Skip to main content

Posts

ရိုဟင်ဂျာတွေအပေါ် ကာချုပ် ပြောဆိုချက် တုန်လှုပ်မိကြောင်း ကုလအကြီးအကဲပြော

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ကို တွေ့ရစဉ် ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးစုဝင်တွေ မဟုတ်ဘူး ဆိုတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး တုန်လှုပ်မိ ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က ပြောပါတယ်။ တနင်္လာနေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကချင်ပြည်နယ်က တပ်တွင်းတွေ့ဆုံပွဲတစ်ခုမှာ ဘင်္ဂလီတွေဟာ နိုင်ငံခြားသားတွေဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားလူမျိုးစုတွေနဲ့ သွင်ပြင်လက္ခဏာချင်းရော၊ ယဉ်ကျေးမှု အရပါ မတူကွဲပြားကြကြောင်း၊ ဘင်္ဂလီတွေ နိုင်ငံသားတောင်းတဲ့အတွက် မငြိမ်မသက်တွေ ဖြစ်လာခဲ့ရတယ်လို့ ပြောဆိုခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် ဒါကာထရီဗြွန်း သတင်းစာက ဖော်ပြခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အဲဒီ မှတ်ချက်စကားအပေါ် တုန်လှုပ်မိကြောင်း ကုလ အထွေထွေအတွင်းရေးမှူးချုပ်က ပြောပါတယ်။ ဒါ့ပြင် ရိုဟင်ဂျာတွေရဲ့  ဆင်းရဲဒုက္ခကို နိုင်ငံတကာသိအောင် မီးမောင်းထိုးပြနိုင်ရေးအတွက် မြန်မာနိုင်ငံကို အထူးကိုယ်စားလှယ်တစ်ဦး စေလွှ...

ငြိမ်းချမ်းရေးကိစ္စ မဖြစ်နိုင်တာ မတောင်းဆိုဖို့ တပ်ချုပ် သတိပေး

 မြန်မာစိတ်မွေးပြီး စည်းလုံး ညီညွတ်ကြဖို့ ဗိုလ်ချုပ်မှူးကြီး တိုက်တွန်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေးရာမှာ မဖြစ်နိုင်တာတွေကို တောင်းဆို အချိန်ဆွဲ နေမယ့် အစား ဖြစ်သင့် ဖြစ်ထိုက်တာ တွေကို ညှိနှိုင်း ဆောင်ရွက်မှသာ လက်တွေ့ ကျမယ်လို့ ၇၃ ကြိမ်မြောက် တပ်မတော်နေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတကာကို အမီလိုက်နိုင်ဖို့ရာ လူမျိုး ဘာသာ မခွဲခြားဘဲမြန်မာစိတ်မွေးပြီး စည်းလုံး ညီညွတ်ကြဖို့လည်း သူက တိုက်တွန်း ပါတယ်။ တပ်မတော်က ကြည်း၊ ရေ၊ လေ ကာကွယ်ရေး ဦးစီချုပ်တွေ၊ ညှိနှိုင်း ကွပ်ကဲရေးမှူးတွေ၊ လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ ပြည်ထောင်စု ဝန်ကြီးတွေနဲ့ နိုင်ငံခြား သံတမန်တွေ တက်ရောက်ခဲ့ တဲ့ နေပြည်တော်က စစ်ရေးပြ အခမ်းအနားမှာ စစ်ကြောင်းအလိုက် ချီတက်တာတွေနဲ့ အထူး တပ်ဖွဲ့ဝင်တွေက လေယာဉ်တွေ ရဟတ်ယာဉ်တွေကို စွမ်းရည်ပြ ပျံသန်းတာတွေ ပါဝင်ခဲ့ ပါတယ်။ အခုနှစ် တပ်မတော်နေ့ စစ်ရေးပြပွဲမှာ ထူးခြားတာက ချီတက်လာတဲ့ စစ်ကြောင်းတွေရဲ့ စစ်ကြောင်းမှူးကြီးတွေကို သူတို့က ဘာတိုင်းရင်းသား လူမျိုးဖြစ်တယ်ဆိုတာ ထုတ်ဖော်ပြောဆိုတဲ့ အချက်က...

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ အဖြစ်မှ နိုင်ငံတော် သမ္မတအဖြစ်သို့ 

နိုင်ငံတော် သမ္မတ အဖြစ်ရွေးချယ်တင်မြှောက်ခံရသူ ဦးဝင်းမြင့်အားတွေ့ရစဉ်(ဆင်ဟွာ)   နေပြည်တော် ၊ မတ် ၂၈ ရက်(ဆင်ဟွာ)     ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့သော ဦးဝင်းမြင့်သည် မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက် နိုင်ငံတော် သမ္မတအဖြစ် မတ်လ ၂၈ ရက်တွင် ပြုလုပ်သော နိုင်ငံတော် သမ္မတရွေးချယ် တင်မြှောက်ပွဲမှ ရွေးကောက်ခံခဲ့ရပြီ ဖြစ်သည်။ အစိုးရသက်တမ်း ၂ နှစ် ပြည့်မြောက်ချိန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည် ပါတီစုံ ဒီမိုကရေစီ စနစ်တွင် ဒုတိယအကြိမ် အစိုးရသက်တမ်း ၂ နှစ် ပြည့်မြောက်ခါနီးအချိန်၌ နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူဦးထင်ကျော်က ဆန္ဒ အလျောက် နုတ်ထွက်ခဲ့ပြီးနောက်ပိုင်းဖွဲ့ စည်းပုံအခြေခံဥပဒေ နှင့် အညီထပ်မံရွေးချယ် တင်မြှောက်ခံခဲ့ရသူ ဖြစ်သည်။ ၁၀ ဦးမြောက် သမ္မတ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသမ္မတအဖြစ် စပ်ရွှေသိုက်ကစတင် တာဝန် ထမ်းဆောင်ခဲ့ပြီးဒေါက်တာဘဦး ၊ မန်းဝင်းမောင် ၊ ဦးနေဝင်း ၊ ဦးစန်းယု ၊ ဦးစိန်လွင် ၊ ဒေါက်တာမောင်မောင် ၊ ဦးသိန်းစိန် ၊ ဦးထင်ကျော် တို့ ပြီးနောက် ယခု နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည် ၁၀ ဦးမြောက် သမ္မတ ဖြစ်လာခဲ့သည်။ သမ္မတအပြောင်းအလဲအပေါ်မျှော်လင...

တော်လှန်ရေးနေ့လား၊ တပ်မတော်နေ့လား

ရန်ကုန် NLD ရုံးချုပ်မှာ (၇၃)နှစ်မြောက် ဖက်ဆစ်တော်လှန်းရေးနေ့ကို ကျင်းပ (National League for Democracy) မတ်လ(၂၇)ရက်နေ့ကို တပ်မတော်က “တပ်မတော်နေ့”လို့ခေါ်ဝေါ်သုံးစွဲပြီး အခမ်းအနားတွေ ကျင်းပနေချိန်မှာ အာဏာရ NLD ပါတီကတော့ လူတန်းစား အလွှာအသီးသီးပါဝင် တော်လှန်ခဲ့တာကြောင့် “ဖက်ဆစ်တော်လှန်ရေးနေ့” ဆိုပြီး ရန်ကုန် ရွှေဂုံတိုင် NLD ရုံးချုပ်မှာ (၇၃)နှစ်မြောက် ဖက်ဆစ်တော်လှန်းရေးနေ့ကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။ အခြားသော နိုင်ငံရေးအင်အားစုတွေရဲ့ ဦးဆောင်မှုကဏ္ဍကို တပ်မတော်က အသိအမှတ် မပြုလိုတာကြောင့် “တပ်မတော်နေ့”အဖြစ် ဆက်လက်သုံးစွဲနေခြင်း ဖြစ်တယ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီက ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။ မြန်မာ့တပ်မတော်ကတော့ မတ်လ(၂၇)ရက်ကို “တပ်မတော်နေ့”လို့ ခေါ်ဝေါ်သုံးစွဲပြီး နေပြည်တော်မှာ အခမ်းအနားတွေ အကြီးအကျယ် ကျင်းပခဲ့တာပါ။ လွတ်လပ်ရေးပေးမယ်ဆိုပြီး မြန်မာနိုင်ငံကို ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ ဖက်ဆစ်ဂျပန်တွေကို အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ တပ်ဖွဲ့တွေ၊ ကွန်မြူနစ်- ဆိုရှယ်လစ်ပါတီတွေ၊ အခြား နိုင်ငံရေးအင်အားစုတွေနဲ့ တိုင်းရင်းသားပြည်သူ အလွှာအသီးသီး ပ...

တပ်မတော်ဂုဏ်သိက္ခာကျအောင် ပြောဆိုမှုများကို တပ်ချုပ်သတိပေး

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (Senior General Min Aung Hlaing) ဒီမိုကရေစီ စံနှူန်းအရ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ လွတ်လပ်စွာ ရေးသားခွင့်တွေ ရှိပေမယ့်လည်း တပ်မတော်ပြိုကွဲအောင်၊ ဂုဏ်သိက္ခာကျအောင် အခြေအမြစ်မရှိဘဲ ပြောဆို ရေးသားမှူတွေကို သတိတရားနဲ့ယှဉ်ပြီး တုန့်ပြန်သွားမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ ကျင်းပတဲ့ တပ်မတော်နေ့ အခမ်းအနားမှာ သတိပေး ပြောကြားလိုက်ပါတယ်။ နေပြည်တော်မှာရှိတဲ့ တပ်မတော် စစ်ရေးပြကွင်းမှာ ကျင်းပတဲ့ (၇၃) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ အဲဒီလို ပြောကြားလိုက်တာပါ။ ဒီအကြောင်း အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။ နှစ်စဉ် မတ်လ ၂၇ ရက်နေ့မှာကျင်းပတဲ့ “တပ်မတော်နေ့” ဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက သဘောထား ကွဲပြားမှုတွေ ရှိနေခဲ့တာမှာ ကနေ့ အရပ်သားအစိုးရ တက်လာတဲ့ အချိန်ထိ အဲဒီ သဘောထား ကွဲလွဲမှူတွေဟာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ကတော့ တပ်မတော်နေ့လို့ ခေါ်ဆိုပြီး လက်ရှိအာဏာရ NLD ပါတီက ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ...

အဲ့ဒိလူသားနှစ်​ဦး ...

Martin Swe 7 နာရီ · ရင်​ထဲရှိတာ ​ဖြေခဲ့ပါ ... ။ ************************* အဲ့ဒိလူသားနှစ်​ဦး ... ​သေချာ​အောင်​​ပြောရ ရင်​ အရပ်​သား စစ်​စစ်​ လူသားနှစ်​ဦး ​ပေါ့ ... သူ့​နေရာနဲ့သူ​တော့ အမြင့်​ဆုံးရာထူး ​တွေ အမြင့်​ဆုံးလုပ်​ပိုင်​ခွင့်​​တွေ ပိုင်​ဆိုင်​ခဲ့ကြ​ပေ မဲ့ ... တိုင်းပြည်​နဲ့ပြည်​သူလူထုအတွက်​ လိုအပ်​ချက်​​ကြောင့်​ ​နောက်​လူကိုဦးစား​ပေးပါဆိုရင်​ မိမိတို့လက်​ရှိပိုင်​ဆိုင်​ထားတဲ့ အမြင့်​ဆုံးရထူးကြီးကို ချက်​ချင်းလက်​ငင်း လွဲ​ပြောင်း​ပေးဘို့ရာ ​နောက်​တွန့်​ ၀န်​​လေးမဲ့သူ​တွေမဟုတ်​ဘူးဆိုတာ ... ယခုသူတို့လုပ်​ ​ဆောင်​ချက်​​တွေက​နေ သက်​​သေပြခဲ့ကြပြီ ... ဟုတ်​ပါ ပြီ ... ဒါဆိုရင်​ သူတို့နုတ်​ထွက်​အနားယူသွားလို့ သူတို့​နဲ့အတူဘာ​တွေပါသွားလဲ ... ကြည့်​ကြရ ​အောင်​ ... သူတို့အနားယူသွားချိန်​မှာ နန်း​တော်​ကြီးအလား စံအိမ်​ကြီး​တွေကို စိန်​နဲ့မွှန်းပြီး စည်းစိမ်​ခံစားဘို့အတွက်​ နိုင်​ငံ​တော်​ဘဏ္ဏာ​တွေနဲ့ ကြိုတင်​ပြင်​ဆင်​ တည်​​ဆောင်​ခဲ့ကြသလား ... သိန်း​ပေါင်း​သောင်းချီတန်​တဲ့ ​မြေကွက်​ကြီး​တွေ အကွက်​​ပေါင်း ၁၀၀ ​လောက်​ ပိုင်​ဆိုင်​သွ...

ထိပ်သီးစီးပွားရေး လုပ်ငန်းရှင် ဦးမောင်ဝိတ်နှင့် တွေ့ဆုံခြင်း

                      “ဒီနေ့ ဒီမိုကရေစီအစိုးရ၊ ပြည်သူခေါင်းဆောင် အမေဒေါ်အောင် ဆန်းစုကြည် ဒီနှစ်ခု ကျွန်တော်တို့ တိုင်းပြည်မှာ မြင်နေရတဲ့အချိန်မှာ မတိုးတက်ဘူးဆိုရင် ကျွန်တော်တို့ ဘယ် အ ချိန်မှာ တိုးတက်မလဲဆိုတာ ကျွန်တော့်ကိုယ် ကျွန်တော် ဒီအတိုင်းယုံကြည်ထားဆဲပေါ့” ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ကံကြမ္မာပါပဲ ========================= ထိပ်သီးစီးပွားရေး လုပ်ငန်းရှင် ဦးမောင်ဝိတ်နှင့် တွေ့ဆုံခြင်း ===================================== Speaker- ဒီနေ့ပြည်ထောင်စုလွှတ်တော်မှာ အခွန်အကောက်ဥပဒေကြမ်းကို အတည်ပြုရာမှာ စီးပွားရေး လုပ်ငန်းရှင်တွေ မျှော်လင့်သလိုဖြစ်မလာတော့ အစ်ကိုရဲ့ ခံစားချက်က ဘယ်လိုဖြစ်မလဲ။ --------------------------------------------------------------------- UMW- ဒီနေရာမှာ ပုဒ်မ ၂၅ အကြောင်း ပြောရင် အပိုင်းနှစ်ပိုင်းရှိတယ်ဗျ။ အခုဆွေးနွေးနေကြတာ ပုဒ်မ-၂၅ ထဲမှာပါတဲ့ အကြောင်းအရာတွေကို ဆွေးနွေးငြင်းခုံနေကြတာ။ ဒါပေမယ့် ဆွေးနွေးမှု တော်တော်များမျာ...

ဦးဝင်းမြင့် လွှတ်တော်ဥက္ကဌ တာဝန်ကနေ နုတ်ထွက်

ပြည်သူ့လွှတ်တော်ဥက္ကဌ တာဝန်ကနေ နုတ်ထွက်စာ တင်ထားတဲ့ ဦးဝင်းမြင့် ကို တွေ့ရစဉ် Photo: Win Ko Ko Latt/RFA ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် ဟာ လွှတ်တော်ဥက္ကဌ တာဝန်ကနေ နုတ်ထွက်ကြောင်း မတ်လ ၂၁ ရက်နေ့စွဲနဲ့ လက်မှတ်ရေးထိုး တင်ပြထားတယ်လို့ လွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ်က ဒီနေ့ကြေညာ ခဲ့ပါတယ်။ လစ်လပ်သွားတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌနေရာကို အစားထိုးရွေးချယ်တင်မြှောက်သွားမယ်လို့လည်း ဦးတီခွန်မြတ်က ပြောကြားခဲ့ပါတယ်။ ဒီနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို ဒုတိယဥက္ကဌ ဦးတီခွန်မြတ်က တာဝန်ယူကျင်းပခဲ့တာဖြစ်ပါတယ်။ ဦးဝင်းမြင့်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် မဲဆန္ဒနယ် ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးလည်းဖြစ်ပါတယ်။ ဒီနေ့ပဲ သမ္မတတာဝန်ကနေ နုတ်ထွက်သွားတဲ့ ဦးထင်ကျော်နေရာအတွက် နာမည်ထွက်နေသူတွေထဲမှာ ဦးဝင်းမြင့်လည်း ပါဝင်ပါတယ်။

သမ္မတဦးထင်ကျော် ရာထူးမှ အနားယူ

မြန်မာသမ္မတ ဦးထင်ကျော် ရာထူးက အနားယူလိုက်ကြောင်း ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။ တာဝန်က အနားယူမှာဖြစ်ကြောင်း သမ္မတရုံး ကြေညာချက်က ဖော်ပြခဲ့ပေမဲ့ မကြာသေးခင် လတွေက ကျန်းမာရေးကြောင့် ပြည်ပမှာ ဆေးကုသမှု ခံယူခဲ့ရတဲ့ သမ္မတ ဦးထင်ကျော် အနားယူသွားတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ ပြောမသွားပါဘူး။ လစ်လပ်သွားတဲ့ သမ္မတ နေရာမှာတော့ လတ်တလောမှာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တာဝန်ယူမှာပါ။ သမ္မတရာထူးနေရာကို အလုပ်လုပ်ရက် ၇ ရက်အတွင်း အစားထိုးခန့်အပ်သွားမှာ ဖြစ်ကြောင်းလည်း သမ္မတရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သမ္မတဦးထင်ကျော် တာဝန်က အနားယူကြောင်း ကြေညာခဲ့တဲ့ တနေ့တည်းမှာပဲ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ဟာလည်း နှုတ်ထွက်ကြောင်း ကြေညာခဲ့တာပါ။ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကိုတော့ သမ္မတ ဦးထင်ကျော် နေရာမှာ အစားထိုးမှာ ဖြစ်ကြောင်းလည်း အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ မုံရွာအောင်ရှင် ကို ကိုးကားပြီး Reuters သတင်းက ဖော်ပြပါတယ်။ ဦးဝင်းမြင့်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ စတင်ထူထောင်စဉ်ကစလို့ ပါတီတာဝန်တွေကို ထမ်းဆောင်ခဲ့ပြီး၊ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်စိတ်ချမှု ရရှိထ...

ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျခရီး အောင်မြင်သလား

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့တဲ့ သြစတြေးလျခရီးမှာ နိုင်ငံတော်အဆင့် ထိုက်ထိုက်တန်တန် ကြိုဆိုဂုဏ်ပြတာ ခံခဲ့ရသလို ဝေဖန်မှု၊ ကန့်ကွက်ဆန္ဒပြမှု နဲ့ နိုင်ငံတကာရာဇဝတ်ရုံး (ICC) တင်ဖို့စတဲ့ လူတစုလည်း ရှိခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ဒီခရီးစဉ်အတွင်းရရှိခဲ့တဲ့ အောင်မြင်မှု နဲ့ စိန်ခေါ်ခံခဲ့ရမှုတွေရဲ့  အတိမ်အနက်ကို Australia နိုင်ငံ New South Wales တက္ကသိုလ်က ဒေါက်တာသိန်းမိုးဝင်း နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့  သြစတြေးလျခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ အကြမ်းမျဉ်းကြည့်မယ်ဆိုရင် အောင်မြင်တဲ့ ခရီးစဉ်တခုလို့ သတ်မှတ်နိုင်ပါလား။ ဖြေ ။ ။ ကျနော့်အနေနဲ့ဆိုရင် အောင်မြင်တဲ့ ခရီးစဉ်တခုပါ။ လာတဲ့ အစည်းအဝေးတွေမှာ အကုန်လုံး အောင်မြင်တာကို တွေ့ရပါတယ်။ မေး ။ ။ ဒေါ်အောင်ဆန်းစုကြည် အခု သြစတြေးလျကို သွားရောက်တဲ့ အချိန်ဟာ မြန်မာနိုင်ငံရဲ့  ပုံရိပ် နိုင်ငံတကာမှာ အတော်လေး ဝေဖန်ခံနေရတယ်။ ညှိုးနွမ်းကျဆင်းနေတဲ့အချိန်လို့ ပြောရင် မှားမယ်မထင်ပါဘူး။ အထူးသဖြင့် အနောက်တိုင်းနိုင်ငံတွေက ဒေါ်အောင်ဆန...