ဗကသများအဖွဲ့ချုပ်က မပိုပိုနဲ့ မေးမြန်းချက် ဒီမိုကရေစီပညာရေး တောင်းဆိုလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံနေရတဲ့ ဗကသ ကျောင်းသားခေါင်းဆောင်တွေကို ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် တရားရုံးမှာ ဒီနေ့ရုံးထုတ်ခဲ့ပြီး၊ ပုဒ်မ (၁၈) တစ်ခုထပ်တိုးလိုက်သလို၊ သပိတ်ကာလက ရန်ကုန်တက္ကသိုလ်ဂိတ် တံခါးကျော်ဝင်ခဲ့တဲ့ ကိစ္စကိုလည်း တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကို၊ ဒု-ဥက္ကဌ ကိုလင်းထက်နိုင်၊ ဗဟိုလုပ်ငန်းကော်မတီဝင် ကိုနန္ဒာစစ်အောင်၊ အရှေ့ပိုင်းခရိုင်က မပိုပိုနဲ့ သူတို့ကို ကူညီသူ