Skip to main content

အဖွဲ့ ချုပ်ဥက္ကဋ္ဌ ပြောကြားသည်. အခြေခံ မဲစာရင်းစိစစ်ခြင်းလုပ်ငန်း.



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်
ရပ်ကွက် (၂) အတွင်း လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ ဖြစ်မြောက်ရေးတွင် အဓိကကျသော အခြေခံ မဲစာရင်းစိစစ်ခြင်းလုပ်ငန်းများကို တစ်အိမ်တက်ဆင်းဆောင်ရွက်ခဲ့သည်ကိစ္စအာ့း လွှတ်တော်မှ သတင်းထောက်များမှ မေးမြန်းရာတွင်
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မှပြန်လည်ဖြေကြားခဲ့ သည်

ဒေါ်အောင်ဆန်းစုကြည် မှ ပြန်လည်ဖြေကြားရာတွင်
လက်တွေ့ဆင်းတဲ့အခါ သွားတဲ့အိမ်တော်တော်များများမှာ မဲစာရင်းတွေစစ်ပြီးတဲ့လူတွေတောင်မှ မှားလို့ပြန် ပြင် ရတာရှိတယ်။ ဥပမာဆိုရင် မှတ်ပုံတင်နံပါတ်မှားလို့ပြန်ပြင်ရတယ်။ တစ်ချို့တွေကတော့မကြည့်ရသေးဘူး။ တစ် ချို့ကလည်းမပါဘူး။ တစ်ယောက်နှစ်ယောက်ဆိုရင် မှတ်ပုံတင်ပျောက်တယ်ပေါ့။ ပျောက်တော့ဘယ်လို လုပ်ရ မလဲ ဆိုတော့ အမေတို့က စာရွက်စာတမ်တွေယူသွားတယ်။ ဘယ်လိုအကြောင်ါးအရာကို ဘယ်လိုလုပ် ရ မယ်။ဘယ်လိုပုံစံနဲ့ထပ်ပြီးတော့ ဘာတွေလုပ်ရမလဲဆိုတာ အဲ့ဒါတွေ ပြောခဲ့တယ်။ တော်တော်လိုပါတယ်။ ဘာ ဖြစ်လို့ဆိုတော့ ဒါက လမ်းလေးတစ်လမ်းပေါ့နော်။ လမ်းလေးတစ်လမ်းကို ၂နာရီ ကြာတယ်။ လမ်းလေး တစ် လမ်းတည်းမှာတောင်မှ အဲ့သလို တော်တော်များများကသူတို့ တစ်ချို့ကတော့ ပြင်ပြီးပြီ မှားးတာတွေက မှား တာပဲ။ မကြည့်ရသေးတဲ့လူတွေရှိတယ်။ မပါဘူးဒါပေမယ့် ဘာလုပ်ရမှန်းမသိတဲ့လူတွေရှိတယ်။ အဲ့တော့ အဲ့ဒီ ဟာကတာ့ တော်တော်လုပ်ယူရမယ့်ကိစ္စပဲ။ ပါတီဝင်တွေကို တရားစွဲထားတဲ့ကိစ္စ အဲ့ဒီကိစ္စက ပထမသူတို့ကလုပ်ပိုင်ခွင့်မရှိဘူးလို့ပြောတယ်။ လုပ်ပိုင်ခွင့်မရှိဘူးဆိုတော့ ဒီဟာတော်တော် စဉ်းစားရမှာပေါ့။ ဥပဒေအရလုပ်ပိုင်ခွင့်ရှီတယ်ဆိုတာ သေသေချာချာခိုင်ခိုငမာမာပြောပြီးတဲ့အခါမှာ သွားတုန်း ကဘာမှမဖြစ်ပဲနဲ့ နောက်တော့မှ ပိုင်နက်ကျူးကျော်မှုဆိုပြီးတော့ အဲ့လိုလုပ်တယ်။ ဒီအိမ်ထဲဝင်ဖို့ဆိုတာ အိမ်ရှင် က ၀င်ပါလို့မပြောပဲနဲ့ဝင်လို့မရဘူး။ နောက်ပြီးတော့ ၀င်တုန်းကလည်းသက်သေတွေရှိတယ်။ အဲ့ဒီအိမ်ထဲမှာ တစ်ခြားသူတွေရှိတယ်။ ဘယ်သူတွေရှိတယ်ဘာတယ်ဆိုတာတော့ အမှုဖြစ်ရင် ရုံးမှာပေါ်မှာပေါ့။ ဒီဟာက သွားပြီးတော့ မလုပ်စေချင်လို့ခြိမ်းခြောက်တဲ့သဘောလို့အဲ့ဒီလိုယူဆနိုင်စရာအကြောင်းဖြစ်နေတာပေါ့နော်။။ ဒါတကယ်ပဲ ခြိမ်းခြောက်တာလားး ဆိုတာတော့ ပေါ်မှာပေါ့။ ဒါပေမယ့် သွားတုန်းက တော့အိမ်ရှင်က၀င်ခွင့်ပေးလို့ဝင် သွား တာပဲ။ ဘာမှလည်း လုပ်တာမဟုတ်ဘူး ပိုင်နက်ကျူးကျော်မှု ဒီကစ္စပဲ မဲစာရင်းမှာပါသလား၊ အကယ်၍ ကျွန်မ တို့မသိချင်ပါဘူး။ အချိန်မရှိပါဘူးဆိုရင်လည်း ပြန်သွားရုံပဲပေါ့။ အမေတို့သွားတုန်းကလည်း ဒီပုဗ္ဗမှာ သွား တုန်း ကလည်း ပထမမေးပါတယ်။ ၀င်လို့ရမလားလို့။ ၀င်ပါဆိုတဲ့အခါကျတော့မှ ၀င်ပြီးဒီကိစ္စကိုပြောတာပေါ့။ ခြုံပြောရမယ်ဆိုရင် အခုနည်းနည်း စဉ်းစားရမှာက အချို့အဖွဲ့အစည်းတွေကလည်း အမေတို့လုပ်သလို သူတို့လိုပ်လုပ်ချင်ပေမယ့်လည်း သူတို့ အဖွဲ့ကို ပေးဖို့ဆိုတဲ့ပုံစံနဲ့မက်လုံးပေးတဲ့ ပုံစံဖြစ်ဖြစ် ခြိမ်းခြောက်တဲ့ပုံစံဖြစ်ဖြစ်နဲ့ လုပ်မှကိုလည်း သတိထားရမယ်။ အမေတို့ကတော့ ဘယ်ပါတီအတွက် ဘယ်ပါတီအတွက် ဆိုပြီးလုပ်တာမဟုတ်ဘူး။ ကိုယ့်ပါတီတော့မဲပေးစေချင်တာပေါ့။ ဒါကတော့ ပြောင်ပြောလို့ရပါတယ်။ ဒါပေမယ့်
မဲစာရင်းထဲမှာပါဖို့ကအဓိက မဲစာရင်းထဲမှာပါပြီးရင် ဘယ်ပါတီကိုမဲပေးမယ်ဆိုတာ ကိုယ်သိပိုင်ခွင့်လည်းမရှိဘူး။ကိုယ့်ပါတီကိုမဲပေးမှာသေချာလို့လိုက်ပြီးတော့ နာမည်စာရင်း ပါဖို့လုပ်ပါတယ်ဆိုရင် တစ်ခုခုမဟုတ်တော့ဘူး။ ဒါလွတ်လပ်မှုမရှိတော့ဘူး။ မိသားစုတစ်ခုတည်းမှာတောင်မှ မဲပေးတာတစ်ယောက်နဲ့တစ်ယောက် တူချင်မှတူမှာ။ ယောက်ျားကတစ်မျိုးပေးရင်ပေးမယ်။ အမျိုးသမီးကတစ်မျိုးပေးရင်ပေးမယ်။ တစ်မိသားစုတည်းကပဲ သားသမီးးတွေကပေးချင်တဲ့ပါတီပေးမယ်။ ကိုယ့်ပါတီကိုမဲပေးပါမယ်လို့ ဘယ်လိုမှပြောလို့မရဘူး။ အမေတို့လည်းဒီအတိုင်းမပြောဘူး။ ဘာမှလည်းပြောစရာမရှိဘူး။ ပေးစေချင်တာပေါ့။ အမေတို့ကတော့ပြောင်ပြောတာလေ။ ဘယ်သူမတဆို ပြုပြင်ပြောင်းလဲမှုတကယ်လိုချင်ရင် အင်န်အယ်လ်ဒီမဲပေးပေါ့။ ဒါတော့ သတင်းထောက်တွေကိုလည်းဒီအတိုင်းပဲပြောတာပဲ။ ဒါပေမယ့် လွတလပ်စွာမဲပေးပိုင့်ခွင့်ကို တကယ်လေးစားတယ်ဆိုရင်တော့ ဒီအိမ်ကတော့ အင်န်အယ်လ်ဒီအိမ်ပဲ။ ဒီအိမ်ကတော့ တစ်ခြားပါတီအိမ်ပဲလို့ ဒီလိုသတ်မှတ်လို့မရဘူး။ ထောက်ခံတဲ့လူတွေရှိမယ်လို့တော့ ကိုယ့်ဟာကိုယ် မျှော်လင့်ရမှာပေါ့။ ကြုံသလိုတော့သွားမှာပေါ့။ ဒါပေမယ့် အဲ့ဒါနည်းနည်းတော့ အချိန်ကုန်တယ်။ အမေကိုယ်တိုင်သွားဖို့ဆိုတာ ပုဗ္ဗမှာ တစ်လမ်းတည်းကိုတောင် ၂နာရီခွဲလောက်ကြာတယ်။ ၂နာရီခွဲသုံးနာရီလောက်ကြာတယ်။ အဲ့တော့ အဲ့ဒါတော့ အချိန်တော်တော်ယူရမယ်။ သို့သော်ငြားလည်း အားလုံးကိုပေါ့ ဥပမာ သားတို့မီဒီယာ တွေကလည်း လုပ်ကြလေ။ အားလုံးလုပ်ပိုင်ခွင့်ရှိတာပဲ။ ဒါအားလုံးမှာတာဝန်ရှိတယ်လေ။ ပြည်သူတွေမှာ တာဝန်လည်းရှီတယ်။ လုပ်ပိုင်ခွင့်လည်းရှိတယ်။ တစ်ခြားသူတွေလည်း တတ်နိုင်သမျှ လုပ်နိုင်အောင်လုပ်။ နောက်တစ်ခုက ဇဗ္ဗူသီရိမှာ ဒီဟာကို လုပ်ပိုင်ခွင့်မရှိသလိုလို ဥပဒေနဲ့မညီသလိုလို လုပ်တာကိုး။ ဒါရှင်းရှင်းလင်းလင်း ဥပဒေနဲ့ကိုက်ညီတယ်။ ဥပဒေအရသာ လုပ်နေတာဆိုတာလည်း အများကိုသိစေချင်တယ်။ တရားရုံးမှာရင်ဆိုင်မှာပေါ့။ ဥပဒေအရရင်ဆိုင်မှာပေါ့။ အခုကမဆွဲသေးဘူးလေ။ ရဲစခန်းကိုပဲ တိုင်ပြီးပြီ။ တရားစွဲတဲ့ အဆင့်တော့မရောက်သေးဘူး။ တရားစွဲတဲ့အဆင့်ရောက်ရင်လည်း တရားဥပဒေအရရင်ဆိုင်မှာပေါ့။ အဲ့ဒီကိစ္စ ကော်မရှင်ကိုအကြောင်းကြားဖို့လိုရင်လည်း အကြောင်းကြားရမှာပေါ့။ ဒါကတော့ ဥပဒေအရလုပ်ရမှာပေါ့။
ဒေါ်အောင်ဆန်းစုကြည်
ပြည်သူ့ လွှတ်တော် အစည်းအဝေးမစတင်မှီပြောကြားသည်

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...