Skip to main content

Posts

ဖမ်းဆီးခံ ကျောင်း သားခေါင်းဆောင်တွေကို ပုဒ်မတွေထပ်တိုး

ဗကသများအဖွဲ့ချုပ်က မပိုပိုနဲ့ မေးမြန်းချက် ဒီမိုကရေစီပညာရေး တောင်းဆိုလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံနေရတဲ့ ဗကသ ကျောင်းသားခေါင်းဆောင်တွေကို ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် တရားရုံးမှာ ဒီနေ့ရုံးထုတ်ခဲ့ပြီး၊  ပုဒ်မ (၁၈) တစ်ခုထပ်တိုးလိုက်သလို၊ သပိတ်ကာလက ရန်ကုန်တက္ကသိုလ်ဂိတ် တံခါးကျော်ဝင်ခဲ့တဲ့ ကိစ္စကိုလည်း တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကို၊ ဒု-ဥက္ကဌ ကိုလင်းထက်နိုင်၊ ဗဟိုလုပ်ငန်းကော်မတီဝင် ကိုနန္ဒာစစ်အောင်၊ အရှေ့ပိုင်းခရိုင်က မပိုပိုနဲ့ သူတို့ကို ကူညီသူ

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ တကာသံတမန် ၆ဝ ကျော် နဲ့ တွေ့ဆုံဆွေးနွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာသံတမန် ကိုယ်စားလှယ် ၆၁ ဦးနဲ့ ဒီကနေ့ နေပြည်တော်က တရားဥပဒေစိုးမိုးရေးရုံးမှာ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ အမေရိကန်သံအမတ်ကြီး Derek Mitchell ၊ ဗြိတိန်သံအမတ်ကြီး Andrew Patrick ၊ တရုတ်သံအမတ်ကြီး Hong Liang တို့လည်း တက်ရောက်ခဲ့ပါတယ်။ အမေရိကန်နဲ့ ဗြိတိန်သံအမတ်ကြီးတွေကို ဘာတွေ ဆွေးနွေးဖြစ်သလဲမေးမြန်းရာမှာ ဆွေးနွေးပွဲဟာ ကောင်းမွန်ကြောင်းသာပြောပြီး မှတ်ချက်ပြုဖြေဆိုဖို့ ငြင်းဆန်ပါတယ်။ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ တရားဥပဒေစိုးမိုးရေးနဲ့

“ကျမတို့ကို ခိုင်းနွားတကောင်လို ခိုင်းပါ”

ရွေးကောက်ပွဲ မဲဆွယ်ကာလက ကယားပြည်နယ်၊ ရှားတောမြို့နယ် မြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့နယ်အတွင်းက ကျေးရွာတွေမှာ ၆ လသား အရွယ်ကိုယ်ဝန်ကို လွယ်ထားပြီး တရွာဝင်တရွာထွက် တအိမ်တက်ဆင်း မဲဆွယ်ခဲ့တဲ့ ပြည်သူ့ လွှတ်တော် အမတ်လောင်းတဦးဟာ နိုဝင်ဘာလ ၈ ရက်နေ့က ပြိုင်ဘက်ပါတီတွေအပေါ် ဆန္ဒမဲအပြတ်အသတ်နဲ့ အနိုင်ရရှိသွားပါတယ်။ ကယားပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ တရားဝင် အတည်ပြုထုတ်ပြန်ချက်အရ ရှားတောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ကိုယ်စားလှယ် ဒေါ်နန်းနွံ့ကို ၁၅၇၅ မဲ၊ ၇၅၄ နဲ့ မဲအပြတ်အသတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

မဲဆန္ဒရှင် ပြည်သူတွေကို မစော်ကားပါနဲ့

ရွေးကောက်ပွဲအပြီး ရလဒ်တွေထွက်ပေါ်လာချိန်မှာတော့ နိုင်သူတွေပျော်ခဲ့ကြပြီး ရှုံးသူတွေ ၀မ်းပမ်းတနည်း ဖြစ်ကုန်ကြရ ပါတယ်။ ရွေးကောက်ပွဲရလဒ်ကလည်း နိုင်ငံရေးလေ့လာသူတွေ မြန်မာ့အရေးကျွမ်းကျင်သူတွေ လူမှုစီးပွားပညာရှင်တွေ စတဲ့ ပရောဟိတ်တွေရဲ့ဟောကိန်းတွေလည်း တက်တက်စင်အောင်လွဲခဲ့ရတယ်။ အတိုက်အခံအဖြစ် တလျှောက်လုံးရပ်တည်ခဲ့တဲ့ NLD ပါတီက ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်တွေရဲ့၈၀ ရာခိုင်နှုန်း ၀န်း ကျင်အထိ အနိုင်ရခဲ့သလို လက်ရှိအာဏာရပါတီ USDP ကလည်း တနိုင်ငံလုံးမှာ အမတ်နေရာအများဆုံးဝင်ပြိုင်ခဲ့ပြီး အမတ်နေရာ ၄၀လောက်သာ ရရှိခဲ့တယ်။ အနိုင်ရပါတီ NLD ကိုယ်တိုင်လည်း တောင်ပြိုကမ်းပြိုနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ မှာ မဟုတ်သလို အာဏာရပါတီ

ရွေးကောက်ပွဲအလွန်အခြေအနေများ

သံတမန်များ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေး နေပြည်တော်၊ နိုဝင်ဘာ ၁၉ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းဆုကြည်မှ မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံခြား သံရုံးများမှ သံတမန် ၅၅ဦး နှင့် နိုဝင်ဘာ ၁၉ရက် ညနေ ၃နာရီက နေပြည်တော် လွှတ်တော်ဝန်းရှိ တရားဥပဒေစိုမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီရေးရာ အဆောင်အတွင်း အချိန်(၂)နာရီခွဲခန့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းသို့တွေ့ဆုံရာတွင်

အရေးကြီးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီမှုရခဲ့ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့ ပူးတွဲကြေငြာ

နေပြည်တော်၊ နိုဝင်ဘာ ၁၉ ။ ။ ရွေးကောက်ပွဲရလဒ်များအရ အစိုးရဖွဲ့ခွင့်ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့ နိုဝင်ဘာ ၁၉ရက် နံနက်က လွှတ်တော်ဝင်းအတွင်း နှစ်နာရီနီးပါးကြာ တွေ့ဆုံမှုတွင် သဘောတူညီမှုရခဲ့သည့် အချက်များကို နှစ်ဖက် ပူးတွဲကြေငြာလိုက်သည်။ အချက်(၅)ချက် ပါဝင်သည့် ပူးတွဲကြေငြာချက်တွင် လွှတ်တော်ဆိုင်ရာကိစ္စများအပြင် အခြားအရေးကြီးသော လုပ်ငန်းတာဝန်များအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကာ အစဉ်အလာကောင်းများ ချမှတ်နိုင်ရန်၊ လွှတ်တော်များကို ဥပဒေနှင့်အညီခေါ်ယူရေး ပူးပေါင်းဆောင်ရွက်ကြရန် စသဖြင့် ပါဝင်သည်။

အမေရိကန်ဗလီများကို ပိတ်ပစ်ရန်မှတပါး ရွေးချယ်စရာမရှိဟု ရီပတ်ဘလီကင်သမ္မတလောင်း ဒေါ်နယ် ထရန့်ပြော

ဝါရှင်တန်၊ နိုဝင်ဘာ-၁၉ ။ ။ လွန်ခဲ့သည့်ရက်သတ္တပတ်က ပါရီတိုက်ခိုက်မှုများအပြီးတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဆိုးရွားသည့်အခြင်းရာများ ဖြစ်ပွားပေါ်ပေါက်နေရာ ဗလီအချို့ကို ပိတ်ပစ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိကြောင်း ရီပတ်ဘလီကင် သမ္မတလောင်း ဒေါ်နယ် ထရန့်က ပြောကြားခဲ့သည်။ ‘ဘာသာရေးအဖွဲ့အစည်းတွေကို ဘယ်သူကမှ ပိတ်မပစ်ချင်ဘူး။ ဒါပေမယ့်လည်း ကျနော်တို့မှာ ရွေးချယ်စရာမရှိတော့ဘူးဆိုတာ လူတော်တော်များများက နားလည်ကြပါတယ်’ဟု ထရန့်က အင်္ဂါနေ့ညက Fox Newsသို့ ပြောကြားခဲ့သည်။ ‘တကယ်ကို

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံဆွေးနွေးဖို့ အပစ်ရပ် ၈ ဖွဲ့ ဆုံးဖြတ်

အသံဖိုင် နားထောင်ရန်နဲ့ ရယူရန် ပဒိုစောကွယ်ထူးဝင်းကို နိုဝင်ဘာလ ၁၇ ရက်နေ့က နေပြည်တော် Horizon Lake View ဟိုတယ်မှာ တွေ့ရစဉ် အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးကိစ္စတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေတွေ့ဖို့ ဆုံးဖြတ်ထားတယ်လို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုကော်မတီဝင် ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

အာဆီယံ၏ မျှော်လင့်ချက် ဖြစ်လာသော မြန်မာ့ဒီမိုကရေစီ ခရီး

ဒီချုပ်ပါတီ ရွေးကောက်ပွဲတွင် အနိုင်ရရှိ၍ ပျော်ရွှင်အောင်ပွဲခံနေသော ပြည်သူအချို့ ဓာတ်ပုံ−ရဲအောင်သူ/အေအက်ဖ်ပီ  ‘‘ဘာကြောင့် မြန်မာပြည်သူတွေက ဒါကို လုပ်နိုင်ပြီး ဗီယက်နမ်ပြည်သူတွေက မလုပ်နိုင်တာ လဲ’’ ဗီယက်နမ်ပြည်သူ သန်း ၉၀ ယခုစဉ်းစားဆင်ခြင်နေကြသည့် မေးခွန်းတစ်ခုဖြစ်သည်။ မြန်မာ့ ရွေးကောက်ပွဲသည် ဒေသတွင်း အိမ်နီးချင်းနိုင်ငံရှိ လူများအပေါ် သို့ စိတ်ဓာတ်ရေးရာ သက်ရောက်မှုကြီး တစ်ခုဖြစ်စေခဲ့ပါပြီ။ အ တိုက်အခံဒီမိုကရေစီခေါင်းဆောင် အနိုင်ရသည့် ရွေးကောက်ပွဲကြီးကို မြန်မာက

ရွေးကောက်ပွဲအပြီး ပျောက်ကွယ်သွားသော ရှားတော ‘ပရဟိတ’ဆေးခန်း

ရှားတောဆိုသည့်အမည်က ပြီးခဲ့သည့် လပိုင်း မတိုင်မီထိ ကျွန်တော့်အတွက် ရင်းရင်းနှီးနှီး သိပ်မရှိလှ။ သြဂုတ်အစောပိုင်းတုန်းက သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတစ်ယောက် ရှားတောတွင်ရွေးကောက်ပွဲဝင်မည်ဟု ကြေညာခဲ့ရာမှ ရှားတောကို စ၍ စိတ်ဝင်စားခဲ့သည်။ အင်တာနက်ပေါ်လှန်လှော ရှာပြန်တော့လည်း သတင်းအ ချက်အလက်များများ မရခဲ့။ အွန်လိုင်းစွယ်စုံကျမ်းဝီကီပီးဒီးယားတွင်မူ ‘‘ရှားတောမြို့သည် ကယားပြည်နယ်အတွင်းမှ မြို့ဖြစ်ပြီးမြန်မာပြည်အရှေ့ပိုင်းတွင် တည်ရှိ သည်’’ဟု ခပ်တိုတို ရေးထား သည့် စာတစ်ကြောင်းသာ တွေ့ရ သည်။ သို့ဖြင့် ရွေးကောက်ပွဲအပြီး နှစ်ရက်အကြာ နိုဝင်ဘာ ၁၀ ရက်တွင် မိတ်ဆွေအချို့၏အကူ အညီဖြင့် အခြားသတင်းသမား များနှင့်အတူ ရှားတောသို့ သွားရန် အခွင့်အရေးတစ်ခုရခဲ့သည်။