အမေရိကန် စစ်လေယာဉ်များထက် အဆမတန် အစွမ်းထက်သည့် ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်း ********************************* သောကြာနေ့က ပြုလုပ်သော အဖွဲ့ဝင် ၁၉၃ ဦး ပါဝင်သည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တွင် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဖြစ်သူ သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ မိမိသည် တရားဝင် ရွေးချယ် တင်မြှောက် ခံထားရသော ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဖြစ်ကြောင်း အစချီကာ စစ်အာဏာသိမ်းမှုသည် ပြည်သူများ၏ ဆန္ဒကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်း ဖြစ်သဖြင့် နိုင်ငံတကာ အသိုက်အဝန်းမှနေ၍ “အပြင်းထန်ဆုံး အရေးယူ ပေးပါရန်” ပန်ကြားသွားခဲ့သည်။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းသည် အာဏာသိမ်း အဖွဲ့တွင် မဆိုသလောက်သာ ကျန်ရှိနေသေးသည့် တရားဝင် ဖြစ်တည်မှုကို အပြီးအပိုင် ဖြိုလှဲလိုက်ခြင်းပင် ဖြစ်သည့်အပြင် CRPH သည် ကုလ သမဂ္ဂ စင်မြင့်ကို သိမ်းပိုက်နိုင်လိုက်ခြင်း ဖြစ်သည်။ စစ်အာဏာသိမ်း အဖွဲ့မှ ထပ်မံစေလွှတ်မည့် ကိုယ်စားလှယ် ခန့်အပ် လွှာကို ကုလ အတွင်းရေးမှူးချုပ်မှ အထွေထွေညီလာခံ လုပ်ထုံးလုပ်နည်း အပိုဒ် (၂၇) အရ ကြိမ်းသေပေါက် ပယ်ချမည်လည်း ဖြစ်သ