Skip to main content

Posts

Gruesome details of Rohingya attack emerge

Gruesome details of Rohingya attack emerge

Could ignores true

"Could ignores true ======================== Arab Spring most frustrating crimes occurred across Europe Jihad disk with a description of the spread of terrorist attacks ------- Rohingya West, why do not descriptionith your title onto the federal legislature in Lithuania from March fundamental article written permit VOA the accident report. Maybe it's Islamic minority people were still killed. Human rights each and everyone said. In Islamic majority Kashmir scholars say there is no human rights. Since independence from the British, Indian and Pakistani-owned mine talking occupied Kashmir border to fight the war in Pakistan three times lower. Then, in Pakistani Kashmir Somebody's Jihad fighters spent providing wea

သစ္စာဖေါက် တရားခံ

ဘာငြင်းချင်ကြသေးလဲသူခိုးကြီးတို့.. ပထမအကြိမ်လွှတ်တော်တုန်းကတော့ ၁၁ဘီလျံကိစ္စကိုဟုတ်သလိုလိုမဟုတ်သလိုလိုနဲ့ အရူးကွက်နင်းခဲ့ကြတယ်.. ကမ္ဘာဘဏ်ကပြောနေတာက ခင်ဗျားတို့ခိုးထားတဲ့ပိုက်ဆံတွေကြောင့် အကြွေးတွေကိုလျော်မပေးတာတဲ့.. ဘယ်လိုတွေများခိုးထားလိုက်လဲသူခိုးကြီးတို့ရာ.. နောင်ဘုရားပွင့်တဲ့အထိတောင် စားလို့ကုန်ပါဦးမလား.. အင်းပေါ့လေ ဒီလောက်ကြီးတောင်ခိုးထားပြီးမှတော့ အမျိုးသားရေးကိုစွန်းအော်ကြပြီပေါ့.. ဒေါ်လာ၁၁ဘီလျံဆိုတာ သိန်းတစ်ရာတန်တိုက်ခန်းတစ်သန်းကျော်ဆောက် ပေးလို့ရတဲ့အနေအထားပါ.. တစ်မိသားစုကိုလူငါးယောက်နဲ့တွက်ရင် လူဦးရေခြောက်သန်းခွဲလောက်ကိုနေစရာတိုက်ခန်း ပေးလို့ရတဲ့အနေအထား.. တစ်နိုင်ငံလုံးမီးကိုဖောချင်းသောချင်းသုံးလို့ရတဲ့ မြစ်ဆုံစီမံကိန်းတောင်မှ ဒေါ်လာသုံးဘီလျံပဲကုန်ကျတာ.. ခင်ဗျားတို့ခိုးထားတာကြီးကမလွန်လွန်းဘူးလား.. ရေငုတ်သင်္ဘောတစ်စီးကို ဒေါ်လာတစ်ဘီလျံပဲရှိတယ်.. ခင်ဗျားတို့ခိုးထားတာတွေသာပြန်ပေးရင် ကမ္ဘာပေါ်မှာရေငုတ်သင်္ဘောအများဆုံးစာရင်းဝင် နိုင်ငံဖြစ်သွားမှာ.. Boat Peopleမပြောနဲ့ ငါးသလဲထိုးတောင်ဝင်လာ လို့ရမှာမဟုတ်ဘူး.. F16တိုက်လေယာဉ်တစ်စီးကို ဒေါ်လာသန်း၂၀ကျော်ပဲရှိတယ်.. ...

ရိုဟင်ဂျာဒုက္ခသည်တွေလက်မခံဖို့ သီရိလင်္ကာမှာဆန္ဒပြ

သီရိလင်္ကာနိုင်ငံမှာ ကုလသမဂ္ဂက စောင့်ရှောက်ထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို သံဃာတော်တချို့နဲ့ အမျိုးသားရေး အစွန်းရောက်တွေက လက်မခံဖို့ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံက ပဋိပက္ခတွေကြောင့် ထွက်ပြေးလာကြသူတွေလို့ဆိုတဲ့ ရိုဟင်ဂျာတွေကို သီရိလင်္ကာနိုင်ငံ ကမ်းရိုးတန်းမှာ လှေတစင်းနဲ့ ဒီနှစ်ဆန်းပိုင်းမှာပဲ မျောနေတာတွေ့ခဲ့ရတဲ့အတွက် ကယ်ဆယ်ပြီး၊ ကိုလံဘိုမြို့အပြင်မှာ ထိန်းသိမ်း စောင့်ရှောက်ထားတာပါ။ ရိုဟင်ဂျာ ၃၁ ယောက်ကိုတော့ လူမှောင်ခိုသူအဖြစ် သံသယရှိသူ အိန္ဒိယနိုင်ငံသား ၂ ဦးနဲ့အတူ ဧပြီလထဲမှာ ဖမ်းဆီးထားတာလို့လည်း သီရိလင်္ကာနိုင်ငံ ရဲတပ်ဖွဲ့ ပြောခွင့်ရသူကို ကိုးကားပြီး Reuters သတင်းက ဖော်ပြပါတယ်။ ကုလသမဂ္ဂက ဖွင့်လှစ်ထားတဲ့ ထိန်းသိမ်းရေးစခန်းကို မနေ့တုန်းက အတင်းဝင်ရောက်ခဲ့သူတွေထဲက သံဃာတော်တပါးကတော့ ဒီလူတွေဟာ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ရဟန်းတော်တွေကိုသတ်တဲ့ ရိုဟင်ဂျာအကြမ်းဖက်သမားတွေလို့ ပြောဆိုခဲ့တာကိုလည်း ဗွီဒီယိုမှတ်တမ်းတွေမှာ တွေ့ခဲ့ကြရပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က စခဲ့တဲ့ ပဋိပက္ခတွေဟာ၊ ပြီးခဲ့တဲ့လထဲ ARSA အစွန်းရောက်အုပ်စုက လုံခြုံရေး ကင်းစခန်းတွေကို ၀င်ရောက်တို...

နိုင်ငံတကာ သံတမန်များကို ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ စက်တင်ဘာ ၂၈ ရက်တွင် သွားရောက်ရန် ဖိတ်ကြားထား

အကြမ်း ဖက်ခံရသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ စက်တင်ဘာ ၂၈ ရက်တွင် နိုင်ငံတကာ သံတမန်များအား သွားရောက်ရန်ဖိတ်ကြားထားကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန၏ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောသည်။ နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ပြည်တွင်းအခြေစိုက် သံရုံး (၄၇) ရုံးမှ သံတမန်များနှင့် ကုလသမဂ္ဂကိုယ်စားလှယ် အကြီးအကဲများအား ဖိတ်ကြားထားပြီး အဆိုပါခရီးစဉ်သို့ လိုက်ပါမည့် သံတမန်များစာရင်းကို လက်ခံနေဆဲဖြစ်၍ အတိအကျပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ဦးကျော်ဇေယျ က ရှင်းပြသည်။ ‘‘ကျွန်တော်တို့ ဖိတ်ထားတာတော့ ၂၈ ရက်ကို ဖိတ် ထားပါတယ်။ (ဘယ်အချိန်ထွက်မလဲဆိုတာ) အခု အချိန်က ပြောဖို့နည်းနည်းစောသေးတယ်။ ဘယ်သူတွေ လိုက်ဖို့အကြောင်းပြန်လဲဆိုတာ မသိသေးဘူး’’ ဟု ၎င်းက ဆိုသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ်  အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဝင်များကို စက်တင်ဘာ ၂၂ ရက်တွင် သမ္မတအိမ်တော်၌ခေါ်ယူတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရှိ သံတမန်များကို မောင်တောဒေသသို့ ပို့ဆောင်ပေးနိုင်ရေး အစီအမံများကို ဆက်လက်ဆောင်ရွက်ရန် လမ်းညွှန်ခဲ့သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစု...

ရခိုင်ပြည်နယ်မြောက်ပိုင်း၌ မွတ်ဆလင်အသိုက်အဝန်းသည်လူနည်းစုမဟုတ်ဘဲ ဒေသလူဦးရေ၏ ၉၅% ရှိနေ

ရခိုင်ပြည်နယ်မြောက်ပိုင်း အထိခိုက်ခံနယ်မြေရှိ မွတ်ဆလင်အသိုက်အဝန်းဟာ သတင်းတွေမှာဖော်ပြနေသလို လူနည်းစုမဟုတ်ဘဲ လူဦးရေတိုးပွားလာမှုကြောင့် ဒေသရှိ လူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းရှိတဲ့ လူများစုဖြစ်တယ်လို့ မြန်မာသံအမတ်ကြီးက ပြောပါတယ်။ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ (၇၂) ကြိမ်မြောက်၊ အထွေထွေ ညီလာခံမှာ ဆွေးနွေးပြောကြားမှုတွေအတွင်း  မြန်မာနိုင်ငံအပေါ် စွပ်စွဲပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက စက်တင်ဘာ ၂၅ရက်မှာ တုံ့ပြန်ပြောသွားတာပါ။ သြဂုတ် ၂၅ ရက်က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်းစခန်း (၃၀) ကျော်ကို ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် လူတွေ အသက်အိုးအိမ် ဆုံရှုံးခဲ့ရပြီး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရကြောင်း၊ မွတ်ဆလင်နဲ့ ရခိုင်လူမျိုးတွေသာမက ဒိုင်းနက်၊ မြို၊ သက်၊ မရမာကြီးစတဲ့ တိုင်းရင်းသားလူနည်းစုတွေနဲ့ ဟိန္ဒူဘာသာဝင်တွေလည်းပါဝင်ကြောင်း၊ ယင်း တိုင်းရင်းသားလူနည်းစုတွေ တည်ရှိမှုနဲ့ သူတို့ရဲ့ဒုက္ခကို ကမ္ဘာ့နိုင်ငံအတော်များများက မသိရှိ ကြောင်းလည်းပြောသွားပါတယ်။ လူတွေထွက်ပြေးရတဲ့အကြောင်းအရင်းများစွာရှိတဲ့အနက် အဓိကအ...

လူ့အခွင့်အရေးကော်မရှင် မောင်တောဒေသကို သွားရောက်လေ့လာ 26 September 2017

 18:56(+0630) (လွန်ခဲ့သော 13 နာရီ ခန့်က) မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာနားမှာ မြှုပ်နှံထားတဲ့ ဟိန္ဒူဘာသာဝင် အလောင်း ၁၇ လောင်းကို စက်တင်ဘာလ ၂၅ ရက်နေ့က ထပ်မံတွေ့ရှိရစဉ်။ Photo: Information Committee facebook မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဟာ ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုဖစ်စဉ်တွေကို သွားရောက်လေ့လာပြီး နိုင်ငံတော်သမ္မတထံ အစီရင်ခံစာ ရေးသားတင်ပြသွားမယ်လို့ သိရပါတယ်။ မောင်တော အကြမ်းဖက်ဖြစ်စဉ်တွေကို လေ့လာရင်းကနေ ဟိန္ဒူဘာသာဝင် အမြောက်အမြား အသတ်ခံထား ရတာတွေကို စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် အစီရင်ခံစာမှာ ထည့်သွင်းတင်ပြသွားမယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။ "လာရင်းရည်ရွယ်ချက်က ဒီဒေသမှာ တဖက်က ကုလသမဂ္ဂတို့ တဖက်က စွပ်စွဲနေတာတွေ ရှိပါတယ်၊ လူမျိုးတုံး သတ်ဖြတ်နေပါတယ်ဆိုတာတွေ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လုပ်နေပါတယ်ဆိုတာတွေ ကြားပါတယ်ခင်ဗျ၊ ဒါတွေမှန်လားမှားလား အတည်ပြုဖို့ စုံစမ်းဖို့ ကျနော်တို့ကော်မရှင်မှာ တာဝန်ရှိ တယ်လို့ ခံယူပါတယ်၊ ပြတ်ပြတ်သားသား ဝေဖန်ထောက်ပြရမှာပေါ့လေ တိုင်းရင်းသား မြိ...

ကုလကျွမ်းကျင်သူတွေရဲ့ တိုက်တွန်းချက် မြန်မာအစိုးရတုံ့ပြန် 27 September 2017

 05:46(+0630) (လွန်ခဲ့သော 3 နာရီ ခန့်က) မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမူဆလင်တွေအပေါ် အကြမ်းဖက်မှုတွေကို အမြန်ဆုံး အဆုံးသတ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee အပါအ၀င် ကုလသမဂ္ဂကျွမ်းကျင်သူ ၇ ဦးက တိုက်တွန်းထားတဲ့ ကြေညာချက်တစောင် ဒီကနေ့ပဲ ပူးတွဲထုတ်ပြန်လိုက်တဲ့အပေါ် မြန်မာအစိုးရက ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပါတယ်။ ကုလသမဂ္ဂ တာဝန်ရှိသူတွေ အနေနဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကို ပိုမိုကြီးထွားလာစေမယ့် လုပ်ရပ်မျိုးတွေကို ရှောင်ရှားကြဖို့လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ညွှ့န်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ဗွီအိုအေကို ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးမှာ ဖြစ်ပါတယ်။ ဥပဒေမဲ့ သတ်ဖြတ်မှု၊ အင်အားအလွန်အကျွံသုံးမှု၊ ညှင်းပမ်းနှိပ်စက်မှု၊ အတင်းအကျပ်ပြောင်းရွှေ့မှုတွေ အပါအ၀င် ရိုဟင်ဂျာတွေအပေါ်မှာ ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေ အခိုင်အမာ ရှိနေကြောင်းနဲ့ ဒါတွေကို အမြန်ဆုံးအဆုံးသတ်ဖို့ မြန်မာနိုင်ငံဆိုင်...

မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သွားရောက်ဆွေးနွေးမည် 27 September 2017

 05:48(+0630) (လွန်ခဲ့သော 3 နာရီ ခန့်က) ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံဘက်ကို လူတွေအမြောက်အများ ထွက်ပြေးခိုလှုံတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သံတမန်နည်းလမ်းတွေအရ ပြောဆိုဆွေးနွေး အဖြေရှာနိုင်ဖို့ကြိုးပမ်းတဲ့အနေနဲ့ မြန်မာနိုင်ငံကအဖွဲ့တခု နောက်တပတ်ထဲမှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံကိုရောက်လာမယ်လို့ မနေ့ကထုတ်ပြန်တဲ့ AFPသတင်းမှာဖေါ်ပြထားပါတယ်။ နောက်သတင်းပတ်စောစောပိုင်းမှာ မြန်မာအဖွဲ့ရောက်လာမယ့်အကြောင်း ဘင်္ဂလားဒေ့ခ်ျနိုင်ငံခြားရေးဝန်ကြီး Shahidul Haque ရဲ့ မနေ့ကပြောဆိုချက်ကိုကိုးကားပြီး AFP သတင်းမှာဖေါ်ပြထားတာပါ။ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေခေါင်းဆောင်ပါဝင်မယ့်အဖွဲ့ဖြစ်လိမ့်မယ်လို့မျှော်လင့်ရတဲ့အကြောင်း ဘင်္ဂလား ဒေ့ခ်ျနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိတဦးက ပြောတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်အတွင်းက အခု နောက်ဆုံးဖြစ်ခဲ့တဲ့ အကြမ်းဘက်မှုတွေ မတိုင်ခင် စောစောပိုင်းတုန်းကလည်း ၀န်းကြီးဦးကျော်တင့်ဆွေနဲ့ဆွေးနွေးပြော ဆိုဖို့ ဘင်္ဂလားဒေ့ခ်ျဘက်ကဖိတ်ခေါ်ခဲ့ဖူးပါတယ်။ မြန်မာအဖွဲ့တခု ဘင်္ဂလားဒေ့ခ်ျကိုလာမယ်ဆိုတဲ့သတင်းကတော့ သြဂုတ်လ...

ကရင်ပြည်နယ်က မွတ်ဆလင်တွေ ခရီးသွားရင် ခွင့်ပြုချက်ယူရမယ် 27 September 2017

 05:49(+0630) (လွန်ခဲ့သော 3 နာရီ ခန့်က) ကရင်ပြည်နယ်တွင်းက မွတ်ဆလင်တွေ ခရီးသွားလာခွင့် ကန့်သတ်ချက်တွေ ပြည်နယ် အစိုးရထုတ်ပြန် ကရင်ပြည်နယ်က မွတ်ဆလင်တွေ ခရီးသွားလာ တဲ့အခါ အာဏာပိုင်တွေကို အကြောင်းကြားပြီးမှ သွားလာဖို့ ပြည်နယ် အစိုးရက ညွှန်ကြား ထားပါတယ်။ အခု စက်တင်ဘာ ၁၈ ရက်နေ့ကနေ စတင် ကန့်သတ်လိုက်တာဖြစ်ပါတယ်။ ပြည်နယ် အစိုးရကတော့ ဒါဟာ သူတို့ ပြည်နယ်တွေမှာ နေထိုင်တဲ့ အစ္စလာမ် ဘာသာဝင်တွေကို အကာအကွယ်ပေးဖို့နဲ့ တခြားနေရာတွေ ကနေ ဝင်လာမယ့် အဖျက်အမှောင့် လုပ်လိုသူ တွေရဲ့ ရန်ကို ကာကွယ်ဖို့ ဖြစ်တယ်လို့ ကရင်ပြည်နယ် က မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဖြစ်တဲ့ ပြည်နယ် သာသနာရေး တာဝန်ခံ ဦးမင်းတင်ဝင်းက ပြောပါတယ်။ မြို့နယ်အတွင်း ခရီး သွားလာမယ့် သူတွေ အနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး တွေရဲ့ ထောက်ခံချက် ရယူရမှာဖြစ်ပြီး မြို့နယ် ကျော် ပြီးသွားမယ်ဆိုရင် မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်ကို ရယူရမှာ ဖြစ်ပါတယ်။ ပြည်နယ်ကိုပါ ကျော်သွားမယ်ဆိုရင်တော့ ခရိုင် သို့မဟုတ် ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာ ရယူကြရမှာ ဖြစ်ပါတယ်။ ကရင်ပြည်နယ် ပြင်ပကနေ ဝင်ရောက်လာတဲ့ အစ္စလာမ်...