Skip to main content

Posts

ဧရာဝတီတိုင်းအစိုးရအဖွဲ့ဟောင်း လွှဲအပ်ရန်ကျန်သည့် ရန်ပုံငွေ ကျပ် ၅ ဘီလီယံကျော် ဩဂုတ်လအတွင်း ပြန်ပေးမည်

ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်းက ရရှိထားသည့် ဧရာဝတီတိုင်းအစိုးရရန်ပုံငွေများမှ ယခုအစိုးရသို့ လွှဲအပ်ရန်ကျန်ရှိသည့် ကျပ် ၅ ဒသမ ၂ ဘီလီယံကို ဩဂုတ်လဆန်းပိုင်းအတွင်း နောက်ဆုံးထား လွှဲအပ်မည်ဖြစ်ကြောင်း ဧရာဝတီပညာရေး၊ ကျန်းမာရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းထံမှ သိရသည်။ ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အထိဆောင်ရွက်ခဲ့သည့် ဧရာဝတီတိုင်းအစိုးရဟောင်းအနေနှင့် လွှဲအပ်ရန် ကျန်ရှိနေသေးသည့် ငွေကြေးများကို ဩဂုတ်လအတွင်း ပြန်လည်ပေးအပ်မည်ဆိုသည်ကို ဇူလိုင် ၁၃ ရက်နေ့က အကြောင်းကြားစာ ပေးပို့ထားပြီးဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်းထံမှ သိရသည်။ “မြန်မာနိုင်ငံသားများဖြစ်တဲ့ ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်သမ္မတ ရုံးရဲ့ညွှန်ကြားချက်ကို လိုက်နာရမှာဖြစ်ပါတယ်။ ဒေသဖွံ့ဖြိုးရေးအတွက် စီစဉ်ခဲ့တာပါ။ ဒီဖောင်ဒေးရှင်းကလည်း ဒေသဖွံ့ဖြိုးရေးအတွက်ပဲ လုပ်ခဲ့ပါတယ်။ ငွေစာရင်းတွေ အသင့်လုပ်ပြီးပြီ၊ ဘဏ်တွေကနေ ငွေလွှဲပြောင်းလုပ်တာမှာတော့ လက်ရှိအစိုးရအဖွဲ့ အကြောင်းပြန်ကြားတာကို စောင့်နေပါတယ်”ဟု ဧရာဝတီ ပညာရေး၊ ကျန်းမာရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးကြည်အောင်က ရှင်းပြပြောဆိုသည်။ သမ္မတရုံးညွှန်ကြား...

ကြံဖွတ် သူခိုးများ

၁။ပထမဆုက မကွေးတိုင်းက ကျပ်ငွေ (၇.၄၅၉ )ဘီလီယံ ၂။ဒုတိယုဆုကိုတော့ ဧရာဝတီတိုင်းက ကျပ်ငွေ(၅.၂)ဘီလီယံနဲ့ ၃။တတိယဆုကိုတော့ စစ်ကိုင်း တိုင်းက ကျပ်ငွေသန်းပေါင်း(၁၇၀၀)ကျော်နဲ့ ဆွတ်ခူးသွားပါပြီ။ ကျန်ဆုရရှိသူများကိုဆက်လက်ကြေငြာရန် ရှိသေးကြောင်းသိရပါတယ်။ ကျန် စတုတ္ထ ၊ပဉ္စမ နဲ့နှစ်သိမ့်ဆုတွေ ဘယ်တိုင်း ဘယ်ပြည်နယ်တွေရမယ်ဆိုတာ ပိတ်ကားပေါ်မှာဆက်လက်ရှု့စားကြကုန်။ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ ဒူး ...... ဝူး....ဝူး.....

အာဇာနည်နေ့ MTV

စိတ်ကြည်လင်မှ ဥာဏ်မြင်ရ တရားတော်

မြန်မာအစိုးရတပ် နှင့် KIA မူဆယ်မြို့နယ်တွင် တိုက်ပွဲ ဖြစ်

16 July 2018 ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ် နမ်အွမ်ရွာနှင့် တီးမားရွာကြားတွင် မြန်မာစစ်တပ် တပ်မ (၁၁) နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၉)တို့ ဇူလိုင် (၁၆)၊ ယနေ့ နံနက် ၉ နာရီခန့်တွင် တိုက်ပွဲတို ဖြစ်ပွားခဲ့သည်။ KIA တပ်မဟာ (၄) တပ်ရင်း (၉) နယ်မြေကို တပ်မတော် စစ်ကြောင်း ဝင်လာသောကြောင့် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်ဟု ဒေသခံ တစ်ဦး ယခုလို ပြောသည်။ “ဒီမနက်ဘဲ ကျနော်တို့ ရွာအပြင်ဘက်မှ နာရီဝက် လောက် တိုက်ပွဲဖြစ်ခဲ့တယ်။ ရွာထဲမှာတော့ ဘာမှ မဖြစ်ဘူး။” မြန်မာအစိုးရတပ်နှင့် KIA တပ်တို့ ဇူလိုင် (၁၄)ရက်နေ့တွင်လည်း ကချင်ပြည်နယ် ဖားကန့်လမ်းတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ Kachinnews http://kachinnews.com/

အပစ်ရပ်လက်မှတ် မထိုးထားတဲ့ အဖွဲ့တွေနဲ့ အလားအလာကောင်းတွေ ရှိတယ်လို့ အတိုင်ပင်ခံပြော

16 July 2018 (နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၁ ရာစု တတိယအကြိမ် ပင်လုံအစည်းအဝေး နောက်ဆုံးရက်မှာ တွေ့ရစဉ် Photo: Win Ko Ko Latt/ RFA NCA လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နိုင်စေမယ့် အလားအလာကောင်းတွေ ရရှိခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ၂၁ ရာစု တတိယအကြိမ် ပင်လုံအစည်းအဝေး နောက်ဆုံးရက်မှာ ပြောခဲ့ပါတယ်။ အဲဒီအဖွဲ့အစည်း ကိုယ်စားလှယ်တွေဟာ အစိုးရပိုင်း၊ တပ်မတော်ပိုင်း နဲ့ သီးခြားတွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပြီး လွတ်လပ်ပွင့်လင်းစွာ ရင်းနှီးစွာဆွေးနွေး ညှိနှိုင်းနိုင်ခဲ့တဲ့အတွက် ဒီညီလာခံရဲ့ ရလဒ်ကောင်းတစ်ခုဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒီညီလာခံမှာ NCA မှာ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ "၀" အဖွဲ့၊ ကေအိုင်အေ၊ ကိုးကန့်၊ မိုင်းလား၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရခိုင့်တပ်မတော် စတဲ့ မြောက်ပိုင်းအဖွဲ့ခေါင်းဆောင်တွေ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရလဒ်ကောင်း ထွက်နိုင်ဖို့အတွက် လုံခြုံရေးကဏ္ဍဆိုင်ရာ သဘောတူညီချက်ေ...

တောင်ပိုင်းရှမ်းတပ်နဲ့ ပလောင်တပ် တိုက်ပွဲဖြစ်ပွား

17 July 2018 တောင်ပိုင်းရှမ်းပြည်တပ်မတော်RCSS/SSAတပ်ဖွဲ့ (RCSS - SSA News & Information Department) NCAအပစ်ရပ်တောင်ပိုင်း ရှမ်းပြည်တပ်မတော်RCSS/SSA တပ်ဖွဲ့နဲ့ တအာင်းပလောင်TNLAတပ်ဖွဲ့တို့ ရှမ်းပြည်နယ် မြောက်ပိုင်းနမ္မတူမြို့နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံ(၂၇၀)ကျော် နေရပ်ကနေတိမ်းရှောင်နေရပါတယ်။ စစ်ရှောင် ရွာသားတွေဟာ မန်စံကျေးရွာစစ်ရှောင်စခန်းမှာ ခိုလှုံနေရတယ်လို့လဲ စခမ်းတာဝန်ရှိသူတွေကပြောပါတယ်။ လက်ရှိ ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်အတွင်း စစ်ရေးမတည်ငြိမ်သေးတဲ့အခြေအနေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းနမ္မတူမြို့နယ်အတွင်းမှာ တောင်ပိုင်းရှမ်းပြည်တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် TNLAတပ်ဖွဲ့တို့အကြား ဒီမနက်မှာတိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ မန်စံစစ်ရှောင်စခမ်းတာဝန်ခံ ဦးစိန်တုံးကပြောပါတယ်။ "တိုက်ပွဲကတော့တော်တော်လေးပြင်းထန်တဲ့သဘောမှာရှိနေတယ်။ ဒီမနက်(၈)နာရီလောက်ကတည်းကနေ တောက် လျှောက်အသံမြည်နေတာတော့ အခုထိတချက်တချက် အဲဒီလိုမျိုးမြည်နေသေးတယ်။ နမ္မတူနဲ့(၁၄)မိုင်(၁၈)မိုင် အဲဒီ ၀န်းကျင်မှာ။ ဒီကောင...

အကောက်ခွန်အရာရှိတချို့ကို အဂတိလိုက်စားမှုနဲ့ အမှုဖွင့်

17 July 2018 အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးကို တွေ့ရစဉ် / Photo: ACC Myanmar - facebook အကောက်ခွန်ဦးစီးဌာနက အရာရှိတချို့ အပါအ၀င် ၁၂ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်အရေးယူထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်လိုက်ပါတယ်။ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ အကောက်ခွန်ဦးစီးဌာန၀န်ထမ်းတွေဟာ မော်တော်ယာဉ် တင်သွင်းတဲ့လုပ်ငန်းတွေမှာ အဂတိလိုက်စားမှုတွေရှိနေတယ်ဆိုပြီး ကော်မရှင်ကို တိုင်ကြားထားတဲ့ အတွက် ကော်မရှင်က အဖွဲ့ဖွဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာလို့ သတင်းထုတ်ပြန်တာဖြစ်ပါတယ်။ ကော်မရှင် ကို တိုင်ကြားထားတဲ့အမှုတွေရှိနေပေမယ့် ထုတ်ဖော်ပြောဆိုလို့မရကြောင်းနဲ့ အကောက်ခွန်ဝန်ထမ်းတွေ ကိစ္စနဲ့ ပတ်သက်ပြီး ကော်မရှင်ဘက်အပိုင်းက ဆောင်ရွက်ချက်တွေ ပြီးသွားပြီဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့ဘက်က ဆက်ပြီး ဆောင်ရွက်ရမယ့်အပိုင်းတွေသာ ကျန်ရှိတော့တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သတင်းပြန်ကြားရေးတာဝန်ခံ ဦးဟန်ညွန့် က RFA ကို ပြောပါတယ်။ တင်သွင်းလာတဲ့ မော်တော်ယာဉ်တွေကို ဆိပ်ကမ်းကနေ ထုတ်ယူရာမှာ အကောက်ခွန်ဦးစီးဌာနက ၀...

TNLA အမျိုးသမီးစစ်သည် ၆ ဦး သတ်ဖြတ်ခံရကြောင်း သတင်းထုတ်ပြန်

17 July 2018 အသတ်ခံရတဲ့ TNLA ရဲမေ ၆ ဦးရဲ့ ရုပ်အလောင်းကို တွေ့ရစဉ်/ Photo: PSLF -TNLA News & Information Department ရှမ်းပြည်နယ်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း TNLA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် TNLA အမျိုးသမီးစစ်သည် ၆ ဦးကို တပ်မတော်က ဖမ်းဆီးပြီး သတ်ဖြတ်လိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့က အစိုးရတပ်မတော်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် TNLA အမျိုးသမီးစစ်သည် ၆ ဦး အဖမ်းခံလိုက်ရပြီး အခုလိုအသတ်ခံရတာလို့ TNLA ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။ ‘’၁၁ ရက်နေ့ အာလောရွာထိပ်မှာ ကျွန်တော်တို့ ဆေးကုသအဖွဲ့ပေါ့၊ မြန်မာ့တပ်မတော်က ခြုံခိုပြီးတော့ ပစ်ခတ်တယ်၊ ရဲဘော်တစ်ယောက်ကတော့ သေသွားတယ်၊ ရဲမေ ၆ ဦးကတော့ အဖမ်းခံရတယ်၊ ၁၄ ရက်နေ့လောက်မှ သူတို့မြှုပ်နှံထားတဲ့နေရာ သွားတွေ့တယ်၊ သူတို့ပြန်ဖော် ကြည့်တော့ ရဲမေတွေ ၆ ဦးပေါ့နော်၊ ရဲဘော်တစ်ဦးပါ အားလုံးပေါင်း ၇ ဦး စုပေါင်းပြီးတော့ မြှုပ်နှံ ထားတယ်’’ ဇူလိုင် ၁၁ ရက်နေ့ တိုက်ပွဲအတွင်း TNLA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေရှိတယ်လို့လည်း ထုတ်ပြန်...

မြန်မာအစိုးရတပ် နှင့် KIA မူဆယ်မြို့နယ်တွင် တိုက်ပွဲ ဖြစ်

16 July 2018 ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ် နမ်အွမ်ရွာနှင့် တီးမားရွာကြားတွင် မြန်မာစစ်တပ် တပ်မ (၁၁) နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၉)တို့ ဇူလိုင် (၁၆)၊ ယနေ့ နံနက် ၉ နာရီခန့်တွင် တိုက်ပွဲတို ဖြစ်ပွားခဲ့သည်။ KIA တပ်မဟာ (၄) တပ်ရင်း (၉) နယ်မြေကို တပ်မတော် စစ်ကြောင်း ဝင်လာသောကြောင့် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်ဟု ဒေသခံ တစ်ဦး ယခုလို ပြောသည်။ “ဒီမနက်ဘဲ ကျနော်တို့ ရွာအပြင်ဘက်မှ နာရီဝက် လောက် တိုက်ပွဲဖြစ်ခဲ့တယ်။ ရွာထဲမှာတော့ ဘာမှ မဖြစ်ဘူး။” မြန်မာအစိုးရတပ်နှင့် KIA တပ်တို့ ဇူလိုင် (၁၄)ရက်နေ့တွင်လည်း ကချင်ပြည်နယ် ဖားကန့်လမ်းတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ Kachinnews http://kachinnews.com/