ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်ထုတ် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာမှာ လဝက ဝန်ကြီးဦးခင်ရီ၊ ဦးစစ်အေး၊ ဦးလှမောင်၊ ဦးဇော်အေးမောင် တို့ကိုမေးမြန်းပြီး White Card တွေ ထုတ်ပေးထားတဲ့ ကိစ္စ၊ သမ္မတက အမိန့်ကြော်ငြာစာထုတ်ပြီး သက်တမ်းကုန်ဆုံးမယ့်ရက် ကြေညာလိုက်တဲ့ကိစ္စ စတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖော်ပြတာ လုပ်ခဲ့ပါတယ်။ သိပ်မကြာသေးခင် ရက်ပိုင်းကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးဟာ လာမယ့် ၂ဝ၁၅ ခု၊ မေလလောက်မှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ ' ဖွဲ့စည်းပုံ အခြေခံဥပဒေ၂ဝဝ၈ ကို ပြင်ဆင်တဲ့ ဥပဒေ' အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ ယာယီသက်သေခံ လက် မှတ်လို့ ခေါ်တဲ့ White Card ကိုင်ထားသူတွေကို မဲပေးခွင့် ပြုလိုက်တာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးဆိုပြီး