Skip to main content

Posts

ပြည်ပကုန်သွယ်ရေး လိုငွေပြမှု မြန်မာငွေတန်ဖိုး ကျဆင်းနိုင်

စက်တင်ဘာ ၂၄ မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်ရေး နှစ်စဉ်လိုငွေ ပြနေ မှုဟာ ဗဟို ဘဏ်ရဲ့ နိုင်ငံခြား အရန် ငွေကြေးကို လျော့နည်း စေတာ ကြောင့် မြန်မာ ကျပ်ငွေ တန်ဖိုး ကျဆင်း စေနိုင်ကြောင်း စီးပွားရေး မူဝါဒရေးရာ ကျွမ်း ကျင်သူ ဒေါက်တာ အောင်ကိုကိုက ပြောပါ တယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ကုန်သွယ်မှု ပမာဏဟာ အခု ၂၀၁၃-၁၄ ဘဏ္ဍာနှစ်ရဲ့ ပထမလေးလပတ် ကာလအထိ အမေရိကန်ဒေါ်လာ ၇၀၈၀ သန်း ရရှိထားတဲ့အနက် ပို့ကုန်တင်ပို့မှုက ကန်ဒေါ်လာ ၃၁၆၁ သန်းနဲ့ သွင်းကုန်တင်သွင်းမှုက ကန်ဒေါ်လာ ၃၉၁၉ သန်းရှိလို့ ကုန်သွယ်မှုလိုငွေက ကန်ဒေါ်လာ ၇၅၈ သန်းရှိတယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရတာပါ။

ကျောင်းသက်သာချောင်ချိရေး ဆိုင်ခန်း ၅ ထောင်ခန့် ဖျက်သိမ်းရန် အမိန့်ထုတ်

စက်တင်ဘာ ၂၄ ရန်ကုန်တိုင်း အတွင်းက မြို့နယ်ပေါင်း ၁၂ မြို့နယ်အတွင်းရှိ ကျောင်းပေါင်း ၄၁ ကျောင်း က ကျောင်းသက်သာ ချောင်ချိရေး ဆိုင်ခန်း ၄၇၂၂ ခန်းကို လာမယ့် အောက်တိုဘာ ၃၁ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းရမယ်လို့ အမှတ် ၃ အခြေခံ ပညာ ဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံ ကုလကျင်းပ

စက်တင်ဘာ ၂၄ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားနဲ့ တခြားကမ္ဘာ့ခေါင်းဆောင်တွေဟာ ကမ္ဘာကြီးကို ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှု အန္တရာယ်ကနေ ကာကွယ်မှုပေးရေးအတွက် လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ကမ္ဘာအပေါ်မှာ ဒုတိယ လေထုညစ်ညမ်းမှု အများဆုံး ပြုလုပ်တဲ့ နိုင်ငံဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုအနေနဲ့ ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအပေါ် တာဝန်ယူသွားမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံမှာ မစ္စတာ အိုဘားမားက ပြောဆိုလိုက်ပါတယ်။

ကန် မြန်မာ စီးပွားရေးရာ ဆွေးနွေးပွဲစတင်

စက်တင်ဘာ ၂၄ အာရှတိုက်ရဲ့ နောက်ဆုံးစီးပွားရေး ရှေ့တန်းစခန်း “Myanmar: Asia’s Last Frontier” အမည်နဲ့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်း နယ်ပယ်တွေမှာ အမေရိကန်လုပ်ငန်းရှင်တွေ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဆွေးနွေးဖလှယ်ကြတဲ့ ပွဲတပွဲကို စက်တင်ဘာလ ၂၄ ရက်နေ့မှာ နယူးယောက်မြို့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။

ထောင်ချခံရသည့် လယ်သမား ၃၀၀ ကျော်ရှိ

စက်တင်ဘာ ၂၄   မြန်မာနိုင်ငံမှာ သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေ ပြန်ရဖို့ နည်းပေါင်းစုံနဲ့ ကြိုးစားရင်း တရားစွဲ ထောင်ချခံရတဲ့ တောင်သူလယ်သမား အယောက် ၃၀၀ ကျော်ရှိနေပြီလို့ အန်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော်အမတ် ဦးမင်းသူက ပြောပါတယ်။

အိန္ဒိယ ဂြိုဟ်တု အင်္ဂါဂြိုဟ်ကို ပတ်နိုင်ပြီ

 စက်တင်ဘာ ၂၄   အင်္ဂါဂြိုဟ်ကို လေ့လာဖို့ အိန္ဒိယ နိုင်ငံက ပို့လွှတ်လိုက်တဲ့ ဂြိုဟ်တုဟာ အခုအခါ အင်္ဂါဂြိုလ်ကို အောင်အောင် မြင်မြင် လှည့်ပတ် သွားနိုင်ပြီ ဖြစ်လို့ အခုလို လွှတ်တင် နိုင်တဲ့ ၄ ခုမြောက် နိုင်ငံ အဖြစ် စာရင်း ဝင်သွားပါတယ်။ Mangalyaan လို့ အမည်ပေးထားတဲ့ အဲဒီ ဂြိုဟ်တုဟာ အင်္ဂါဂြိုဟ်ကို ရောက်ရှိသွားတဲ့ အိန္ဒိယရဲ့ ပထမဆုံး အာကာသယာဉ် ဖြစ်ပြီး ကုန်ကျငွေ ဒေါ်လာ ၇၅ သန်းလောက်နဲ့ ဈေး အသက်သာဆုံး လွှတ်တင် နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

သူရဦးရွှေမန်း သမ္မတဖြစ်ရေး ထောက်ခံမယ်ဆိုတဲ့သတင်း မမှန်ကြောင်း NLD ပြော

စက်တင်ဘာ ၂၄    ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် ရွေးကောက်ခံခွင့် တားမြစ်ခံရမယ်ဆိုရင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို သမ္မတအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထောက်ခံသွားမယ်ဆိုတာဟာ သတင်းမှားဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။

ဂျာမန်နိုင်ငံက ဗလီနဲ့ နေအိမ်တချို့ကို ရဲတွေဝင်စီး

စက်တင်ဘာ ၂၄ ဂျာမနီနိုင်ငံရဲတွေက ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့ကို ​ထောက်ခံသူလို့ ​သံသယရှိသူတွေရဲ့ ​နေအိမ် ​၇ ​လုံးကို ​ဝင်ရောက် ​စီးနှင်းမှု ​လုပ်ခဲ့သလို ​ဗလီကျောင်းဆောင်တစ်ခုနဲ့ ​အစ္စလာမ်မစ် ​စင်တာတစ်ခုကိုလည်း ​ဝင်ရောက် ​စီးနှင်းမှု ​လုပ်ခဲ့ပါတယ်။ အဲဒီလူတွေဟာ ​အကြမ်းဖက်မှု ​လုပ်တော့မယ့်အတွက် ​လက်ဦးမှု ​ရယူတဲ့အနေနဲ့ ​ကြိုတင်တားဆီးမှု ​လုပ်တာလို့ ​ရဲတွေက ​ပြောပါတယ်။

သြစီရဲတွေ ​အကြမ်းဖက်လို့ သံသယရှိသူ ​တစ်ဦးကို ​ပစ်သတ်

စက်တင်ဘာ ၂၄   အေဘီစီ ​​ရေဒီယို ​​သြစတြေးလျရှိရာ ​​မဲလ်ဘုန်းမြို့အတွင်း ​​အကြမ်းဖက်မှု ​​တိုက်ဖျက်ရေးရဲတွေက ​​မနေ့တုန်းကပဲ ​အကြမ်းဖက်သမားလို့ ​ယူဆရသူ ​​လူငယ်တစ်ယောက်ကို ​​သေနတ်နဲ့ ​​ပစ်သတ်လိုက်ပါတယ်။ မဲလ်ဘုန်းမြို့ ​​အရှေ့တောင်ပိုင်းက ​​အသက် ​​၁၈ ​​နှစ်အရွယ် ​​အမျိုးသားဟာ ​​ဝန်ကြီးချုပ်ကို ​​သတ်ပစ်မယ်လို့ ​​ပြောဆိုဖူးသူ ​​ဖြစ်သလို ​​ရဲတွေရဲ့ ​​စောင့်ကြည့်မှုကို ​​ခံနေရသူလည်း ​​ဖြစ်ပါတယ်။

Al-Qaeda ရန်ကြောင့် ရွှေတိဂုံလို နေရာမှာ လုံခြုံရေးတိုးချဲ့

စက်တင်ဘာ ၂၄ မြန်မာနိုင်ငံမှာ ​Al-Qaeda ​အဖွဲ့ရဲ့ ​အကြမ်းဖက်မှု ​ခံရနိုင်တဲ့အတွက် ​ရန်ကုန်မြို့နဲ့ ​အနီးတဝိုက်မှာ ​လုံခြုံရေး ​တိုးချဲ့ချထားကြောင်း ​သိရပါတယ်။ အထူးသဖြင့် ​ရွှေတိဂုံလို ​အထင်ကရ ​ဘာသာရေး ​အဆောက်အဦးတွေမှာ ​လုံခြုံရေး ​တင်းကြပ်ထားကြောင်း ​ရန်ကုန်တိုင်းနယ်စပ်ရေးရာနဲ့ ​လုံခြုံရေးဝန်ကြီးဌာနက ​ပြောပါတယ်။ ကင်းလှည့်မှုတွေ ​ပိုမိုလုပ်ဆောင်ထားသလို၊ ​အဝင်အဝတွေမှာလည်း ​စစ်ဆေးမှုတွေ ​လုပ်နေပြီး ​CCTV ​ကင်မရာကနေတဆင့် ​ခါတိုင်းထက် ​ပုံမှန် ​ကြည့်ရှု ​စစ်ဆေးမှုတွေ ​လုပ်ထားတယ်လို့ ​ဆိုပါတယ်။