂၅၀ ခန့်က ဒေါ်အောင်ဆန်းစုကြည် လိုက်ပါစီးနင်းလာသည့် မော်တော်ယာဉ်တန်းကို ၀င်ရောက်တိုက်ခိုက်ကြရာမှ ကမ္ဘာတွင် ဒီပဲယင်းလူသတ်ပွဲကြီးဟု အမည်ဆိုးဖြင့် ထင်ရှားခဲ့သည့် အရုပ်ဆိုး အကြည်းတန်သည့် ဖြစ်ရပ်ကြီး ပေါ်ပေါက်ခဲ့ရသည်။
အဆိုပါ ဖြစ်စဉ်တွင် ကိုယ်ထိလက်ရောက်ပါဝင်ခဲ့ကြသူများမှာ ရွှေဘိုခရိုင်မှ ကြံဖွံ့အဖွဲ့ဝင် စွမ်းအားရှင်များနှင့် အရပ်ဝတ် ၀တ်ဆင်ထားသော ရဲအဖွဲ့ဝင်များ ဖြစ်ကြသည်။
နောက်ကွယ်မှ စီစဉ်ညွန်ကြားခဲ့ကြသော တပ်မတော်အကြီးအကဲများမှာ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးဝင်း (သွေးကင်ဆာဖြင့်ကွယ်လွန်)၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှုးကြီးတင်လှိုင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ်စိုးနိုင်၊ မန္တလေးတိုင်းတိုင်းမှုး ဗိုလ်ချုပ်ရဲမြင့်နှင့် စစ်ကိုင်းတိုင်းကြံ့ခိုင်ဖွံ့ဖြိုးရေးတာဝန်ခံ သူရအေးမြင်တို့ဖြစ်သည်၊
သူရအေးမြင့် (ယခုပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဌ) ၏ အသေးစိတ် စီမံကွပ်ကဲမှုအောက်တွင် ၃ ရက်ခန့်အလိုမှပင် စွမ်းအားရှင်များကို စစ်ကိုင်း အထက (၂) ကျောင်းထဲတွင် စုရုံးထားပြီး အရက်နှင့် စိတ်ကြွဆေးများကို အလျံပါယ်ထောက်ပံထားခဲ့လေသည်။
ဥက္ကဌ ဦးတင်ဦး ၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်အတူ သံဃာတော်များ၊ အထက်မြန်မာပြည် လူငယ်တာဝန်ခံများ လိုက်ပါလာကြသော ယာဉ်တန်းအပြင် ဆိုင်ကယ် အစီး ငါးဆယ်နှင့် လိုက်လံပို့ဆောင်ပေးသော ဒေသခံလူငယ်များ သည် ဘုတလင်မှ တွက်ခွာလာရာ ဒီပဲယင်းမြို့နယ် အခင်းဖြစ်ပွားရာကျည်ရွာအုပ်စု ၀င် ဘုရားထွက်ကျေးရွာနှင့် ရွာသစ်ကျေးရွာ အနီးသို့ ည ရ နာရီ ခန့်တွင် ရောက်ရှိလာရာ အဆင်သင့် ပြင်ထားသော မီးဆလိုက်များဖြင့် ၀ိုင်းထိုး၍ ဒီပဲယင်း မြို့နယ် မယက ဥက္ကဌ နှင့် မြို့နယ်ရဲတပ်ဖွဲ့မှုးတို့မှ “ရိုက် ရိုက်” ဟူသော အမိန့်သံဖြင့် ၀င်ရောက်ရိုက်နှက်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကားအား ရှေ့တည့်တည့်မှတိုက်ရန် အဆင်သင့် နေရာယူထားသော ဒိုင်နာကားမှ ခေါင်းကို ၀င်မတိုးပဲ အတိုက်ပြ၍ လမ်းဘေးသို့ ဖဲ့မောင်းလိုက်ရာမှ ယင်းကို အခွင်ကောင်းယူ၍ အဆိုပါ ထွက်ပေါက်မှ ဒေါ်အောင်ဆန်းစုကြည်ကား ထွက်ပြေးလွတ်မြောက်သွားရာ မြို့နယ်ရဲမှုးမှ နောက်မှ သေနတ်ဖြင့် ပြစ်ခတ်သဖြင့် ကားဘီးထိမှန်ကာ ပေါက်သွားသော်လည်း ၉ မိုင်ခန့် ဝေးသည့် ရေဦးအထိ အရောက်မောင်းနှင် သွားနိုင်ခဲ့သည်။
တပ်မတော်အစိုးရမှ လေးဦးသာ သေဆုံးခဲ့သည်ဟု စာရင်းထုတ်ပြန်သော်လည်း အနည်းဆုံး ၇၀ ခန့်သေဆုံးခဲ့သည်ဟု သိရသည်။ အရိုက်နှက်ခံရသည့်အပြင် NLD အဖွဲ့ဝင် စုစုပေါင်း ၂၅၆ ယောက် ထပ်မံဖမ်းဆီးခံခဲ့ရသည်။
(ယခင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန်ပေါင်း အစိုးရအဖွဲ့၏ စုံစမ်းရေး အစီရင်ခံစာမှ ကိုးကားသည်)
ဗိုလ်ချုပ်မှုးကြီး သန်းရွှေမှ အာဆီယံအဖွဲ့နိုင်ငံများရှိ သံတမာန်များကို ရေးသားပေးပို့သော ရှင်းလင်းချက်တွင် ယခုလို ၀န်ခံထားခဲ့သည်။ (အဆိုပါ လျို့ဝှက်ရေးသားပေးပို့သော စာမူရင်းကို အင်္ဂလန်တွင်ထုတ်ဝေသော The Financial Time သတင်းစာမှ လက်ဝယ်ရရှိခဲ့ပြီး ၂၀၀၃ ဂျုလိုင်လ ၁၀ ရက်နေ့တွင် အထောက်အထားဖြင့် ရေးသားဖေါ်ပြခဲ့သည်။)
We were “compelled to take firm measures to prevent the country from sliding down the road to anarchy and disintegration” and that the NLD was “conspiring to create an anarchic situation...with a view of attaining power” by June 19, Aung San Suu Kyi’s birthday.
(အင်အယ်ဒီသည် လာမည့် ဂျွန်လ ၁၉ ရက်နေ့ တွင် ကျရောက်မည့် အောင်ဆန်းစုကြည်၏ မွေးနေ့တွင် အာဏာရယူနိုင်ရေး အကြံဖြင့် မင်းမဲ့စရိုက်များ ဖြစ်ပေါ်လာအောင် လျို့ဝှက်စွာ ပူးပေါင်းကြံစည်လာခဲ့ခြင်းကြောင့် မိမိတို့မှ နိုင်ငံတော်အား မင်းမဲ့ဝါဒလွှမ်းမိုးပြီး ပြိုကွဲမည့် အရေးမှ ကာကွယ်ရန် မဖြစ်မနေ ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်။)
ဗိုလ်ချုပ်မှုးကြီး သုံးစွဲခဲ့သော လျို့ဝှက်စွာ ပူးပေါင်းကြံစည်ခဲ့သည် ဆိုသည်စကားမှာ ဒေါ်အောင်ဆန်းစုကြည်မှ သူမ၏ ခရီးစဉ်များအတွင်း နယ်မြေခံလူထုကု လျို့ဝှက် စည်းရုံး၍ ဂျွန်လ ၁၉ ရက်နေ့တွင် အမြို့မြို့ အနယ်နယ်ရှိ အစိုးရရုံးများ၊ ရဲစခန်းများကို လူထုအားကို သုံး၍ တပြိုင်တည်း ၀င်ရောက်စီးနင်းကာ နိုင်ငံတော်အာဏာကို သိမ်းယူရန် ကြံစည်ခြင်းဟု ဆိုလိုခြင်းဖြစ်သည်။
သို့သော်လည်း သူရူးတယောက်၏ ဂယောင်ဂတမ်း ပြောဆိုမှုဟု ဆိုကာ မိတ်ဆွေအာဆီယံနိုင်ငံများကပင် လက်ခံခဲ့ခြင်း မရှိပေ၊
Ref: Aseam Inter-Parlimentary Myanmar Caucus Report
ထို့အပြင် ဒီပဲယင်း အရေးတွင် မိမိအား ဗိုလ်ချုပ်မှုးကြီးမှ တာဝန်ပေးသော်လည်း အကြမ်းမဖက်ခြင်ဟုဆိုသဖြင့် ဗိုလ်ချုပ်စိုးဝင်းမှ ဦးဆောင်လုပ်ခဲ့ဟု ဗိုလ်ချုပ် ခင်ညွန့်မှ မှော်ဝန်းသား ဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း) အမည်ဖြင့် ရေးသားသည့် ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘ၀ အထွေထွေ စာအုပ်တွင် အတိအလင်း ဖေါ်ပြခဲ့သည်။ ထို့အပြင် မီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင်လည်း မိသားစု၏ လုံခြုံရေးကို အာမခံနိုင်က အားလုံးဖွင့်ချမည်ဟုလည်း ထုတ်ဖေါ်ပြောဆိုခဲ့ပြန်သည်။
ဤသည်တို့ကို ကြည့်က ကမ္ဘာသိ အထင်ကရ နိုင်ငံရေး ခေါင်းဆောင်ကြီးတဦးအား နှစ်ရှည်လများ အကျယ်ချုပ်ချထားခဲ့ယုံမျှအားမရပဲ မည်သည့်ရန်ညှိုးမှ မည်မည်ရရ မရှိပါပဲလျက် အာဃာတ တရားဖြင့် ယင်းကဲ့သို့ ကြံစည်ရာတွင် တပ်မတော်ခေါင်းဆောင်များအား စေခိုင်းခဲ့ပြန်သဖြင့် တပ်မတော်သည် တစုံတယောက်၏ လက်ကိုင်တုတ် ဘ၀သို့ ကျရောက်ခဲ့ရပြန်ကာ ဂုဏ်သိက္ခာ ထပ်မံ ညှိးနွမ်းခဲ့ရပြန်ပေသည်။
အဆိုပါ ကမ္ဘာကျော် ဒီပဲယင်း လူသတ်ပွဲကြီးအပါအ၀င် ခေတ်အဆက်ဆက် နှစ်ပေါင်း ၆၀ ကျော် ကာလတလျောက်လုံး ကျောင်းသား သံဃာ နှင့် လူထုကြီးတရပ်လုံးသည် သေသူသေ၊ ဒဏ်ရာရသူရ ၊ ထောင်ထဲတွင် နှစ်ရှည်လများ လူစဉ်မမှီအောင်နေခဲ့ကြရ၊ မိမိတို့ဘ၀များကို ရင်း၍ လက်နက်ကိုင်တိုက်ပွဲဝင်ကြ စသည့် ဖြင့် စနစ်ဆိုးကြီးကို နှစ်ရှည်လများ အတူတူ တစိတ်တည်း တ၀မ်းတည်း တိုက်ပွဲဝင်လာခဲ့ကြသော ညီညွတ်မှု စိတ်ဓါတ်ခွန်အားကို ထိမ်းသိမ်းကာ ယခု ဘုံရန်သူဖြစ်သော စစ်အာဏာရှင်များအား ကွဲလွဲမှုများကို ယာယီ ဘေးချိတ်၍ တစုတစည်းထဲ တိုက်ပွဲဝင်သင့် လှပေသည်။
ဉာဏ်လှိုင်း
Copy paste ပါသည်။

Comments
Post a Comment