29 July 2019 ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)မှ ဒုဥက္ကဌ စိုင်းညွန့် လွင် / ဧရာဝတီ Want create site? Find Free WordPress Themes and plugins. မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၇၀) ကျော်ကြာ ဖြစ်ပွားလာခဲ့သော ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ညီလာခံမှာ ဆွေးနွေး အဖြေရှာနေကြသည်။ သို့သော်လည်း တိုက်ပွဲများက ဆက်လက် ဖြစ်ပွားနေသေးသည်။ ထိုတိုက်ပွဲများကြောင့် ၂၀၂၀ ရွေးကောက်ပွဲ ကာလ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ ဖြစ်ပေါ်ရေးနှင့် တိုင်းဒေသကြီး/ပြည်နယ် မဲဆန္ဒနယ် အားလုံး ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အနှောင့်အယှက်ဖြစ်မည်ကိုလည်း စိုးရိမ်နေကြရသည်။ ထို့အပြင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှုတွင် မြန်မာနိုင်ငံအတွင်းရှိ လူမျိုးများ အားလုံးသည် ဗမာတိုင်းရင်းသားကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုမှု အားနည်းနေခြင်းနှင့် ဗမာ တိုင်းရင်းသားများ၏ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေး ဆန္ဒများကို ပါဝင်လာရေး တွန်းအားပေးမှု နည်းပါနေခြင်းကလည်း ပြဿနာ တခု ဖြစ်နေဟု အခြားတိုင်းရင်းသားများဘက်က ယ...