Skip to main content

သမ္မတလောင်း ရောဂါထနေတဲ့ အာဏာရပါတီကြီး ခင်ဗျား … ပြည်သူနိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ပြည်သူ့ဆန္ဒမျက်နှာမူပေးပါဦး – လင်းထိုက်(Y.I.T)

သမ္မတဦးသိန်းစိန် သမ္မတအဖြစ် ၀င်အရွေးခံမယ်လို့ ယတိပြတ် မပြောကြားတဲ့အချက် ကလည်း ပြည်ခိုင်ဖြိုးပါတီရဲ့ မူဝါဒအရ ဖြစ်နိုင် ပါတယ်။ ပြည်ခိုင်ဖြိုးပါတီမှာ ဥက္ကဋ္ဌတွေဖြစ်ကြတဲ့ ဦးသိန်းစိန်၊ ဦးရွှေမန်းတို့ထက် ပါတီဗဟိုကော်မတီ အတိုင်ပင်ခံတွေဟာ ပိုသြဇာရှိပါတယ်။ (ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ အတိုင်ပင်ခံ ဦးအောင်သောင်းရဲ့ အင်တာဗျူးများ ကို လေ့လာကြည့်ရင် တွေ့နိုင် ပါတယ်) ပြည်ခိုင်ဖြိုး ဗဟိုကော်မတီ အတိုင်ပင်ခံတွေဟာ အရင်အာဏာပိုင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အထူးယုံကြည် စိတ်ချရသူတွေဖြစ်ပြီး ၂၀၁၅ ရဲ့ သမ္မတလောင်းရွေးချယ်မှုမှာ အခရာကျလာဖွယ်ရှိပါတယ်။ ဒါမှမဟုတ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သြဇာလက်တံဟာ ၂၀၁၅ ထိ ရှိနေဦးမယ် ဆိုရင်တော့ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂၀၁၅ ဧပြီလကုန်မှာ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ John Boehner ရဲ့ ဖိတ်ကြားချက်အရ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း အမေရိကန် ပြည်ထောင်စုကို သွားပါတယ်။ ၀ါရှင်တန် ဒီစီရောက်ခိုက် VOA သတင်းဌာနနဲ့ သူရဦးရွှေမန်းဟာ တွေ့ဆုံမေးမြန်းခန်း တစ်ခု ပြုလုပ်ခဲ့ပါတယ်။ VOA ရဲ့ မေးမြန်းချက် တွေထဲ က မေးခွန်းတစ်ခုက စိတ်ဝင်စားစရာ ကောင်းပါတယ်။

VOA။ ။ ဟုတ်ကဲ့၊ ရွေးကောက်ပွဲ ပြီးသွားတဲ့ အခါကျလို့ရှိရင် အများစု အနိုင်ရရှိတဲ့ ပါတီအနေနဲ့ အဓိက အားဖြင့်တော့ ဒုသမ္မတလောင်းတွေ၊ သမ္မတလောင်းတွေ တင်သွင်းရမှာပေါ့လေ။ အဲဒီအခါကျရင် သမ္မတလောင်း အဖြစ် တင်သွင်းခံယူဖို့ စိတ်ဝင်စားမှုရှိတယ်ဆိုတာ ဥက္ကဋ္ဌကြီး ပြောထား ခဲ့ပြီးပါပြီ။ ဒီနေရာမှာ ကျွန်တော်တို့လည်း သိပ်တော့ မရှင်းလင်းတဲ့ အချက်တစ်ခု ရှိပါတယ်။

အထူးသဖြင့် ဒါ အမေရိကန် ပြည်ထောင်စုဆိုတော့ အမေရိကန်မှာ လက်ရှိပါတီတစ်ခုရဲ့ သမ္မတဟာ သက်တမ်းနှစ် ဆက်အထိ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတော့ ဒီသမ္မတ တစ်ယောက်ဟာ ဒုတိယ သက်တမ်းမှာ သူကိုယ်တိုင်ဝင်ပြီးတော့ အရွေးခံမယ်ဆိုရင် သူ့ရဲ့ပါတီအနေနဲ့ နောက်ထပ် Candidate (ပြိုင်ဘက် သမ္မတလောင်း) တစ်ယောက်ပေါ့နော်။ တင်သွင်းဖို့ဆိုတာ မရှိပါဘူးခင်ဗျ။ အဲတော့ ဒီအချက်အလက်က မြန်မာနိုင်ငံမှာ ရှင်းလင်းပြီလားခင်ဗျ။ ဥပမာအားဖြင့် ပြည်ခိုင်ဖြိုးပါတီဆိုရင် သမ္မတကြီး ဦးသိန်းစိန်က လာမယ့်သက်တမ်းမှာ သမ္မတအဖြစ် ဆက်လက် တာဝန်မယူဘူးဆိုမှ ပြည်ခိုင်ဖြိုးပါတီက ဥက္ကဋ္ဌကြီးတို့ကို ဒါမှမဟုတ် တခြားအမည်စာရင်း တင်သွင်း၊ တင်ထိုက်တဲ့သူတွေကို တင်မှာလား၊ ဘယ်လိုလုပ်ငန်းစဉ် လဲဆိုတာ ကျွန်တော်တို့ မရှင်းဘူးဖြစ်နေပါတယ်။ အဲဒါလေး နည်းနည်းရှင်းပြပေးပါ။

ဦးရွှေမန်း။ ။ ဒီကိစ္စက ပါတီတွင်းကိစ္စ ဖြစ်ပါတယ်။ မှန်ပါတယ်။ မြန်မာနိုင်ငံမှာလည်း သမ္မတအနေနဲ့ သက်တမ်း နှစ်ကြိမ်တိုင် လုပ်ခွင့်ရှိပါတယ်။ ပထမအကြိမ် သက်တမ်းမှာလည်း ပါတီရဲ့မူဝါဒအရ မည်သူက ပါတီရဲ့ သမ္မတလောင်း ဒီလိုသတ်မှတ်ထားသလို လာမယ့် လာမယ့် ရွေးကောက်ပွဲတွေမှာလည်း ဒီလိုပဲ ပါတီရဲ့ သတ်မှတ်ချက်အရ ပါတီဝင်တစ်ယောက် အနေနဲ့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒီမေးခွန်းဟာ သာမန်ကြည့်ရင် ရိုးစင်းတဲ့ မေးခွန်းတစ်ခုဖြစ်ပေမယ့် ပြည်ခိုင်ဖြိုးပါတီရဲ့ သမ္မတလောင်း (ဒုသမ္မတ) တစ်ဦး ဘယ်သူ့ကို ရွေးချယ်မယ်ဆိုတာ မြန်မာ့နိုင်ငံရေး ရပ်ဝန်းကြား အာရုံအထူးစိုက်နေ ကြတဲ့အတွက် စိတ်ဝင်စားဖွယ် မေးခွန်းလို့ ဆိုရခြင်းဖြစ်ပါတယ်။

(လွှတ်တော်တစ်ရပ်ရပ်မှာ မဲအများစု ရခဲ့သည်ဖြစ်စေ၊ မဲအများစုရနိုင်တဲ့ အနိုင်ရ ပါတီ ကိုယ်စား လှယ်တွေရဲ့ ထောက်ခံမှုနဲ့ သမ္မတလောင်း (ဒုသမ္မတ) တစ်ယောက် တင်သွင်းရတော့မယ်ဆိုရင် ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ သမ္မတလောင်းတစ်ယောက် ကျိန်းသေ ရွေးချယ်ထားရမှာပါ)။ လက်ရှိမှာ သူရဦးရွှေမန်းက သမ္မတဖြစ်ချင်တယ် လို့ အကြိမ်များစွာ ပြောခဲ့ဖူးပေမယ့် လက်ရှိသမ္မတ ဦးသိန်းစိန်ကတော့ နောက်ရာထူး သက်တမ်းမှာ သမ္မတလောင်းအဖြစ် ၀င်ရွေးမယ်လို့ ယတိပြတ် ပြောကြားထားတာ မရှိသေးဘဲ ပြည်သူကဆန္ဒရှိရင် ဆက်လုပ် ပါမယ်လို့သာ ဝေေ၀၀ါးဝါး ပြောကြားထားတာ ရှိပါတယ်။ ကာချုပ်ကိုလည်း သမ္မတလောင်းအဖြစ် ထင်ကြေး ပေးကြပေမယ့် ကာချုပ်ကတော့ ၀င်ရွေး၊ မရွေး ယတိပြတ် စကားပြောကြားခြင်း မရှိပါဘူး။

သူရဦးရွှေမန်းကတော့ သမ္မတ ရည်မှန်းချက်ပြင်းပြသူဆိုတာ လက်ရှိအင်တာဗျူးမှာတင် ဖြေကြားချက်များ အရကို ထင်ရှားပေါ်လွင်နေပါတယ်။ VOA က သမ္မတ ရာထူး ထမ်းဆောင်ခွင့်ရရင် လက်ရှိသမ္မတထက်ပိုပြီး သာလွန်အောင် ဘာတွေများ လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ယူဆပါသလဲ ခင်ဗျာလို့ မေးမြန်းရာမှာ သူရဦးရွှေမန်း ပြန်လည်ဖြေကြားရာမှာ-

( ဦးရွှေမန်း။ ။ သမ္မတရာထူးအဖြစ် ထမ်းဆောင်ရမယ်ဆိုရင် ဒီနေ့လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက် အနေနဲ့ တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေ၊ အတွေးအမြင်တွေရယ်၊ ပြီးတဲ့အခါမှာ တခြားတခြား အစိုးရ အဖွဲ့ အစည်း များရဲ့ လုပ်ဆောင်ချက်တွေရယ်၊ မိမိအစိုးရအဖွဲ့အစည်းများရဲ့ လုပ်ဆောင်ချက်တွေ ရယ် တော်တော်လေး လေ့လာ ထားရှိပြီး ဖြစ်ပါတယ်။ လွှတ်တော်နဲ့အစိုး ရကြား ဆောင်ရွက်မယ့် ကိစ္စတွေ ပြေပြစ်ချောမွေ့ပြီး အောင်မြင်နို င်စေမယ့် အချက်တွေလည်း တွေ့ရှိထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ခုနက ဆွေးနွေးခဲ့သလို နယကအဖွဲ့ဝင်အဖြစ် ၁၉၉၇ ခုက စပြီးတော့ ဆောင်ရွက်ခဲ့တယ်။ ဒီမှာ ထူးထူးခြားခြား တပ်မတော်ရဲ့ ထိပ်တန်းခေါင်းဆောင် အဖြစ်နဲ့ နယကအဖွဲ့မှာလည်း ပိုပြီးတော့ မြင့်မားတဲ့ တာဝန်ထမ်းဆောင်ခဲ့ရတဲ့ အတွေ့အကြုံတွေ များစွာရှိပါတယ်။ လေ့လာ မှုလည်း များစွာရှိပါတယ်။ ဒါကြောင့်မို့လည်း အဲဒီအတွေ့ အကြုံတွေ၊ အဲဒီလေ့လာမှုတွေ၊ စေတနာတွေ၊ လုပ်နည်းလုပ်ဟန်တွေက မိမိ ထမ်းဆောင်ရမယ့် မည်သည့် တာဝန်မဆို ပိုပြီးတော့ ကောင်းမွန်စွာ ဆောင် ရွက်နိုင်မယ်လို့ မိမိက ယုံကြည်ပါတယ်)

ဦးရွှေမန်းရဲ့ ဖြေကြားချက်ကို လေ့လာကြည့်ရင် သမ္မတအရည်အချင်းနဲ့ ပြည့်စုံသူဖြစ်ကြောင်း မိမိကိုယ် ကိုယ် လော်ဘီ လုပ်သွားတာဟာဖြင့် သမ္မတ ရည်မှန်းချက် ပြင်းပြသူတစ်ယောက် အဖြစ်ကို ပေါ် လွင်စေခဲ့ပါတယ်။ အမှန်တော့ လွှတ်တော် နာယက သူရဦးရွှေမန်းဟာ စစ်အစိုးရခေတ်က နံပါတ်(၃)အဆင့်ရှိပြီး လက်ရှိသမ္မတ ဦးသိန်းစိန် (စစ်အစိုးရခေတ် ၀န်ကြီးချုပ်) ထက် တပ်ပိုင်းဆိုင်ရာမှာ စီနီယာပိုကျပါတယ်။ ဒါကြောင့်ပဲ ၂၀၁၀ ရွေးကောက်ပွဲ အလွန်မှာ ဦးရွှေမန်းသမ္မတ ဖြစ်လာမယ်လို့ ရေပန်းစားခဲ့ပါတယ်။ ဒါပေမဲ့ အရင်အာဏာပိုင် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဦးသိန်းစိန်ကို သမ္မတအဖြစ် ရွေးချယ်ခဲ့တယ်လို့ ကြံ့ခိုင်ရေး အတိုင်ပင်ခံ ဗဟိုကော်မတီဝင်တစ်ဦးက ပြောကြားခဲ့ဖူးပါတယ်။ လက်ရှိ ၂၀၁၅ မှာတော့ သူရဦးရွှေမန်းအနေနဲ့ သမ္မတ ရာထူးကို လိုချင်မှု ထက်ထက်သန်သန် ရှိနေတာကို တွေ့ရပါတယ်။

သူရဦးရွှေမန်းနဲ့ သမ္မတဦးသိန်းစိန်တို့ကြား ပွတ်တိုက်မှု၊ အားပြိုင်မှုတွေ ရှိနေတယ်လို့ သုံးသပ်နေကြတဲ့ လက်ရှိ ကာလမှာ သူရဦးရွှေမန်းရဲ့ သမ္မတအိပ်မက်လေထဲ လွင့်ပြယ်သွားနိုင်တဲ့ အခြေအနေတစ်ရပ် ရှိနေပါတယ်။ ““သမ္မတ ဦးသိန်းစိန်အနေနဲ့ နောက်သမ္မတ သက်တမ်းအတွက် သမ္မတလောင်းအဖြစ် ၀င်အရွေးခံမယ်လို့ တိုင်းပြည်ကို ကြေညာလိုက်ရင်တော့ သမ္မတ ဖြစ်ချင်စိတ် ဆန္ဒပြင်းပြတဲ့ သူရဦးရွှေမန်း အသည်းကွဲရကိန်း ရှိပါတယ်””

ဒါပေမဲ့ သမ္မတ ဦးသိန်းစိန် သမ္မတအဖြစ် ၀င်အရွေးခံမယ်လို့ ယတိပြတ် မပြောကြားတဲ့ အချက်ကလည်း ပြည်ခိုင်ဖြိုးပါတီရဲ့ မူဝါဒအရ ဖြစ်နိုင်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီမှာ ဥက္ကဋ္ဌတွေဖြစ်ကြတဲ့ ဦးသိန်းစိန်၊ ဦးရွှေမန်းတို့ထက် ပါတီဗဟိုကော်မတီ အတိုင်ပင်ခံတွေဟာ ပိုသြဇာရှိပါတယ်။ (ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ အတိုင်ပင်ခံ ဦးအောင်သောင်းရဲ့ အင်တာဗျူးများကို လေ့လာကြည့်ရင် တွေ့နိုင်ပါတယ်) ပြည်ခိုင်ဖြိုး ဗဟိုကော်မတီ အတိုင်ပင်ခံတွေဟာ အရင်အာဏာပိုင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အထူးယုံကြည် စိတ်ချရသူတွေဖြစ်ပြီး ၂၀၁၅ ရဲ့ သမ္မတလောင်း ရွေးချယ်မှုမှာ အခရာကျလာဖွယ်ရှိပါတယ်။ ဒါမှမဟုတ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သြဇာလက်တံဟာ ၂၀၁၅ ထိ ရှိနေဦးမယ်ဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီးရဲ့ သမ္မတလောင်း ရွေးချယ် မှုကို စောင့်ဆိုင်းနေရဖွယ် ရှိပါတယ်။ လက်ရှိ ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာ တပ်ကထွက်၊ ပြည်ခိုင်ဖြိုးပါတီထဲဝင်။ သမ္မတလောင်း တင်သွင်းခံရမယ် ဆိုရင်တော့ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီကြား ကတိက၀တ်တွေ ရှိတယ်လို့ ပြောကြားခဲ့ဖူးတဲ့ ဗဟိုကော်မတီ အတိုင်ပင်ခံ တစ်ဦးရဲ့ပြောကြားချက်ကို သက်သေထူပြီးသား ဖြစ်သွားနိုင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စီမံအကွက်ချပေးထားတဲ့ အခင်းအကျင်းအရဆိုရင် တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီကြား ကတိက၀တ်ဟာ ၂၀၁၅၊ ၂၀၂၀ လောက်အထိကို မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်း ထားပုံ ပေါ်ပါတယ်။

၂၀၁၁ ကနေ လက်ရှိ ၂၀၁၅ အထိ သမ္မတဦးသိန်းစိန်၊ လွှတ်တော်နာယက သူရဦးရွှေမန်းတို့ရဲ့ ကတိစကားတွေ ပျက်ကွက်မှုရဲ့နောက်ကွယ်မှာ ကစားကွက်တွေ ပြောင်းပြောင်းပြီး ဆုံးဖြတ်ချက်ချပေးနေတဲ့ ပါဝါလက်တံကြီးတစ်ခု ရှိနေတယ်လို့လည်း သုံးသပ်ချက်ချနိုင်ပါတယ်။ ဘယ်လိုပဲ လူချင်း ပွတ်တိုက်တယ် ပြောပြော၊ အားပြိုင်တယ်ပြောပြော မူအားဖြင့်တော့ လက်ရှိအစိုးရ၊ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီ အင်အားစု ၃ ခုလုံးဟာ ၂၀၁၅ ရွေးကောက်ပွဲကို ညီညာဖြဖြ လက်ချင်းချိတ်ဆက်ပြီး ၂၀၁၅ အလွန် အစိုးရဖွဲ့နိုင်ရေး၊ သမ္မတ တစ်ဦး ပေါ်ထွက်လာရေးအတွက် ဗျူဟာအဆင့်ဆင့် ချမှတ်ပြီး အစွမ်းကုန်ကြိုးပမ်း အကောင်အထည် ဖော်ကြမှာပဲ ဖြစ်ပါတယ်။ လက်ရှိအစိုးရ၊ လွှတ်တော်နဲ့ ကြံ့ခိုင်ရေး ပါတီမှာ လွှမ်းမိုးထားတာကလည်း စစ်ဗိုလ် ချုပ်ဟောင်းတွေသာ ဖြစ်တဲ့အတွက် ပြည်သူ့ထောက်ခံမှု အားနည်းပေမယ့် ငွေကြေးအင်အား၊ အာဏာ အင်အားတို့ကို အသုံးချပြီး ၂၀၁၅ ရွေးကောက်ပွဲအလွန် အာဏာတည်မြဲရေး (၀ါ) အာဏာမယိမ်းယိုင်ရေး အတွက် တပ်မတော်ကို ကျောရိုးပြုပြီး အားထုတ် ကြိုးပမ်းကြဦးမှာပါပဲ။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ ပြည်သူ့ထောက်ခံမှုကလွဲရင် အဘက်ဘက်က သာလွန်တဲ့ အနေအထားမှာ ရှိနေပါတယ်။

၁။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊

(က) တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၊

(ခ) ကာချုပ်ရဲ့ ပါဝါမြင့်မားမှု၊

(ဂ) ကာ/လုံဖွဲ့စည်းပုံ၊

(ဃ) ကာ/ချုပ်က ခန့်အပ်ပိုင်ခွင့် ၀န်ကြီး ၃ နေရာ၊

(င) သမ္မတရွေးချယ်မှုစနစ်၊

(၂) ရွေးကောက်ပွဲကော်မရှင်၊

(၃) တိုင်းရင်းသားပါတီအချို့ကို စည်းရုံးထားနိုင်ခြင်း၊

(၄) ငွေကြေးသုံးစွဲနိုင်မှုအင်အား၊

(၅) အမျိုးသားလွှတ်တော်မှာ ပီအာရ်စနစ် ပြဋ္ဌာန်းနိုင်ခြေ၊

၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲအလွန် အစိုးရ ပုံသဏ္ဌာန်အတွက် တပ်မတော်၊ ပြည်ခိုင်ဖြိုးတို့ရဲ့ အထက်ပါ အားသာချက်တွေကြောင့် သမ္မတဦးသိန်းစိန်နဲ့ လွှတ်တော်နာယက သူရဦးရွှေမန်းတို့က ရွေးကောက်ပွဲ ဖြစ်ရပါစေမယ်လို့ အခိုင်အမာ ပြောနေကြတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ နှစ် ၅၀ ကျော်ကြာခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို ရွံမုန်းနေကြတဲ့ ပြည်သူအများစုကြီးဟာ စစ်ဘောင်းဘီချွတ်၊ အရပ်သားအသွင် ဗိုလ်ချုပ်ဟောင်းတွေကို မဲပေးဖို့ဆိုတာ ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။ ဆင်းရဲတွင်း နက်သထက်နက်နေတဲ့ ပြည်သူအများစုကြီးဟာ “အပြောင်းအလဲ”တစ်စုံတစ်ရာကို နက်နက်ရှိုင်းရှိုင်း လိုအပ်နေတယ်ဆိုတာကို စစ်ဗိုလ်ချုပ်ကြီးဟောင်းများ အထူးဂရုမူမိဖို့ လိုပါမယ်။ ပြည်သူကို ဦးထိပ်ထားရတဲ့ ဒီမိုကရေစီ စနစ်ဆီ ချီတက်မယ်လို့ ကြွေးကြော်ထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းကြီးများအနေနဲ့ ပြည်သူ့ဘက် မျက်နှာမူပြီး အတိုက်အခံ အင်အားစု ထိပ်သီးတွေ၊ တိုင်းရင်းသား ထိပ်သီးတွေနဲ့ အပွင့်ဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာ ညှိနှိုင်းရေးကို စိတ်ရင်းမှန်ကန်စွာနဲ့ နိုင်ငံရေးဆွေးနွေးဝိုင်း စားပွဲအစစ်အမှန်တစ်ခုကို ဖန်တီးသင့်ဖို့အချိန် အမှန်တကယ် ဆိုက်ရောက်နေပြီ ဖြစ်ပါတယ်။ မိမိရဲ့အဘက်ဘက်က အင်အားသာလွန်မှုကို ယုံကြည်မှု လွန်ကဲပြီး ပြည်သူလူထုအား၊ ပြည်သူ့မျှော်လင့်ချက်၊ ပြည်သူ့ဆန္ဒတွေကို လျစ်လျူရှုထားမယ် ဆိုရင်တော့ လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီ အနေနဲ့ ပြည်သူရဲ့ ဒဏ်ခတ်မှုကို ကျိန်းသေခံရမှာ မလွဲပါပဲ။

တွေ့ဆုံဆွေးနွေး အဖြေရှာရာမှာ လက်ရှိအာဏာပိုင်တွေအနေနဲ့ သူနိုင်၊ ကိုယ်နိုင် (Win-Win) အခင်းအကျင်း တစ်ခုကို အလျှော့အတင်း၊ အပေးအယူလုပ် အဖြေရှာသင့်ကြပြီး ““ပြည်သူနိုင်”” ဖို့ကိုလည်း မမေ့မလျော့ ထည့်သွင်း စဉ်းစားသင့်ကြောင်း တိုက်တွန်းဆော်သြလိုက်ရပါတယ်။

မြန်မာသံတော်ဆင့်သတင်းဌာန –

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...