စက်တင်ဘာ ၂၄ မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်ရေး နှစ်စဉ်လိုငွေ ပြနေ မှုဟာ ဗဟို ဘဏ်ရဲ့ နိုင်ငံခြား အရန် ငွေကြေးကို လျော့နည်း စေတာ ကြောင့် မြန်မာ ကျပ်ငွေ တန်ဖိုး ကျဆင်း စေနိုင်ကြောင်း စီးပွားရေး မူဝါဒရေးရာ ကျွမ်း ကျင်သူ ဒေါက်တာ အောင်ကိုကိုက ပြောပါ တယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ကုန်သွယ်မှု ပမာဏဟာ အခု ၂၀၁၃-၁၄ ဘဏ္ဍာနှစ်ရဲ့ ပထမလေးလပတ် ကာလအထိ အမေရိကန်ဒေါ်လာ ၇၀၈၀ သန်း ရရှိထားတဲ့အနက် ပို့ကုန်တင်ပို့မှုက ကန်ဒေါ်လာ ၃၁၆၁ သန်းနဲ့ သွင်းကုန်တင်သွင်းမှုက ကန်ဒေါ်လာ ၃၉၁၉ သန်းရှိလို့ ကုန်သွယ်မှုလိုငွေက ကန်ဒေါ်လာ ၇၅၈ သန်းရှိတယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရတာပါ။